Wednesday, November 28, 2007

ထိုလူသား

သူငယ်ချင်းတို့ အားလုံး ဗွီဒီယို ရုပ်ရှင်တွေကြည့်ဖူးကြမှာပါဘဲ။
သရုပ်ဆောင်ပေါင်းများစွာဟာ ဇာတ်လမ်းအရ ကျရာဇာတ်ရုပ်မှာသရုပ်ဆောင်ကြတယ်။

မင်းသား၊ မင်းသမီး ၊ လူကြမ်း ၊ ဇာတ်ပို့ ၊ ဇာတ်ရံ စသဖြင့်..။
ရုပ်ရှင်ထဲမှာပါတဲ့ လူကြမ်းတွေ ၊ သူများအပေါ်မှာမကောင်းကြံ၊ ယုတ်မာ တဲ့သူတွေဆို သရုပ်ဆောင်တွေက ပီပီပြင်ပြင်သရုပ်ဆောင်ကြသလို၊ ကြည့်တဲ့ပရိသတ်ကလည်း ဒီလူတွေဆို ကြည့်နေရင်းနဲ့ ဒေါသဖြစ် မုန်းတီး ကြတယ်လေ။ လူကြမ်း ၊ လူဆိုး နာရင် အလိုလိုဝမ်းသာပေးကြတယ်။
ဒါဘာလို့လဲ..ရှင်းရှင်းလေးပါ..
လူတွေဟာ အကောင်း အဆိုးကို ကောင်းကောင်းခွဲခြားနိုင် သလို၊ မသိစိတ်ထဲမှာ စိတ်ကောင်းစေတနာလေးတွေ အနည်းအများရှိနေလို့ပါ။
သိပ်ရှည်ရှည်ဝေးဝေးလည်းမရေးတော့ပါဘူး..
ဆိုလိုချင်တာက..
ကိုယ့်ဘ၀ဇာတ်လမ်းမှာ ကိုယ်ဘာလုပ်မလဲဆိုတာပါဘဲ။ လူတွေမချစ်ရင်နေပါစေ။ လူမုန်းခံမလား။
မင်းသား၊ မင်းသမီး မဖြစ်ရင်နေပါစေ..ဇာတ်ပို့ ဇာတ်ရံ ပဲဖြစ်နေပါစေ..လူဆိုးကြီးတွေတော့ မဖြစ်တာအကောင်းဆုံးလို့ထင်ပါတယ်။

"ဝေလေလေ လူသား"

လူ့ပြည်တစ်ခေါက် ကုသိုလ်မြှောက်
တစ်ခေါက်ကြုံရ လူ့ဘ၀ကား
နေ့ညမကွာ ပူဗျာပါဖြင့်
ဥစ္စာရွှေငွေ ဂုဏ်သရေတို့
ရှာဖွေစုရုံး လိုမဆုံးခင်
နိဂုံးအသက် ကြွေဖို့ရက်မှာ
နီးလျက်ကပ်လာ ရှိနေပါလည်း
ပညာသတိ ကိုယ့်ကျင့်ဖြည့်ဖို့
မရှိဝေးလေ ဝေလေလေနဲ့
သေလေခဲ့ငြား ထိုလူသားကား
ရင်းစားမျိုးတုံး လူဖြစ်ရှုံးမည်
လွတ်ရုန်းနိုင်မှ ချမ်းသာရလိမ့်မည်။

ဗုဒ္ဒေါရသ

Sunday, November 25, 2007

ဧည့်သည်

* လာတုန်းကလည်း တစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

* သွားပြန်တော့လည်း တစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

* လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ၀န်းကျင်ယှက်နွယ်
နှောင်ကြိုးတွယ်၍ ပြုံးရယ်မဲ့ငို
ချစ်မုန်းဆိုကြ မလိုဒေါသ လိုလောဘနှင့်
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ သုတ်သုတ်စောလျှင်
ခရီးနှင်သည် ထို့လျှင် ဧည့်သည်တွေပါတကား။

