Friday, August 31, 2007

ဘာစားမလဲ

Q: Anata(wa)/~san nani ni simasu ka. (* Anata ကသိပ်တော့မယဉ်ကျေးဘူး)
ဘာသုံးဆောင်မလဲ?
A: Watashi (wa) koohi ni simasu/desu.
ကျနော်/ကျမ ကော်ဖီသောက်ပါမယ်။
B: Watashi mo onazi desu.
ကျနော်/ကျမ လည်းသူနဲ့အတူတူပါဘဲ။ သူ့လိုပါဘဲ။


koohi -ကော်ဖီ
kootya - လ္ဘက်ရည်
yaki soba -ခေါက်ဆွဲကြော်
yaki mesi(tyahan) - ထမင်းကြော်
yaki tori - ကြက်ကြော်
yaki zakana - ငါးကြော်/ငါးကင်
yaki bihun -ကြာဇံကြော်
kare raisu - ထမင်း+ဟင်း

Thursday, August 30, 2007

ရင်ကွဲသံစဉ်

အိပ်မက်တွေပျောက်
ရင်ခုန်သံတွေ တပ်ခေါက်
ခံစားချက်တွေတစ်စစီ ပြန်ကောက်ပြီး
မင်းဘ၀ထဲက ငါထွက်သွားပါတော့မယ်..

မင်းအတွက်...
ငါ့ခံစားချက်တွေ စွန့်လွှတ်လိုက်ရပါစေ
မင်းအတွက်...
ငါ့သိက္ခာတွေ အနစ်နာခံလိုက်ရပါစေ
မင်းအတွက်...
ငါ့အချစ်တွေ ပေးဆပ်လိုက်ရပါစေ
မင်းအတွက်...
ငါ့နှလုံးသားကိုပါ စတေးလိုက်ရပါစေ
ငါကျေနပ်တယ်...

Wednesday, August 29, 2007

ခံနိုင်ရည်

ငရုတ်သီးကြိုက်တဲ့သူဟာ
ပူစပ်မှုဒဏ်ကိုခံနိုင်ရမယ်॥

သံပုရာသီးကြိုက်တဲ့သူဟာ
ချဉ်တဲ့အရသာကိုခံနိုင်ရမယ်॥

ကြက်ဟင်းခါးသီးကြိုက်တဲ့သူဟာ
ခါးတဲ့အရသာကိုခံနိုင်ရမယ်॥

ချောကလက်ကြိုက်တဲ့သူဟာ
ချိုတဲ့အရသာကိုခံနိုင်ရမယ်။

ဖန်ခါးသီးကြိုက်တဲ့သူဟာ
ဖန်တဲ့အရသာကိုခံနိုင်ရမယ်။

ဒီသဘောပါဘဲ..

ချစ်တတ်တဲ့သူဟာ
(အဲ ! ဘာဆက်ရေးရမှန်းမသိတော့ဘူး)

မှတ်ချက်(ပေါက်တတ်ကရလေးရေးလိုက်တာပါ)

အမှတ်တရဆောင်းရာသီ


Title လေးဒီလိုပေးလိုက်ပါတယ်..
နွေ၊ မိုး ၊ ဆောင်း သုံးရာသီ တွင် ဆဂိ အနှစ်သက်ဆုံး ရာသီသည် ဆောင်းရာသီဖြစ်ပါသည်။
ငယ်ငယ်က ဆောင်း အကြောင်းပြောရမယ်ဆိုရင်တော့ဖြင့်...
မနက်အိပ်ယာထလျှင် စောင်(ဂွမ်းကပ်ဟုခေါ်ကြသည်)ထဲကမထွက်ချင်ပါ။ စောင်ခေါင်းမြီးခြုံမအိပ်တတ်ပါသဖြင့် ပါးကလေးများ အမြဲလိုလိုအေးနေတတ်၏။
အိပ်ယာထဲမှ မထချင်ပေမယ့် ကျောင်းတက်ရမည့် တာဝန် ကရှိနေပါသောကြောင့် ထခဲ့ရပါသည်။
ခပ်ချောချော ပုတက်တက် ကောင်မလေး ယူဆဂိ သည် အနွေးထည်တွေအထပ်ထပ်ဝတ်ထားသည့် အတွက် ၀တုတ်တုတ်လေးလို့ထင်ရလောက်သပေါ့-
မနက်စောစော ကျောင်းသွားတော့မည်ဆိုပါလျှင် ည၀တ်အိပ်ထားတဲ့ည၀တ်အကျီကို လဲရမှာ အန်မတင်ကြောက်ခဲ့ရပါသည်။ ချမ်းတာကိုး..အရမ်းချမ်းတာ။
သိုးမွေး ဆွယ်တာ ၊ သကလပ်အကျီ(သို့တည်းမဟုတ်) သားမွေးအကျီ အထပ်ထပ်ဝတ်ထားသော ကျောင်းသူလေးသည် ကျောင်းဝတ်စုံအဖြူပင်မမြင်ရပေတကား.
(တခါတလေ တကယ် ကျောင်းဖြူမ၀တ်သွားဘူး.. ချမ်းလို့...ရှုးတိုးတိုး ဆရာမကိုမတိုင်နဲ့နော်.)
လက်အိတ်၊ ခြေအိတ်၊ သိုးမွေးဦးထုပ် စသည့် ချပ်ဝတ်တန်ဆာများဝတ်ဆင်ပြီးသကာလ ကျောင်းတက်ခဲ့ရသည့်ဘ၀လေးကို သတိရမိပါသည်။
ကျောင်းရောက်လျှင် လက်အိပ်နှင့်စာရေးရသည်မှာ အဆင်မချောပါသောကြောင့် မချွတ်ချင်ပေမယ့် ချွတ်ရပါသည်။
စာမရေးမီ လက်နှစ်ဖက်ကို ပူလာအောင် ပွတ်ရပါသည်။ သူငယ်ချင်းအချင်းချင်း လက်အေးကြီးနှင့်လိုက်ကပ်ခဲ့ကြသည်။
လက်တွေထုံခဲနေပါသဖြင့် အလွန်လှပသောလက်ရေးများ သည် မနက်စောစောပိုင်းအချိန်များတွင် ပဲပင်ပေါက်လမ်းကြိတ်စက်တက်နင်းခံထားရသကဲ့သို့ တွန့်လိမ်ကောက်ကွေးနှေးကွေးရပါသည်...
၉ နာရီ ၁၀ နာရီလောက်တွင်ဖြင့် နေရောင်အရှိန်ဖြင့် ပူနွေးခြင်းစတင်လာပါသည်။ ထိုအချိန်တွင် ၀တ်ထားသောအနွေးထည် အချို့ ချွတ်၍ရပါပြီ။
ဆောင်းတွင်းအခါသမယတွင် တိမ်ကင်းစင်ပြီး ပြာလွင်နေတတ်သော ကောင်းကင်ကြီးကို ခဏခဏမော့ကြည့်ရခြင်းအားအလွန်နှစ်သက်ပါသည်...
မနက်ခင်းစောစော နှင့် ညနေစောင်းတွင် ဖိုထားလေ့ရှိသော မီးလင်းဖို လေးကိုလည်းအမှတ်ရမိသည်။
မိသားစု မီးလင်းဖို လေးတွင်စုထိုင်ကာ လက်တစ်စုံ စီသည်မီးဖို ဆီသို့ တိုးဝှေ့ ကာ အနွေးဓါတ်ကို ယူခဲ့ကြဖူးသည်။ ဒါကို မီးလှုံ တယ်လို့ခေါ်ပါသည်။
ကော်ဖီဆိုတာကို ထိုအချိန်ကတည်းက မီးလင်းဖိုဘေးတွင် သောက်တတ်ခဲ့ရင်း စွဲသွားခဲ့သည်ထင်ပါသည်။
ငယ်ငယ်က စားခဲ့ရသော ပေါက်ဆီကြော်ကို မဆီမဆိုင်သတိရမိသဖြင့် အမှတ်တရ ထည့်ရေးလိုက်မိသည်။

