I m Sick
နေမကောင်းဖြစ်ခါစမှာ
ရေခဲရေအေးအေးလေးတခွက်သောက်ခဲ့မိတယ်.....
နေမကောင်းဖြစ်နေတုန်းမှာလည်း
တမက်တမောဆက်သောက်ခဲ့မိတယ်.......
ဟော..................
အခု သေလုမြောပါးဖြစ်ရောလေ...
*လာလည်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်း များနဲ့ ပြည့်စုံကြပါစေ*
Posted by ယူဆဂိ at Thursday, October 16, 2008 2 comment
Labels: feeling
ခင်ပွန်းကြီးဆယ်ပါးတို့အား သိ၍ ဖြစ်စေ မသိ၍ဖြစ်စေ ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့် ပြစ်မှားခဲ့လျှင်၊ ကျေးဇူးကန်းခြင်းရှိခဲ့လျှင် ၊ ကျေးဇူးချေဖျက်ခြင်းရှိခဲ့လျှင်၊ ကျေးဇူးမေ့လျှော့ခြင်းရှိခဲ့လျှင်၊ ကျေးဇူးမဲ့စွာ ကြမ်းတမ်းရိုင်းစိုင်း ကြံစည်ပြုမူပြောဆိုဆောင်ရွက်ခြင်းရှိခဲ့လျှင် ထိုကျူးလွန်ခဲ့သော အပြစ်ကြီးအပြစ်ငယ်များကို ခွင့်လွှတ်ပေးကြပါ…
" သီတင်းကျွတ်အခါသမယ တွင် နတ်ဗြမ္မာ သတ္တ၀ါအားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ…"
Posted by ယူဆဂိ at Tuesday, October 14, 2008 0 comment
ဒီလို ခွက်ပဲ့လေးနဲ့ ခပ်လာတဲ့
ရေလေးတခွက် ဆိုရင်တောင်
ဒီထဲမှာ ပါတဲ့ရေဟာ
စေတနာ မေတ္တာအပြည့် နဲ့
တိုက်လိုက်တယ် ဆိုတာလေး
နားလည်ပေးရင်
ရေတိုက်သူတိုင်းကျေနပ်ကြစမြဲပါ..
Posted by ယူဆဂိ at Monday, October 13, 2008 0 comment
Labels: my note