တိပိဋ္ဋက ယောဆရာတော် ၏ (နှုတ်+ ဆက်=မင်္ဂလာ)

ပြေးမထွက်နိုင်ဘူး

*နေ့ရက်တွေများလို့ သေရက်မေ့နေသလား
နေ့ရက်တွေဟာ သေဘက်သို့ပြေးနေတာပါ

*သေရက်မှာ အနေခက်ရင်လေ
ရွှေမျက်နှာ မညှိုးပါလေနဲ့
တောင်ညိုညို နေ၀င်ချိန်မှာ
ကိုယ့်လမ်းကိုယ် လှမ်းရမယ်

*လမ်းကအသွယ်သွယ် လှမ်းဖ၀ါ့ မလွယ်သမို့
အမှောင်အလယ် ယောင်လည်လည်ဖြင့်
မောင်မယ်ပင် ခေါ်သာဘူး
တောင်အကူးမှာ ရှောင်မကူးနိုင်လို့
မှောင်အနက်မှာ တောနရက်ကျရတယ်
ပြေးမထွက်နိုင်ဘူး။

တိပိဋ္ဋက ယောဆရာတော် ၏ (နှုတ်+ ဆက်=မင်္ဂလာ)

ပဋ္ဌာန်း ၂၄ ပစ္စည်း ဆုတောင်း (အပိုင်း ၂)

၁၁။ ပစ္ဆာဇာတ ပစ္စယော
နောက်၌ ဖြစ်စော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။

၁၂။ အာသေ၀န ပစ္စယော
လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။

၁၃။ ကမ္ပ ပစ္စယော
ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။

၁၄။ ၀ိပါက ပစ္စယော
ဝဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။

၁၅။ အဟာရ ပစ္စယော
လိုရာကို ပြည့်စုံစွာ ထောက်ပံ့နိုင်ကြပါစေသား။

၁၆။ ဣနြိယ ပစ္စယော
ရုပ်နာမ်ကို ထိန်းသိမ်းတတ်သော ပညာနှင့်ပြည့်စုံရပါစေသား။

၁၇။ ဈာန ပစ္စယော
သူတော်ကောင်းတရား(ရ)ပါးနှင့် ဥာဏ်စင် (၅)ပါး တို့နှင့် ပြည့်စုံရပါစေသား။

၁၈။ မဂ္ဂ ပစ္စယော
ဘာဝနာ (၂)ပါးအပေါင်းကို အာရုံပြု၍ အထွဋ္ဋ်အထိပ် ပညာကို ရပါစေသား။

၁၉။ သမ္ပ ယုတ္တ ပစ္စယော
သူတော်ကောင်းတို့နှင့် ပေါင်းဖက်၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။

၂၀။ ၀ိပ္ပယုတ္တ ပစ္စယော
သူယုတ်နှင့်ဝေ၍ အကုသိုလ်ကို ကင်းရှင်းစွာ သိရပါစေသား။

၂၁။ အတ္ထိ ပစ္စယော
သမုတိနယ်၏ အသိကို ဟုတ်မှန်စွာ သိရပါစေသား။

၂၂။ နတ္ထိ ပစ္စယော
ပရမတ္တ မရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။

၂၃။ ၀ိဂတပစ္စယော
ရှေ့၌ပွင့်ကုန်သော ဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄။ အ၀ိဂတပစ္စယော
ပွင့်လတ္တံသော ဘုရားတို့ကို ရှိခိုးရပါစေသား။

"အားလုံးသတ္တ၀ါတွေကျမ္မာကြပါစေ..ချမ်းသာကြပါစေ..ကိုယ်ဆင်းရဲကင်းကြပါစေ..စိတ်ဆင်းရဲကင်းကြပါစေ..
အစစအရာရာအဆင်ပြေကြပါစေ.။"


