Wednesday, August 8, 2007

LOVE

"Love is only for loving"


"အချစ်ဆိုတာချစ်နေဖို့သက်သက်ပါဘဲ"

အချစ်ဆိုတာ
ပိုင်ဆိုင်လိုခြင်း..ပေးဆပ်လိုခြင်း..ရယူလိုခြင်း...
အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြပေမယ့်..
ဘာဘဲဖြစ်ဖြစ်ပါ..
ငါ့ရင်ထဲမှာနင့်ကိုချစ်နေရတာကိုက
ငါ့အတွက်တော့ အဓိပ္ပါယ်ရှိနေတယ်လို့ပြောရင်..
ဒါကိုအချစ်စစ်မဟုတ်ဘူးလို့ဘယ်သူပြောမလဲ!
ချစ်နေရရင်လုံလောက်ပါပြီ။

(ရယူလိုမှုမရှိတဲ့အချစ်လောက် ချိုမြတဲ့အချစ်ဘယ်မှာမှမရှိပြီ)

ဒီစကားလေးကိုစကြားဖူးတုန်းက စိတ်ထဲမှာ သိပ်အလေးအနက်နားမလည်နိုင်ခဲ့ပေမယ့်
အခု..ဒီစကားက အလွန်အဓိပါယ်ရှိနေတယ်လို့ခံစားရလို့ အမှတ်တရတင်လိုက်တာပါ

Tuesday, August 7, 2007

မှတ်စုတို..

စိတ်ကောက်ရင်
လူကောက်ဖြစ်တယ်...

စိတ်ဆိုးရင်
လူဆိုးဖြစ်တယ်...

စိတ်ကောင်းတော့
လူကောင်းဖြစ်တယ်...

(အရှင်အာစာရာလင်္ကာ)

Saturday, August 4, 2007

ရင်ထဲကမျက်ရည်

စိတ်ဓါတ်တွေ တဖုတ်ဖုတ်ပြုတ်ကျ
မှတ်ပါ.. သြော် ဒုက္ခ

ဘာလုပ်လုပ် တလွဲဖြစ်နေ
မှတ်သား..နေတတ်စေ

စဉ်းစားထားသမျှ အတွေးများ ပျောက်ပျက်သွား
မှတ်ထား..ဘ၀ခါးခါး

(ဆက်ရေးပေးကြပါ)

Friday, August 3, 2007

အခြေခံကိန်းဂဏန်းအခေါ်အဝေါ်

၁ = iti(အိချိ)
၂ = ni(နိ)
၃ = san(စန်း)
၎ = yon(ယွန်း)
၅ = go(ဂေါ့)
၆ = roku(ရောကု)
၇ = siti/nana(ရှိချိ/ နာနာ့)
၈ = hati (ဟချိ)
၉ = kyuu(ကရူး)
၁၀= zyuu(ဂျူး)

တတိယမြောက်ပို့စ်

ဘာလိုလိုနဲု့ သြဂုတ် ၃ ရောက်သွားပြန်ပြီ။
ဇူလိုင်လတစ်လလုံး ပို့စ် ၃ ခုတင်ပြီး ဆက်မတင်ဖြစ်လိုက်တာ..ယခု သြဂုတ် လ ရဲ့ တတိယမြောက်ပို့စ်ကို
တင်ဖို့. ရေးလိုက်ပါတယ်။ link လုပ်ထားတဲ့ ဘလောက်တွေမနေ့တစ်နေ့ကမှ ၀င်ပြီးနည်းနည်းဖတ်. cbox လေးမှာဝင်ပြောနဲ့အိမ်လည်(ဘလောက်လည်)ဖြစ်သွားတယ်။ တင်မယ်ဆိုရင်.တင်စရာတွေရှိနေပေမယ့်လည်း
စိတ်ကလည်းမအား..လူကလည်းမအား..ကွန်နက်ရှင်ကလည်းမကောင်း နဲ့ ဘာမှမရေးဖြစ်ပါဘူး။
ဟိုအရင်ကဆို..ကိုယ့်အနားမှာရှိတဲ့သူငယ်ချင်းကို စိတ်ထဲရှိသမျှရင်ဖွင့်(အီးမေလ်ပို့တာပြောပါတယ်) လို့ရပေမယ့်၊ ခုတော့သူလည်းသူ့ဒုတ်နဲ့သူအနားမှာမရှိတော့ မနေတတ်မထိုင်တတ်ကိုဖြစ်နေရော။
အရင်ကဆို..ကိုယ်ကလည်း သူ့ဆီ အီးမေလ် နေ့တိုင်းပို့သလို. သူကလည်းမပြန်တဲ့နေ့မရှိသလောက်။
အခုတော့ ကိုယ့် inbox ထဲမှာမေးလ်အသစ်တစ်စောင်တောင်မရှိ။
သူငယ်ချင်းရေ..ဟိုအရင်က
ဂျီတော့ကလေ- connecting.../retry ဘ၀ကနေ အခုတလော singing in ဖြစ်ဖြစ်လာတယ်
မီဘူး ကလည်း- network interrupt မဖြစ်သလောက်
ဒါနဲ့ငါလည်း ဘာမှကိုမဖွင့်တော့ဘူး။
အစစအရာရာ အဆင်ပြေပါစေ...

