Thursday, October 16, 2008

I m Sick


နေမကောင်းဖြစ်ခါစမှာ


ရေခဲရေအေးအေးလေးတခွက်သောက်ခဲ့မိတယ်.....


နေမကောင်းဖြစ်နေတုန်းမှာလည်း


တမက်တမောဆက်သောက်ခဲ့မိတယ်.......


ဟော..................


အခု သေလုမြောပါးဖြစ်ရောလေ...

Tuesday, October 14, 2008

အဘိဓမ္မာအခါတော်နေ့ - (သီတင်းကျွတ်လပြည့်နေ့)

ခင်ပွန်းကြီးဆယ်ပါးတို့အား သိ၍ ဖြစ်စေ မသိ၍ဖြစ်စေ ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့် ပြစ်မှားခဲ့လျှင်၊ ကျေးဇူးကန်းခြင်းရှိခဲ့လျှင် ၊ ကျေးဇူးချေဖျက်ခြင်းရှိခဲ့လျှင်၊ ကျေးဇူးမေ့လျှော့ခြင်းရှိခဲ့လျှင်၊ ကျေးဇူးမဲ့စွာ ကြမ်းတမ်းရိုင်းစိုင်း ကြံစည်ပြုမူပြောဆိုဆောင်ရွက်ခြင်းရှိခဲ့လျှင် ထိုကျူးလွန်ခဲ့သော အပြစ်ကြီးအပြစ်ငယ်များကို ခွင့်လွှတ်ပေးကြပါ…

" သီတင်းကျွတ်အခါသမယ တွင် နတ်ဗြမ္မာ သတ္တ၀ါအားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ…"

* ဓမ္မဒါန* (from http://www.ashinkumara.com/)

Monday, October 13, 2008

ပီတိဟုခေါ်သည်



ဒီလို ခွက်ပဲ့လေးနဲ့ ခပ်လာတဲ့
ရေလေးတခွက် ဆိုရင်တောင်

ဒီထဲမှာ ပါတဲ့ရေဟာ

စေတနာ မေတ္တာအပြည့် နဲ့

တိုက်လိုက်တယ် ဆိုတာလေး
နားလည်ပေးရင်
ရေတိုက်သူတိုင်း
ကျေနပ်ကြစမြဲပါ..