Thursday, May 31, 2007

အခက်ကြီး ၃ ပါး

တတ်ရဲ့ သားနဲ့ မပြောတတ်တာ စကား

ရှိရဲ့ သားနဲ့ မရှာတတ်တာ တရား

သိရဲ့ သားနဲ့ မဆပ်ဖြစ်တာ ကျေးဇူး

Wednesday, May 30, 2007

ပဌာန်း ဒေသနာတော်ကြီး သုံးသပ်ရွတ်ဖတ်ခြင်း အကျိုး

ပဌာန်း ဥဒ္ဒေသနှင့် နဒ္ဒေသတို့ကို သုံးသပ်ရွတ်ဖတ်ခြင်းအားဖြင့် မျက်မှောက် ချက်ချင်းအခါမလင့် အောက်ပါ ကောင်းကျိုးများ ရနိုင်ပေသည်။

(၁)
ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေး
န္တရာယ်အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း။
(၂) ကျရောက်လ
တ္တံ သောဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း။
(၃) အပြစ်ကင်း၍ ကောင်းကျိုးပွားသည့် ဆောင်ရွက်ချက် ကိ
စ္စအ၀၀တို့ကို ပြီးစီးအောင်မြင် စေနိုင်ခြင်း။
(၄)
အပြစ်ရှိ
၍ မကောင်းကျိုး ဖြစ်စေမည့် ကျူးလွန်ခြင်းတို့မှ ရှောင်လွှဲနိုင်ခြင်း။
(၅) အချုပ်အားဖြင့် ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိ
စ္စခပ်သိမ်းတို့ကို ပြီးငြိမ်းအောင်မြင်စေနိုင်ခြင်း။
(၆) အဆုံးစွန်သော ဘ၀၌ နိဗာန်ကို မျက်မှောက်ပြုရခြင်း စသည့် အကျိုးတရား....တို့ပင်တည်း။


”အတုမဲ့ တန်ခိုးတော် ထင်ပေါ်လာခြင်း”
မြတ်စွာဘုရားရှင် ဟာ ပဌာန်း ဒေသနာတော်ကြီးကိုသုံးသပ်ဆင်ခြင်တော်မူသောအခါမှသာ ရှင်တော်မြတ် ဘုရား၏ ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထွက်ပေါ် ကွန့်မြူးလာကာ အနန္တစကြ၀ဋာသို့ ပျံ့နှံ့ထွန်းလင်းလွှမ်းမိုးလာတော့သည်။ ရှင်တော်မြတ်ဘုရား၏ ဥာဏ်တော် အနန္တကို ထင်ရှား ပေါ်လွင်စေသည့် အခမ်းအနားကြီးကို ကျင်းပဘိသကဲ့သို့ ဖြစ်တော့သည်။ ဥာဏ်တော် တန်ခိုးတော်တို့သည် အတုမဲ့ ပြိုင်ဘက်ကင်းသည့် အထွတ်အထိပ်သို့ ရောက်ချေပြီဟု မရေမတွက်နိုင်လောက်အောင် များပြားလှသည့် နတ်၊ ဗြဟာ အပေါင်းတို့သည် လှိုက်လှိုက်လှဲလှဲ ကြည်ညိုသဒါလွန်ကြူးစွာဖြင့် ခြေတော် ဦးခိုက် ပူဇော်လေသည်။
ပဌာန်း ဒေသနာတော်ကြီး ကိုသုံးသပ်မှသာ ဥာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တ ဖြစ်ကြောင်း ပေါ်လွင် လာပေသည်။
သို့ဖြစ်သောကြောင့် ”ကောင်းရာမြတ်နိုး ကောင်းအောင်ကြိုးပမ်း”နေသူများအတွက် ကောင်းကျိုးတွေ ဖြိုးဝေအောင် တန်ခိုးရှိန်စော် အာနုဘော်တို့ တိုးတက်စေသည့် ပဌာန်း ဒေသနာတော်ကြီး ကို နေ့ညမပြတ် ရွတ်ဖတ်ကြရပေမည်။ သို့မှသာ မိမိတို့ သန္တာန်၌ ကိန်းအောင်းနေသော ကာယအား ဥာဏအား အစွမ်း သတ္တိတို့ပေါ်လွင်လာမည်။ ထွန်းတောက်မည်။ ထက်မြက်မည်။
ထို့ကြောင့် ဖြူစင်ကောင်းမွန်သည့် စေတနာရှင်တို့သည် မိမိတို့ မျှော်မှန်းထားသော ကောင်းမြတ်သည့် ကောင်းကျိုးဟူသမျှကို မုချအောင်မြင်ရရှိနိုင်ကြစေရန် ရည်သန်ကာ ပဌာန်း ဒေသနာတော်ကြီး ကောင်းကျိုးကို တင်ပြလိုက်ရပေသည်။ အခါမလပ် ထက်ကြက်မကွာ ပြုနိုင်ကြပါစေသတည်း..........။