ယူဆဂိ အား သတိတရ တက် ကြသည့် ကိုအဉ္ဇလီ နဲ့ စိုင်းစိုင်း အားကျေးဇူးတင်စွာဖြင့်-

တဆက်တည်း..
သူတို့သည် တစ်မြို့တည်းသားတွေဖြစ်ပါသဖြင့် တက် လိုက်ရပါသည်-
၁. အောင်ချမ်းလင်း
၂. သားဖြူ


Let me cry

မျက်ရည်တွေမကျမိအောင်

ငါ့မသိစိတ်ကအတင်းထိန်းထားရတယ်..

ငါငိုချင်တယ်. ငိုလို့မရဘူး..

ဒါတွေအားလုံးဟာ ၀ဋ်ကြွေးတွေဆိုရင်တော့..

အတိတ်ဘ၀က ငါအတော်မကောင်းခဲ့တာဘဲဆိုပြီး

ကိုယ့်ကိုကိုယ်ဘဲ ပိတ်ရိုက်လိုက်ရမလား..

Monday, August 27, 2007

အဖွားအို၏နောက်ဆုံးဒိုင်ယာရီ

မည်းနက်ပျော့ပြောင်းခဲ့တဲ့ ငါ့ဆံနွယ်တွေ ..
ဖြူဖွေးပါးလျနေပါပြီ။

စိုဝင်းတင်းရင်းခဲ့တဲ့ ငါ့အသားအရည်..
ပျော့တွဲအားလျော့နေပါပြီ။

ကြည်လင်တောက်ပခဲ့တဲ့ငါ့မျက်ဝန်းတစ်စုံ..
အမြင်မှုန်ဝါးနေပါပြီ။

ရှင်းလင်းပြတ်သားစွာကြားနိုင်စွမ်းခဲ့သော ငါ့နားတစ်စုံ..
ကောင်းစွာမကြားနိုင်တော့ပါပြီ။

သွယ်လျလျလှပခဲ့တဲ့ငါ့လက်ချောင်းလေးများ..
အရိုးပေါ်အရေတင်မလှပနိုင်တော့ပြီ။

သာယာခဲ့သောငါ့အသံ..
မပီပြင် တုန်ရီနေပါပြီ။

စီစီရီရီ လှပခိုင်မာခဲ့သော ငါ့သွားများ..
တစ်နေ့ထက်တစ်နေ့ ကျိုးပဲ့ကုန်ပါပြီ။

နုနယ်ပျိုမျစ်ခဲ့တဲ့ ငါ့ရုပ်ရည်..
အိုမင်းရင့်ရော်နေပါပြီ။

ကျန်းမာသန်စွမ်းခဲ့တဲ့ ငါ့ကိုယ်ခန္ဓ္ဖာ..
အင်အားချိနဲ့နေပါပြီ။

အတ္တ မာန ဒေါသ တွေနဲ့ငါ့စိတ်
ငါမထမ်းပိုးနိုင်တော့ပြီ။

သြော်..ငါ.အချိန်တန်နေပါပြီ........

Careless



Friday, August 24, 2007

သတ်ပုံမှားသောဘဝ


အစီအစဉ်မဲ့စွာ လူ့လောကထဲသို့ရောက်ရှိခဲ့သောအခါ...


ကလေးဘ၀က အပြစ်ကင်းစွာ ရယ်မောခဲ့ပြီးနောက်

အရွယ်ရောက်သောအခါ..

ထုံးတန်းအစဉ်အလာများအောက် ပြားပြားဝပ်ခဲ့ရသည်..

စိတ်မကောင်းခြင်းများလည်းကြုံတွေ့ခဲ့ရဖူးသည်..

ကြေကွဲခြင်းများလည်းခံစားတတ်ခဲ့သည်..

ပြောင်မြောက်စွာ ငိုကြွေးတတ်ခဲ့သည်..

ဘ၀အဓိပါယ်တွေကိုလည်း ရှာဖွေကြည့်ခဲ့သည်..

တခါတရံ တွင်တော့ ပျော်ရွင်ခြင်း ဆိုသည်ကို ခံစားဖူးသလိုလို ၀ိုးတ၀ါး...