Sunday, November 11, 2007

ကံ ကံ၏အကျိုး

ယခုဘ၀တွင်.... မြင်းဝေါယာဉ်စီးနိုင်ခြင်းမှာ - ရှေးဘ၀က.... လမ်းတံတားပြုပြင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ယခုဘ၀တွင်....
ပိုးထည် ဖဲထည်ဝတ်နိုင်ခြင်းမှာ - ရှေးဘ၀က.... သင်္ကန်းလှူခဲ့ခြင်းကြောင့်ဖြစ်သည်။
ယခုဘ၀တွင်....
စားစရာ၊ ၀တ်စရာဝတ်နိုင်ခြင်းမှာ- ရှေးဘ၀က....ထမင်း၊ ရေ လှူခဲ့ခြင်းကြောင့်ဖြစ်သည်။
ယခုဘ၀တွင်....
တိုက်တာများဖြင့်နေနိုင်ခြင်းမှာ- ရှေးဘ၀က....ဘုရားကျောင်းတွင် ဆန်လှူခဲ့ခြင်းကြောင့်ဖြစ်သည်။
ယခုဘ၀တွင်...
.ချမ်းသာခြင်းမှာ- ရှေးဘ၀က....ကျောင်း၊ ဇရပ်လှူခဲ့ခြင်း
ကြောင့်ဖြစ်သည်။
ယခုဘ၀တွင်....
ရုပ်အဆင်းလှပခြင်းမှာ- ရှေးဘ၀က....ပန်းလှူခဲ့ခြင်း
ကြောင့်ဖြစ်သည်။
ယခုဘ၀တွင်....
အသိဥာဏ်ပညာရှိခြင်းမှာ- ရှေးဘ၀က....အသက် သတ်လွတ်စား၊ တရားစာရွတ်လှူခဲ့ခြင်းကြောင့်ဖြစ်သည်။
ယခုဘ၀တွင်....
အသက်ရှည်ခြင်းမှာ- ရှေးဘ၀က....တိရိစ္ဆာန်များကို ဘေးမဲ့ပေးခဲ့ခြင်း
ကြောင့်ဖြစ်သည်။
ယခုဘ၀တွင်....
အသက်တိုခြင်းမှာ- ရှေးဘ၀က....လူများ၏အသက်ကို သတ်ခဲ့ခြင်း
ကြောင့်ဖြစ်သည်။
ယခုဘ၀တွင်....
မျက်လုံးလင်းလက်ခြင်းမှာ- ရှေးဘ၀က....ဆီမီးလှူဒါန်းခဲ့ခြင်း
ကြောင့်ဖြစ်သည်။
ယခုဘ၀တွင်....
မျက်လုံးကန်းရခြင်းမှာ- ရှေးဘ၀က....လမ်းကိုကောင်းစွာမညွှန်ခဲ့ခြင်း
ကြောင့်ဖြစ်သည်။
ယခုဘ၀တွင်....
ဆွံ့ အနားမကြားရခြင်းမှာ- ရှေးဘ၀က....သူတစ်ပါးအား ဆဲဆိုခဲ့ခြင်း
ကြောင့်ဖြစ်သည်။

နောက်ရက်များတွင် ဆက်လက်ရိုက်တင်ပေးပါမည်...

ယခုဘ၀တွင်....ဘာကြောင့်....
ခါးကုန်း
လက်မပါ
ခြေမပါ
နွား၊ မြင်းဖြစ်
ဝက်၊ ခွေးဖြစ်
ရောဂါထူ
ရောဂါကင်း
ထောင်ချောက်
ငတ်မွတ်သေ
အဆိပ်သောက်သေ
တစ်ကောင်ကြွက်ဖြစ်
နှုတ်ခမ်းကွဲ
ကိုယ်ခန္ဓာသေးကွေး
သွေးအန်ခြင်း
နားထိုင်းခြင်း
အနာထူ
ချွေးနံ့နံ
ဆွဲကြိုးချသေ
မုဆိုးမဖြစ်
မိုးကြိုးပစ်၊ မီးလောင်
ကျားကိုက်၊ မြွေပေါက်