သူငယ်ချင်းအတွက့် ဆုတောင်း

သူငယ်ချင်းရေ...
ငါဆုတောင်းပေးနေပါတယ်..
အဆင်ပြေပါစေဟာ..
ဒီနေ့အသစ်မတင်နိုင်တာ လာလည်တဲ့မိတ်ဆွေများခွင့်လွှတ်ပေးပါ။
ဒီနေ့ အရေးကြီးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့သီတင်းကိုစောင့်နေရလို့ပါ။

Sunday, May 27, 2007

နှစ်သက်မိသောကဗျာများ

(လမ်းခွဲတာ ၀မ်းနည်းစရာလား)

မြစ်ပြင်ထဲက ဗေဒါတွေဟာ

လေကြောင့်ပဲပေါင်းဆုံကြသလို
လေကြောင့်ပဲကွဲကွာသွားကြပါတယ်။
သံသရာမြစ်ပြင်ထဲက
လူသားတွေဟာလည်း

ကံကြောင့်ပဲဆုံဆည်းခွင့်ရကြသလို
ကံကြောင့်ပဲခွဲခွာကြရပြန်ပါတယ်။
ကံကြုံရင်ပြန်ဆုံကြဦးမှာပေါ့။

လမ်းခွဲမှာ ၀မ်းနည်းစရာမလိုပါဘူးလေ......

--------------------------------------------

(
အခုတော့လည်း...သူစိမ်းတွေလိုပါပဲလား)

မေတ္တာ တိမ်းပါးလို့
စိမ်းကားစွာလမ်းခွဲခဲ့ကြပြီဆိုမှဖြင့်
ဝမ်းနည်းစရာအဖြစ်အပျက်တွေပဲ
အသစ်ဆက်ပေါ်လာတော့မှာပေါ့။
”အခုတော့လည်း...သူစိမ်းတွေလိုပါပဲလား”
ဆိုတဲ့စကားက
ကျက်သရေအပေါင်းခညောင်းနေတဲ့
မင်္ဂလာစကားမှမဟုတ်ပဲကွယ်....

------------------------------------------

(ကြွေးကင်းလျက်သာ၊ လမ်းခွဲပါ၊ စိတ်မှာဝမ်းမနည်း)

ပိုက်ဆံအကြွေးတင်တာထက်
မေတ္တာ အကြွေးတင်တာက
အဆပ်ရပိုခက်ပါတယ်။
ကြွေးဆိုတာကြွေးရှင်နဲ့တွေ့တုန်းပဲ
ဆပ်ခွင့်ရတာလေ။
သံသရာခရီးဖော်တွေအပေါ်
မေတ္တာကြွေးအကျေဆပ်နိုင်ရင်
အနေမြတ်ရုံမက
အသေတတ်ဖို့လည်းသေချာပါတယ်.....

------------------------------------------
(
သံသရာတစ်ကွေ့ ၀ယ်..)

ရှေးရေစက်ကြီးလွန်းလို့
တွေ့ခွင့်ဆုံခွင့်ချစ်ခင်ခွင့်
ရခဲ့ကြတာမဟုတ်လား။
ဘာလို့များတစ်ယောက်အပေါ်တစ်ယောက်
ခွင့်မလွှတ်နိုင်လောက်အောင်
စိတ်ဆိုးငြိုးတေးနေရတာလဲ။
နာကျည်းမှုကုဋေကုဋာနဲ့
ဝမ်းနည်းစွာလမ်းခွဲခဲ့ကြမှတော့
သံသရာတစ်ကွေ့ ပြန်လာတွေ့တဲ့အခါ
ဘယ်လိုအပြုံး၊ ဘယ်လိုမျက်လုံးတွေနဲ့
နှုတ်ဆက်ဖက်ပွေ့ကြမလဲကွယ်....