ဒါဟာ တကယ်တော့ သတ်ပုံမှားနေတဲ့ ဘ၀ လို့သာ ကောက်ချက်ချလိုက်ပါတော့မည်။

ကုသိုလ်စုဗူး


မနေ့ကသင်မသေခဲ့၍ ယနေ့သင်အသက်ရှင်နေပြီ..


ယနေ့သင်မသေခဲ့လျှင် မနက်ဖြန်သင်အသက်ရှင်ချင်ရှင်နေပါလိမ့်မည်..

*မနက်ဖြန်သာအသက်ရှင်ခွင့်ရပါဦးမည်ဆိုလျှင် သင်ဘာလုပ်မည်နည်း။
နေ့စဉ်ဝေယာဝစ္စကိစ္စများဖြင့် သင်ပုံမှန်အတိုင်းသွားရန်သာ ဆန္ဒရှိနေပါသလား။

*မနက်ဖြန်သာသင့်ဘ၀ နောက်ဆုံးနေ့ဖြစ်မည်ဆိုလျှင် သင်ဘာလုပ်မည်နည်း။

အကြံပြုလိုပါသည်...
ယနေ့မှစ ကိုယ်ပိုင် ကုသိုလ်စုဗူးလေး
တစ်ခု သင်၏စိတ်ထဲတွင် စတင် Create လုပ်လိုက်ပါ။
နေ့တစ်နေ့၏ အစ တွင်သော်လည်းကောင်း..
နေ့တစ်နေ့၏ နောက်ဆုံး တွင်သော်လည်းကောင်း..
သင်တတ်နိုင်သလောက် စေတနာသုံးတန်ပြတ်နိုင်သော ကုသိုလ်လေး တစ်ခုပြုကာ သင်၏ကုသိုလ်စုဗူးလေးတွင် မသေမချင်းနေ့စဉ်စုပါလေ...

သင်သေသွားသော်...
သင်ချစ်သော သင့်မိသားစု၊ သူငယ်ချင်း ၊ မိတ်ဆွေများ သည် သင်နှင့်အတူလိုက်ပါလိမ့်မည်မဟုတ်။
ထိုစုဗူးလေးသည်သာသင်နှင့်အတူ ထပ်ကြပ်မကွာလိုက်လာပါလိမ့်မည်။

အိပ်ယာဝင်တိုင်းသင့်ကုသိုလ်အားအမျှပေးကာ..ကုသိုလ်ပီတိလေးနှင့်အိပ်စက်နိုင်ပါစေ..
လို့
ဆန္ဒပြုလိုက်ပါတယ်........

Thursday, August 23, 2007

*Request*

သြော်-လောကကြီးက သိပ်မျှော်လင့်ထားရင်
ဖြစ်မလာတတ်ဘူးတဲ့လား..
အဲ - မမျှော်လင့်တော့ပါဘူး ဆိုတဲ့အခါမှာတော့
တစ်ခုထက်မက ရွေးချယ်ခွင့်တွေပေးတော့တာပါဘဲ..
ကဲ- လောကကြီးရေ
သင့်ရဲ့  Formula & Theories တွေကို သိခွင့်ရမလား?

::ဥပမာ::
သင်မရထိုက်သောအရာများ
သင်မပိုင်ဆိုင်သင့်သောအရာများ
သင်မတောင်းဆိုရမည့်အရာများ
သင်စိတ်ကူးခွင့်တောင်မရသောအရာများ
သင်နှင့်မသက်ဆိုင်သောအရာများ

လူတွေရဲ့ ပဥာတ်ချက်တွေ နဲ့
လောကဓံ လို့လူတွေပြောကြတဲ့ သင့်ရဲ့  လှည့်ကွက်တွေထဲမှာ
ငါဟာ အလူးအလဲပါဘဲ-
နည်းနည်းလောက်များငါ့ကို ငဲ့ညှာပါအုံးလား.
သင်ပေးချင်တဲ့ဘ၀ က ငါလိုချင်တဲ့ဘ၀ နဲ့ အတော်များလွဲနေလို့လား.
သင့်ကို ငါအများကြီးမတောင်းဆိုခဲ့ဖူး ဘူးဆိုတာ သင်သိမှာပါ-

သံယောဇဉ်ဟူသည်

သူမဘ၀တွင်ပိုင်ဆိုင်မှုဘာမှမရှိ- သို့သော်သူမဘ၀တွင် ပူးကလေးနှစ်ကောင်ရှိလေသည်။
တစ်ကောင်သည် သူမကိုယ်တိုင်မွေးထားသောပူးကလေးဖြစ်ပေသည်။
နောက်ထပ်ပူးတစ်ကောင်သည် သူမဘ၀ထဲသို့ အမှတ်မထင် ရုတ်တရက်ရောက်လာရင်းမှ သူမလွန်စွာသံယောဇဉ်ဖြစ်သွားရသောပူးလေးဖြစ်သည်။ သူမ ဤသို့ပြောသည်.. -ထိုပူးလေးနှစ်ကောင်သည်သာလျှင် သူမဘ၀ဖြစ်သည်ဟုဆိုလျှင် မည်သူမှယုံနိုင်ကြမည်မဟုတ်။ -သူမဘ၀တွင် သူမအတွယ်တာရဆုံးမှာ ထိုပူးလေးနှစ်ကောင်သာဖြစ်သည်။
-သူမဘ၀၏ စိတ်ပျော်ရွှင်မှုများကို ထိုပူးလေးနှစ်ကောင်မှ သူမအား ပေးသနားခဲ့သည်။
-သူမ၏ ရှင်သန်ခြင်းအား ထိုပူးလေးနှစ်ကောင်ထံမှရရှိသည်ဟု ဆိုသည်။

ထို့ကြောင့် သူမ ဆက်လက်ရှင်သန်နေပေသည်...

-ထိုပူးလေးနှစ်ကောင်သည် စကားအလွန်များသည်ဟု လည်း သူမ ပြောသည်။
သေချာတာတစ်ခုကတော့ သူမ သည်ထိုပူးနှစ်ကောင်ကို အလွန်ချစ်ပါသည်တဲ့..