Thursday, August 2, 2007

သို့

သူငယ်ချင်း

အခုတော့...
ငါတစ်ကောင် အတော်ငေါင်နေပါတယ်
ငါတစ်ယောက် အပျော်ပျောက်နေပါတယ်
ငါတစ်ကိုယ်တည်း ငိုက်မြည်းနေရပါတယ်
သူငယ်ချင်းရေ။


မှတ်ချက်။ ။ဘာရေးလို့ရေးရမှန်းမသိလို့စိတ်ထဲရှိတာလေးချရေးလိုက်မိတာပါ။

Wednesday, August 1, 2007

Fun Quiz !!

ပျော်စရာလေးတစ်ခုပါ..ဖတ်ပြီးရင် ဖြေကြည့်ခဲ့ပါ။
သင်သည် အခန်းတစ်ခုထဲတွင်ရှိနေသည်။ထိုအခန်းထဲတွင်...သင်နှင့်အတူ မြွေသုံးကောင်ရှိနေပါသည်။ထိုသုံးကောင်အနက်. သင်သည် တစ်ကောင်တည်းကိုသာ မဖြစ်မနေသတ်ရမည်ဆိုပါက မည်သည့်အကောင်ကိုသတ်မည်နည်း။
-မျက်နှာကျက်တွင်မြွေတစ်ကောင်-ပြူတင်းပေါက်တွင်တစ်ကောင်-တံခါးပေါက်တွင်တစ်ကောင်



မှတ်ချက်။ ။ အဖြေကိုနောက်မှပြောပြမယ်နော်


အဖြေ

(တံခါးပေါက်ကမြွေကိုသတ်သူ)
သူသည် မလုပ်ခင်မှာလည်း သေချာစဉ်းစားပြီးမှလုပ်သလို၊ လုပ်ပြီးရင်လည်းသူ့ရဲ့ လူမှုရေး/အချစ်ရေး/အိမ်ထောင်ရေးကသာယာတတ်ပါတယ်တဲ့။

(မျက်နှာကျက် ကမြွေကိုသတ်သောသူ)
သူကတော့ စိုးရိမ်စိတ်နဲ့ သိပ်မစဉ်းစားဘဲ လက်ရှိပြသနာကို အမြန်ဖြေရှင်းတတ်တဲ့စိတ်မြန်လက်မြန်လူပါ။
သူ့ရဲ လူမှုရေး/့အချစ်ရေး/အိမ်ထောင်ရေးကသိပ်မသာယာတတ်တာများပါတယ်တဲ့.။
သူဟာအမြဲချောင်ပိတ်မိနေတတ်ပါတယ်တဲ့။

(ပြူတင်းပေါက်ကမြွေကိုသတ်သောသူ)
သူကတော့နည်းနည်းထူးခြားပါတယ်..ဘာမှကိုမစဉ်းစားချင်တဲ့သူပါတဲ့။
ဒါပေမယ့် သူ့ဘ၀က သူ့ကံပေါ်မှာဘဲ အမြဲမူတည်နေတတ်သူပါလို့ဆိုပါတယ်။
ပြူတင်းပေါက်အနိမ့်အမြင့်ပေါ်မူတည်သလိုပေါ့လေ။

အားလုံးအဖြေလေးတွေကို ကျေနပ်ကြပါစေ..။ဒါ..ဆဂိပြောတာမဟုတ်ဘူးနော်။ သူများဆီကကြားတာလေးကို အပျော်သဘောလေး တင်ပေးတာပါ။ မှန်ချင်မှလည်းမှန်မှာပါ။
လူတိုင်းက သူ့ဘ၀နဲ့သူ. သူ့ကံနဲ့သူ လာပြီးသားပါ။
ကဲ.. ကိုယ့်အဖြေလေးနဲ့ကိုယ့်ကံကြမာလေးများတိုက်ဆိုင်လားပြောပြပါအုံးနော်။

မှတ်ချက်။ ။ စိတ်ဝင်တစားဖြေပေးကြပါသော သူငယ်ချင်းများကို ဆဂိ ကျေးဇူးတင်ပါတယ်။
သြော် ဆဂိ အမေးခံရတုန်းကဘာဖြေလိုက်လဲဆိုတာလေး ပြောလိုက်ပါအုံးမယ်။
ဆဂိ က မျက်နှာကျက်ကမြွေကို သတ်ပါမယ်လို့ မေးခွန်းဆုံးတာနဲ့တန်းဖြေထဲ့လိုက်တာ ..ဟားဟား။