Saturday, November 10, 2007

လူ့သဘာဝ

ကလေးဘ၀တုန်းက ကျွန်တော်တို့က မကြိုက်ရင်မစားဘူး၊ မဆာရင်မစားဘူး၊ ဆာလာရင်လည်း အောင့်မထားဘူး စားပစ်လိုက်တယ်၊ လိုချင်ရင်လည်း လိုချင်တာကို တန်းသိတယ်။ မလိုချင်ဘူး ဆိုရင်လည်း သိကြားမင်းကြီး လာပေးပေး မယူဘူး။
လူကြီးတွေဖြစ်လာတဲ့အခါ ကျတော့ ကျွန်တော်တို့တွေ မရိုးသားကြတော့ဘူး။ ဆာလို့စားတာမဟုတ်ဘဲ အချိန် ကျလို့စားတာ၊အားနာပါးနာနဲ့ စားတာတွေဖြစ်လာတယ်။ ဖြစ်ချင်တာ၊ လိုချင်တာ၊ မဖြစ်ချင်တာ၊ မလိုချင်တာ ကိုပြောင်ပြောင်လည်းမပြောရဲတော့ဘူး။
တဖက်သားနားခံသာအောင်ဆိုပြီးစကားတွေတန်ဆာဆင်ရင်းဆင်ရင်းကနေမဟုတ်တမ်းတရားတွေလည်း ပြောတတ် လာတယ်။
သည်အခါမှာ ဘာဖြစ်လာသလဲ ဆိုတော့ လူမှုဆက်ဆံရေးနယ်ပယ်မှာ ၀င်ဆန့်လာတယ်။
ဒါကို အကျေနပ်ကြီး ကျေနပ်ရင်းကနေ ကလေးတုန်းကကိုယ့်ကိုယ်ထဲမှာရှိခဲ့တဲ့ရိုးသားမှုနဲ့ မကြိုက်ရင်မကြိုက် ၊ မလိုရင်မလို၊ လိုရင်လိုဆိုတဲ့ အခံစိတ်တွေကတဖြည်းဖြည်း ပပျောက်ချင်သလို ဖြစ်လာပါတော့တယ်။
ကလေးတုန်းကများအူထဲအသည်းထဲကလှိုက်ပြီးမကြိုက်လို့ကတော့ ဘယ်သူကဇွတ်ပေးပေးမယူဘူး။
အဲ.ကြိုက်ပြီဟေ့ဆိုရင်လည်း ဘယ်သူတားတားမရတော့ဘူး။ အတင်းယူမှာပဲဆိုတဲ့ ဇွဲနဘဲနဲ့။
လူကြီးဖြစ်လာတော့ မကြိုက်လည်း ကြိုက်ချင်ယောင်ဆောင်၊ ကြိုက်လည်းမကြိုက်ချင်ယောင်ဆောင်ရတာ တွေနဲ့၊ အယောင်ဆောင်လူသားကြီးကိုဖြစ်လို့။


မှတ်ချက်။ ။စာရေးဆရာ အတ္တကျော် ရဲ့  ထိမ်းမြားပေါင်းဖက်ရန်ဖြစ်လျှက်ပင်ချစ်ကြင်နည်း ဆိုတဲ့စာအုပ်ထဲက နောက်ဆုံးအခန်း ကို အမှတ်တမဲ့ ဖတ်လိုက်မိပြီးတဲ့နောက်အထက်က စာလေးကို သဘောကျလို့ ရိုက်တင်ပေးလိုက်တာပါ။ ဒီစာပိုဒ်လေးက အဲ့ဒီစာအုပ်ရဲ့ အခန်းတစ်နေရာက စာပိုဒ်လေးတစ်ခုပါ။
ခေါင်းစဉ်ကိုတော့ လူ့သဘာဝ လို့ ကိုယ့်ဘာသာပေးလိုက်တာပါ။