ပူးလေးနှစ်ကောင် ကလည်းသူမအားချစ်ကြပါသည်။

သို့သော်..
သူမသည် ထိုပူးလေးနှစ်ကောင် နှင့် နာကျင်စွာ ခွဲခွာရမည် ဟု
လောကကြီးက စီရင်ချက်ချထားသည်။ ရွေးချယ်ခွင့်မရှိသောဘ၀တစ်ခုအတွက်
သူမငိုကြွေးနေရုံမှတစ်ပါးအခြားမရှိ။

သို့ဖြစ်ပါသောကြောင့်...
သင်သည်လည်းကိုယ်ချစ်ခင်ရသောသူများနှင့်ခွဲခွာခဲ့ရဖူးလျှင်.သူမအား အားပေးစကားလေးတစ်ခုခုပြောရန် သူမမျှော်လင့်နေပါသည်။ \




မှတ်ချက်။ ။(ကဲ..သင်သာအားပေးစကားပြောမည်ဆိုလျှင်..သူမအားမည်သို့ပြောမည်နည်း)

Wednesday, August 22, 2007

ဘာနေ့လဲ

Days !

Monday = getu yoobi
Tuesday = ka yoobi
Wednesday= sui yoobi
Thursday = moku yobi
Friday = kin yoobi
Saturday = do yoobi
Sunday = niti yoobi

Ototoi -တစ်နေ့က
Kinoo -မနေ့က
Kyoo -ဒီနေ့
Asita -မနက်ဖြန်
Asatte -သဘက်ခါ

Q: Kyoo wa nan yoobi desu ka. (ဒီနေ့ဘာနေ့ဖြစ်ပါသလဲ)
A: Kyoo wa (Day) desu.

Tuesday, August 21, 2007

လူအမျိုးအစား အခေါ်အဝေါ်အချို့ 



  1. philanthropist - လူ့လောကကောင်းကျိုးဆောင်သူ
  2. misanthrope - လူအားလုံးကိုမုန်းသူ/မယုံသူ
  3. fugitive - ၀ါးရမ်းပြေး
  4. arsonist - ရပ်ရွာမီးရှို့သူ
  5. kleptomaniac - မခိုးရမနေနိုင်သူ
  6. amateur - အပျော်တမ်းလုပ်ဆောင်သူ
  7. teetotaler - အရက်ရှောင်သူ
  8. cannibal - လူသားစားသူ
  9. epicure gourmand - အစားအသောက်မက်မောသူ
  10. hypocrite - ကြောင်သူတော်
  11. imposter - အယောင်ဆောင်သူ
  12. charlatan quack- ဆရာတု။ ဆရာယောင်
  13. misogamist - အိမ်ထောင်ရေးကိုမုန်းသူ
  14. misogynist - မိန်းမမုန်းသူ
(သိပြီးသားသူများအတွက်မရည်ရွယ်ပါ. မသိသေးသောသူများအတွက် Just Knowledge Sharing)

Monday, August 20, 2007

စွဲလမ်းမှုပြဿနာ


မနက်အိပ်ယာနိုးတာနဲ့သောက်သည်

အလုပ်လုပ်ရင်းလည်းသောက်သည်

ထမင်းစားပြီးတိုင်းလည်းသောက်သည်

စိတ်ညစ်ရင်လည်းသောက်သည်

ပျော်ရင်လည်းသောက်သည်

ဝမ်းနည်းရင်လည်းသောက်သည်

ဝမ်းသာရင်လည်းသောက်သည်

ပျင်းရင်လည်းသောက်သည်

အနားယူရင်လည်းသောက်သည်

လမ်းကြုံရင်လည်းသောက်သည်

အိပ်ခါနီးတိုင်းလည်းသောက်သည်

Reason မျိုးစုံနဲ့သောက်ကြသည်............


ထိုအရာကို Coffee
ဟုခေါ်သည်!

ယခုကော်ဖီသောက်နေသည်.........


Saturday, August 18, 2007

Favorite 5 Old Posts

ပြန်လည်စစ်ဆေးပြီး အကြိုက်ဆုံး(၅)ခု

naing နဲ့ tzm တက်ထားလို့သာရေးရတာပါ..တကယ်တော့ သူများလိုလည်း own tune စာတွေ ကဗျာတွေရေးထားတာမရှိလေတော့..ခက်သား။ ဒါနဲ့ အတင်းရှာလိုက်တာမှာ.. တင်ထားသမျှထဲမှာ ကြိုက်တဲ့ပိုစ်တွေကအများကြီးကိုထွက်လာတာ..စစ်ထုတ်လိုက်တော့
အားလုံးပေါင်း ၁၂ ခုလောက်ထွက်လာတယ်လေ။ ဒါတောင် လျှော့ထားတာ.
အင်း..၁၂ ခုထဲက ၅ ခု ထပ်စစ်ထုတ်ရမယ်ဆိုတော့.. ချန်ထားခဲ့ရမဲ့ခေါင်းစဉ်လေးတွေကိုအားနာပေမယ့်..ဒီခေါင်းစဉ်လေးတွေရွေးထုတ်လိုက်ရပါတယ်
..ခံစားချက်ချင်းမတိုက်ဆိုင်ရင်ခွင့်လွှတ်ပါ..

၁. ဘ၀တိုက်ပွဲ
Friday, May 25, 2007
၂.အထီး ကျန် ရင် အ ကျည်း တန် တယ်
Monday, May 21, 2007
၃.အသေကြီး နဲ့ အသေလေး
Monday, May 14, 2007
၎.မသေခင်ဖြည့်ဆည်းရမည့်ဘ၀အရည်အသွေးများ
Monday, May 14, 2007
၅.LOVE
Wednesday, August 08, 2007

မှတ်ချက်။ ။ ဒီခေါင်းစဉ်လေးတွေအပြင် ပိုစ့်တွေထဲက အခြားကြိုက်တဲ့ပိုစ့်ခေါင်းစဉ်လေးတွေရှိခဲ့ရင် comment ထဲမှာရေးပေးသွားပါလို့ ပြောပါရစေ။ သိချင်လို့ပါ။ လိုအပ်ချက်တွေရှိရင် နောင်များပြင်ဆင်နိုင်အောင်ပါ။
I need your prompt comments for me.


ဆက်လက်ပြီးဘယ်သူ့ကိုတက်ရင်ကောင်းမလဲစဉ်းစားလိုက်တဲ့အခါ..
ကဲမမတို့ရေ..ရေးလိုက်ကြပါအုံးနော်.

Wednesday, August 15, 2007

Just Sharing


*love & Marriage*

A student asks a teacher, "What is love?"

The teacher said, "in order to answer your question, go to the padi field and choose the biggest padi and come back.

But the rule is: you can go through them only once and cannot turn back to pick."

The student went to the field, go thru first row, he saw one big padi, but
he wonders....may be there is a bigger one later. Then he saw another
bigger one... but may be there is a even bigger one waiting for him.

Later, when he finished more than half of the padi field, he start to
realize that the padi is not as big as the previous one he saw, he know he
has missed the biggest one, and he regretted !!!! So, he ended up went back
to the teacher with empty hand.

The teacher told him, "...this is love... you keep looking for a better
one, but when later you realize, you have already miss the person...."

****

"What is marriage then?" the student asked.

The teacher said, "in order to answer your question, go to the corn field and choose the biggest corn and come back.

But the rule is: you can go through them only once and cannot turn back to pick.

"The student went to the corn field, this time he is careful not to repeat
the previous mistake, when he reach the middle of the field, he has picked
one medium corn that he feel satisfy, and come back to the teacher.

The teacher told him, "this time you bring back a corn.... you look for
one that is just nice, and you have faith and believe this is the best one
you get.... this is marriage."

ရုံးကလုပ်ဖော်ကိုင်ဖက်တစ်ယောက် က Mail Forward လုပ်လိုက်တာလေးကို original အတိုင်းတင်လိုက်တာပါ. အခြားဘလောက်တစ်ခုခုမှာတင်ပြီးသားများဖြစ်နေရင်..လက်တို့ပြီးပြောခဲ့ပါ..။

Tuesday, August 14, 2007

Life



A Prey of Between Payable & Receivable


.

ကြားဖူးနားဝ




အချိန်ယူပါ..

ကိစ္စကိုသေချာစဉ်းစားပါ..

အချိန်ယူတဲ့အတွက် တန်ဖိုးရှိတာတွေ ဘာမှဆုံးရှုံးမသွားဘူး။

ဒါပေမယ့်

နှောင့်နှေးခြင်းဟာ ဘ၀ကိုပျက်အောင်ဖျက်တာဘဲ။


******************************************


ဖြစ်ချင်တာတွေမဖြစ်သေးရင်..

ဖြစ်သင့်တာတွေကိုအရင်လုပ်လိုက်ပါ..

ဖြစ်ချင်တာတွေပါဖြစ်လာပါလိမ့်မယ်..


မှတ်ချက်။ ။ ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ စိတ်မှာအလိုလိုစွဲနေတဲ့ အဆိုလေးတွေပါ။ ဘယ်သူ့အဆို လည်းဆိုတာတော့မမှတ်မိတော့ပါဘူး။

Friday, August 10, 2007

What is my purpose?

ဘလောက်ဆိုတာကိုစကြားဖူးတော့သိပ်နားမလည်ခဲ့ပါဘူး။ ဘလောက်ဆိုတာဘာလဲ..ဘာလုပ်တာလဲ..ဘာလုပ်ဖို့လဲ..နဲ့ဂျီမေးလ်Accountနဲ့သုံးလို့ရမှန်းလည်း
မသိခဲ့။
ဒါပေမယ့်..သိတာဆိုလို့Blogဆိုတဲ့စာလုံးလေးတစ်ခု။
တနေ့မှာသူငယ်ချင်းကိုဘလောက်ဆိုတာလေးလုပ်ကြည့်ပါလားလို့အမှတ်တမဲ့ပြောလိုက်မိတယ်။ သူငယ်ချင်းကသူ့ဘလောက်လေးကိုလှတပတလေးလုပ်လိုက်နိုင်တယ်။
သူ့ဘလောက်လေးတကယ်လည်းကောင်းပါတယ်။
သူလုပ်တာမြင်မှ..ကိုယ်ပါလုပ်ချင်စိတ်ပေါ်လာပြီးထလုပ်တယ်။
ဒါနဲ့နာမည်ဘာပေးရမလဲအရင်စဉ်းစားပြီး..
ဂျပန်လိုusagi (ယုန်)ဆိုတာလေးကိုကြိုက်လို့ပေးလိုက်တယ်။
ဘာတွေတင်ရမလဲဆိုတာစဉ်းစားထားတာမရှိပေမယ့်..ဘလောက်တစ်ခုစဆောက်လိုက်တယ်။
ကိုယ်ပေးလိုက်တဲ့နာမည်နဲ့ link လေးတစ်ခုရလာတော့ ပျော်သွားတယ်။
နောက်တော့..ကိုယ့်ဘလောက်လေးကအကျိုးရှိတဲ့ဘလောက်လေးဖြစ်စေချင်တဲ့စိတ်နဲ့ဓမ္မအကြောင်း လေးတွေဖတ်ထားတဲ့စာအုပ်တွေထဲက ကိုယ်ကြိုက်တာလေးတွေရိုက်တင်ပေးတယ်။
သူများတွေလိုကိုယ်ပိုင်စာ..ကိုယ်ပိုင်ကဗျာတွေလုံးဝမရေးတတ်ဘူးလေ။အလုပ်ကလည်းတစ်ဖက်ဆိုတော့ ဘလောက်တွေကိုသိပ်မလည်ဖြစ်ပါဘူး။ ကိုယ့်ဆီလာလည်တဲ့သူ နဲ့ ကိုယ် လင့်(ခ) ထားတဲ့ဘလောက်ဆီ လောက်ခပ်ကျဲကျဲလည် ဖြစ်တယ်။
ဒီလိုနဲ့ ဓမ္မစကားလေးတွေလက်လှမ်းမှီသလောက်ရိုက်တင်ရင်း.. ကိုယ် မတောက်တခေါက်တတ်တဲ့ ဂျပန်စာ လေးအနည်းအကျဉ်းကို မှတ်စု စာအုပ်ထဲက တဆင့် ဘလောက်ပေါ်ကို ရိုက်တင်ပေးဖြစ်ခဲ့တယ်။
အခုတခါရောဂါတမျိုးစွဲကပ်နေတာကတော့...သူများတွေရေးထားတဲ့ကဗျာ၊စာတွေကိုကြိုက်မိပြီဆိုရင်.. ကူးယူခွင့်လိုက်တောင်းမိနေခြင်းပါ..ရောဂါ..ကိုယ့်စာအုပ်မှာကူးထားလိုက်ချင်တဲ့သဘောမျိုးပါ။
အခု ဆဂိ ပြန်စဉ်းစားမိနေတာက ဘလောက်ဆိုတာ...အများအတွက်လား.၊ ဘလောက်ဆိုတာ ငါ့အတွက်လား..။
"တကယ်တော့ဘလောက်ဆိုတာဆဂိအတွက်တော့မှတ်စုစာအုပ်လေးတစ်အုပ်ဖြစ်နေတာ
ပိုကောင်းမယ်ထင်ပါတယ်။"
ကိုယ်တင်နေတဲ့ပို့စ်တွေနဲ့ ကိုယ့်ခေါင်းစဉ်နဲ့ လိုက်ဖက်မှုကောရှိသေးရဲ့လားလို့လည်းစဉ်းစားမိပါရဲ့..
အမှားရှိရင် သည်းခံခွင့်လွတ်ပေးကြပါ................

နှစ်သက်မိသောကဗျာ(၂)

ကဗျာလေးရဲ့ ခေါင်းစဉ် က "မသိခြင်းများ"

လျှောက်နေခဲ့တယ် …
ဒီလမ်းတွေပေါ်မှာပါပဲ …
လျှောက်ရင်း … လျှောက်ရင်း …
ပန်းတိုင်ကလည်း ဝေးသည်ထက်ဝေး
ခြေလှမ်းတွေလည်း နှေးသည်ထက်နှေး …

ဒီလိုနဲ့
နောက်ဆုံး …
… …. …. ….
… …. …. ….
… …. …. ….

ယုံကြည်ချက်ပျောက်ပြီး
သံသယတွေဝင်ရောက်ခဲ့ …
ဘယ်သူက မိတ်ဆွေအတု
ဘယ်သူက ရန်သူအစစ်
ဘယ်သူက နောက်ကျောကို ဓားနဲ့ထိုးပြီး
ဘယ်သူက ရင်ဝကို ဓားနဲ့စိုက်မလဲ …
မခွဲခြားတတ်ခဲ့တော့ …

မျက်လုံးတွေကို ကြောက်ရွံ
အပြုံးတွေကို ထိတ်လန့်
ကြားရတဲ့ စကားတွေ ခါးသက်
ကမ်းတဲ့လက်တွေ အေးစက်

နောက် … ပြန်လှည့်ရမလား
ရှေ့ … ဆက်တိုးရမလား …

ရှေ့တိုးရင် ထမ်းပိုး
နောက်ဆုတ်တော့ လှည်းတုတ် … တဲ့
ရွေးချယ်ခွင့်မရှိတဲ့ ဘ၀အမှားမှာ
နွားတကောင်လို ခြေရာချင်းထပ်အောင်
နွံထဲသာ ရုန်းရတော့မလား …

သေချာတာကတော့
မရေမရာ အတွေးနဲ့
တွေဝေစွာ ငေးလျက်
ရပ်တံ့လို့ နေမိပါရဲ့ … ။ … ။

ကဗျာရေးသူ။ ။မမေဓာဝီ

ဒီကဗျာလေးက အပြည့်အစုံမဟုတ်ပါဘူး..။အပြည့်အစုံဖတ်လိုပါက..မမေ ဘလောက်တွင်ဖတ်ရှုနိုင်ပါသည်။
ကူးယူခွင့်ပေးသော မမေ အားကျေးဇူးတင်ပါတယ်။

Wednesday, August 8, 2007

နှစ်သက်မိသောကဗျာ(၁)

အခက်ခဲဆုံး

ငါ့မှာ စကားလုံးတွေခေါင်းပါးခဲ့တယ်
ပြောချင်တာကို ပြောပြဖို့အတွက်...
နှလုံးသား ခံစားချက်ကို စာရွက်တစ်ခုမှာ ချပြဖို့အတွက်....
သူများတွေထက် ဘာလို့ခက်ခဲနေရတာလည်း။

ငါဒါကိုမရေးမီ၊ ရှေ့မှာ စာလိုလို ကဗျာလိုလို ၂ ခုရေးခဲ့တယ်။
စိတ်တိုင်းမကျလို့ ပြန်ပြီးဖျက်ခဲ့ရတာ တစ်ဝက်ကျိုးနေတဲ့အချိန်မှာပဲ။

ရင်ထဲမှာ ပြည့်ကျပ်နေတယ်..
ဖော်ထုတ်ဖို့အတွက် ကလောက်တစ်ချောင်းလောက် ပေးသနားပါလို့
တောင်းဆိုချင်သော်လည်း
ငါ့နှုတ်က တောင်းဆိုမှုတွေမထွက်ခဲ့တာ ဘာကြောင့်ပါလည်း။

နောက်ဆုံးတော့ လက်မှိုင်ချပြီး
မျက်ရည်များအဖြစ် ရွာချလိုက်ချင်တဲ့အချိန်ရောက်တဲ့အခါ
ငါ့မာနက မျက်ရည်တွေကို
ဆည်ဖို့လိုက်တော့
ခံစားချက်ထွက်ပေါက်
အားလုံးပိတ်ခံလိုက်ရရင်း
ရင်တွင်းမှာမီးတောင် ပေါက်ကွဲလိုက်တယ်..
ငါသာသိစေ ရင်ကွဲစေ....

ကဗျာရေးသူ။ ။ မဘာညာ

ကြိုက်လွန်းလို့ ခွင့်တောင်းပြီးကူးထားလိုက်တာပါ။ ကူးယူခွင့်ပေးသော မဘာညာအားကျေးဇူးတင်ပါသည်။

နှစ်သက်မိသော ပို့စ်

သာမန်သူငယ်ချင်း နဲ့ အစစ်အမှန်သူငယ်ချင်း


သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ ဘယ်နှစ်ယောက်
ရှိလဲ ....ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ .....?

သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ပေးဌားတယ်။

သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာကူးထားတတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ၀ိုင်တပုလင်း ယူလာလိမ့်မယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီးပွဲပြီးမှ ပြန်တတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူး အချစ်ဇာတ်ကို စပ်စုမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို သူကိုယ်တိုင် ဖွင့်မယ်။

သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီးရင် သူငယ်ချင်းအဖြစ်ကနေ ရပ်စဲမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်မဖြစ်ရင်သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။

သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။

အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။

လောကကြီးတွင်လူတစ်မျိုးရှိသည်.....
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရ
သောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင် ကိုယ့်
ဘက်မှရပ်တည်ပြီး ၀န်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင် အားပေး
တတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်
ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင် ကိုယ့်ရင်ဖွင့်
သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။ ကိုယ်နှင့်အတူ ရှိနေမည့်
အချိန်များက ချစ်သူတစ်ယောက်ထက်ပင် ကြာရှည်ခိုင်မြဲတတ်သည်။
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်


ရေးသူ။ ။မနိုင်းနိုင်းစနေ


မှတ်ချက်။ ။ ဒီpost ကိုမတင်ခင် မနိုင်းနိုင်း အားခွင့်မတောင်းမိပါသဖြင့် အနူးအညွတ်တောင်းပန်အပ်ပါတယ်။ ယခု မနိုင်းနိုင်း ခွင့်ပြုချက်ဖြင့် တင်ထားလိုက်ပါသည်။
မေးလ်အဟောင်းလေးတွေပြန်လှန်ရင်း သူငယ်ချင်းပို့ထားတာလေးတွေ့လို့ အမှတ်တရတင်လိုက်မိခြင်းဖြစ်ပါတယ်။

ရယ်စရာလေးတစ်ခုပါ..

LOVE

"Love is only for loving"


"အချစ်ဆိုတာချစ်နေဖို့သက်သက်ပါဘဲ"

အချစ်ဆိုတာ
ပိုင်ဆိုင်လိုခြင်း..ပေးဆပ်လိုခြင်း..ရယူလိုခြင်း...
အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြပေမယ့်..
ဘာဘဲဖြစ်ဖြစ်ပါ..
ငါ့ရင်ထဲမှာနင့်ကိုချစ်နေရတာကိုက
ငါ့အတွက်တော့ အဓိပ္ပါယ်ရှိနေတယ်လို့ပြောရင်..
ဒါကိုအချစ်စစ်မဟုတ်ဘူးလို့ဘယ်သူပြောမလဲ!
ချစ်နေရရင်လုံလောက်ပါပြီ။

(ရယူလိုမှုမရှိတဲ့အချစ်လောက် ချိုမြတဲ့အချစ်ဘယ်မှာမှမရှိပြီ)

ဒီစကားလေးကိုစကြားဖူးတုန်းက စိတ်ထဲမှာ သိပ်အလေးအနက်နားမလည်နိုင်ခဲ့ပေမယ့်
အခု..ဒီစကားက အလွန်အဓိပါယ်ရှိနေတယ်လို့ခံစားရလို့ အမှတ်တရတင်လိုက်တာပါ

Tuesday, August 7, 2007

မှတ်စုတို..

စိတ်ကောက်ရင်
လူကောက်ဖြစ်တယ်...

စိတ်ဆိုးရင်
လူဆိုးဖြစ်တယ်...

စိတ်ကောင်းတော့
လူကောင်းဖြစ်တယ်...

(အရှင်အာစာရာလင်္ကာ)

Saturday, August 4, 2007

ရင်ထဲကမျက်ရည်

စိတ်ဓါတ်တွေ တဖုတ်ဖုတ်ပြုတ်ကျ
မှတ်ပါ.. သြော် ဒုက္ခ

ဘာလုပ်လုပ် တလွဲဖြစ်နေ
မှတ်သား..နေတတ်စေ

စဉ်းစားထားသမျှ အတွေးများ ပျောက်ပျက်သွား
မှတ်ထား..ဘ၀ခါးခါး

(ဆက်ရေးပေးကြပါ)

Friday, August 3, 2007

အခြေခံကိန်းဂဏန်းအခေါ်အဝေါ်

၁ = iti(အိချိ)
၂ = ni(နိ)
၃ = san(စန်း)
၎ = yon(ယွန်း)
၅ = go(ဂေါ့)
၆ = roku(ရောကု)
၇ = siti/nana(ရှိချိ/ နာနာ့)
၈ = hati (ဟချိ)
၉ = kyuu(ကရူး)
၁၀= zyuu(ဂျူး)

တတိယမြောက်ပို့စ်

ဘာလိုလိုနဲု့ သြဂုတ် ၃ ရောက်သွားပြန်ပြီ။
ဇူလိုင်လတစ်လလုံး ပို့စ် ၃ ခုတင်ပြီး ဆက်မတင်ဖြစ်လိုက်တာ..ယခု သြဂုတ် လ ရဲ့ တတိယမြောက်ပို့စ်ကို
တင်ဖို့. ရေးလိုက်ပါတယ်။ link လုပ်ထားတဲ့ ဘလောက်တွေမနေ့တစ်နေ့ကမှ ၀င်ပြီးနည်းနည်းဖတ်. cbox လေးမှာဝင်ပြောနဲ့အိမ်လည်(ဘလောက်လည်)ဖြစ်သွားတယ်။ တင်မယ်ဆိုရင်.တင်စရာတွေရှိနေပေမယ့်လည်း
စိတ်ကလည်းမအား..လူကလည်းမအား..ကွန်နက်ရှင်ကလည်းမကောင်း နဲ့ ဘာမှမရေးဖြစ်ပါဘူး။
ဟိုအရင်ကဆို..ကိုယ့်အနားမှာရှိတဲ့သူငယ်ချင်းကို စိတ်ထဲရှိသမျှရင်ဖွင့်(အီးမေလ်ပို့တာပြောပါတယ်) လို့ရပေမယ့်၊ ခုတော့သူလည်းသူ့ဒုတ်နဲ့သူအနားမှာမရှိတော့ မနေတတ်မထိုင်တတ်ကိုဖြစ်နေရော။
အရင်ကဆို..ကိုယ်ကလည်း သူ့ဆီ အီးမေလ် နေ့တိုင်းပို့သလို. သူကလည်းမပြန်တဲ့နေ့မရှိသလောက်။
အခုတော့ ကိုယ့် inbox ထဲမှာမေးလ်အသစ်တစ်စောင်တောင်မရှိ။
သူငယ်ချင်းရေ..ဟိုအရင်က
ဂျီတော့ကလေ- connecting.../retry ဘ၀ကနေ အခုတလော singing in ဖြစ်ဖြစ်လာတယ်
မီဘူး ကလည်း- network interrupt မဖြစ်သလောက်
ဒါနဲ့ငါလည်း ဘာမှကိုမဖွင့်တော့ဘူး။
အစစအရာရာ အဆင်ပြေပါစေ...

Thursday, August 2, 2007

သို့

သူငယ်ချင်း

အခုတော့...
ငါတစ်ကောင် အတော်ငေါင်နေပါတယ်
ငါတစ်ယောက် အပျော်ပျောက်နေပါတယ်
ငါတစ်ကိုယ်တည်း ငိုက်မြည်းနေရပါတယ်
သူငယ်ချင်းရေ။


မှတ်ချက်။ ။ဘာရေးလို့ရေးရမှန်းမသိလို့စိတ်ထဲရှိတာလေးချရေးလိုက်မိတာပါ။

Wednesday, August 1, 2007

Fun Quiz !!

ပျော်စရာလေးတစ်ခုပါ..ဖတ်ပြီးရင် ဖြေကြည့်ခဲ့ပါ။
သင်သည် အခန်းတစ်ခုထဲတွင်ရှိနေသည်။ထိုအခန်းထဲတွင်...သင်နှင့်အတူ မြွေသုံးကောင်ရှိနေပါသည်။ထိုသုံးကောင်အနက်. သင်သည် တစ်ကောင်တည်းကိုသာ မဖြစ်မနေသတ်ရမည်ဆိုပါက မည်သည့်အကောင်ကိုသတ်မည်နည်း။
-မျက်နှာကျက်တွင်မြွေတစ်ကောင်-ပြူတင်းပေါက်တွင်တစ်ကောင်-တံခါးပေါက်တွင်တစ်ကောင်



မှတ်ချက်။ ။ အဖြေကိုနောက်မှပြောပြမယ်နော်


အဖြေ

(တံခါးပေါက်ကမြွေကိုသတ်သူ)
သူသည် မလုပ်ခင်မှာလည်း သေချာစဉ်းစားပြီးမှလုပ်သလို၊ လုပ်ပြီးရင်လည်းသူ့ရဲ့ လူမှုရေး/အချစ်ရေး/အိမ်ထောင်ရေးကသာယာတတ်ပါတယ်တဲ့။

(မျက်နှာကျက် ကမြွေကိုသတ်သောသူ)
သူကတော့ စိုးရိမ်စိတ်နဲ့ သိပ်မစဉ်းစားဘဲ လက်ရှိပြသနာကို အမြန်ဖြေရှင်းတတ်တဲ့စိတ်မြန်လက်မြန်လူပါ။
သူ့ရဲ လူမှုရေး/့အချစ်ရေး/အိမ်ထောင်ရေးကသိပ်မသာယာတတ်တာများပါတယ်တဲ့.။
သူဟာအမြဲချောင်ပိတ်မိနေတတ်ပါတယ်တဲ့။

(ပြူတင်းပေါက်ကမြွေကိုသတ်သောသူ)
သူကတော့နည်းနည်းထူးခြားပါတယ်..ဘာမှကိုမစဉ်းစားချင်တဲ့သူပါတဲ့။
ဒါပေမယ့် သူ့ဘ၀က သူ့ကံပေါ်မှာဘဲ အမြဲမူတည်နေတတ်သူပါလို့ဆိုပါတယ်။
ပြူတင်းပေါက်အနိမ့်အမြင့်ပေါ်မူတည်သလိုပေါ့လေ။

အားလုံးအဖြေလေးတွေကို ကျေနပ်ကြပါစေ..။ဒါ..ဆဂိပြောတာမဟုတ်ဘူးနော်။ သူများဆီကကြားတာလေးကို အပျော်သဘောလေး တင်ပေးတာပါ။ မှန်ချင်မှလည်းမှန်မှာပါ။
လူတိုင်းက သူ့ဘ၀နဲ့သူ. သူ့ကံနဲ့သူ လာပြီးသားပါ။
ကဲ.. ကိုယ့်အဖြေလေးနဲ့ကိုယ့်ကံကြမာလေးများတိုက်ဆိုင်လားပြောပြပါအုံးနော်။

မှတ်ချက်။ ။ စိတ်ဝင်တစားဖြေပေးကြပါသော သူငယ်ချင်းများကို ဆဂိ ကျေးဇူးတင်ပါတယ်။
သြော် ဆဂိ အမေးခံရတုန်းကဘာဖြေလိုက်လဲဆိုတာလေး ပြောလိုက်ပါအုံးမယ်။
ဆဂိ က မျက်နှာကျက်ကမြွေကို သတ်ပါမယ်လို့ မေးခွန်းဆုံးတာနဲ့တန်းဖြေထဲ့လိုက်တာ ..ဟားဟား။