Friday, May 25, 2007

ဘ၀တိုက်ပွဲ

အချိန်ကိုစောင့်ရင်းဆက်လက် ချီတက်နေပါ...
ဘ၀ဆိုတာ အခွင့်အရေး ၁ကြိမ်တော့ပေးစမြဲလို့ ယုံကြည်ထားပါ။
အခွင့်အရေးပေးလာတဲ့အချိန်မှာ.. အမိအရဖမ်းဆုပ်ထားပါ။
လူဖြစ်လာတယ်ဆိုတာကုသိုလ်ထူးလို့ပါ ။
အချိန်မတန်သေးခင်မှာ ဘာဖြစ်ချင်ချင် မဖြစ်ပါဘူး.
ကံ+ ဥာဏ်+ ၀ီရိယ ပေါင်းမှပါ။
ကံ မလိုက်သေးပေမယ့်.. ဥာဏ် နဲ့ ၀ီရိယ ကို မလျှော့ပါနဲ့။
ဖြစ်ပျက်နေသမျှတွေဟာ...အကြောင်းရှိပါတယ်။

စာတိုပေစလေးတစ်ခု

ရေဟာကျိုက်ကျိုက် ဆူနေအောင် ပူနေပေမယ့် မီးခဲကိုတော့ ငြိမ်းစေနိုင်တယ်။

ရွှံညွှန်နဲ့ နောက်ကျိနေတဲ့ ရေဟာလည်း မစင်အညစ်အကြေးကိုတော့ ပြောင်စင်စေနိုင်တယ်။

သစ်သီးမှာ အပုပ်အနာရှိပေမယ့် ငတ်မွတ်ဆာလောင်နေသူကိုတော့ အဆာပြေပျောက်စေနိုင်တယ်။

Wednesday, May 23, 2007

အသေအချာမသိဘဲ နဲ့ ဘာလို့များတဖက်သားကိုစွပ်စွဲချင်ရတာလဲ

ကုရုတိုင်းက တံခါးစောင့် ငါးပါးသီလ ကို အလေးအနက်အထွတ်အမြတ်ထားပြီး ဂရုတစိုက်ကျင့်သုံးပုံကလည်း ကြည်ညို လေးစားစရာ ကောင်းပါတယ်။
တစ်ခုသောညနေချမ်း မြို့တံခါးပိတ်ချိန်မှာတံခါးစောင့်က တံခါးပိတ်တော့မယ့်အကြောင်း သုံးကြိမ်ကြွေးကြော် လိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ မြို့ အပြင်ဘက် ခပ်လှမ်းလှမ်းကနေ သူဆင်းရဲတစ်ယောက် နဲ့ မိန်းမပျိုလေး တစ်ယောက် မြို့ထဲဝင်ဖို့ အူယားဖားယား ပြေးလာပါတယ်။
တံခါးစောင့်လည်း နောက်ကျမှ အပေါက်ဝရောက်လာတဲ့ သူတို့နှစ်ယောက်ကို စိတ်ပေါက်ပေါက် နဲ့ ဟောက်ချလိုက်ပါတယ်။ ”ဘာလို့ ဒီလောက်တောင်နောက်ကျနေကြရတာလဲ၊ ဒါမင်းမဲ့တိုင်းပြည်မဟုတ်ဘူး၊ ဒီတိုင်းပြည်မှာ ရှင်ဘုရင်ရှိတယ်၊ ဒီအချိန်မှာ မြို့တံခါးပိတ်တယ်ဆိုတာ မသိကြဘူးလား။ ကိုယ့်မယားနဲ့ကိုယ်
တောထဲမှာ စည်းမရှိကမ်းမရှိ ပျော်ပါးချင်တိုင်း ပျော်ပါးပြီး အခုမှ ပြန်လာရသလား၊ နောက်ကျတဲ့ ပေါက်ကရတွေ အပေါက်ဝမှာ ကျောက်ချထားလိုက်ရလို့။”
တံခါးစောင့်ရဲ့ စကားအဆုံးမှာ သူဆင်းရဲက အခုလို ပြန်ပြောလိုက်ပါတယ်။
”အို...တံခါးမှူးကြီးခင်ဗျာ.. ဒါကျနော့်မယားမဟုတ်ပါဘူး. ကျနော့် နှမ(ညီမ)ပါ။ တောထဲထင်းခွေသွားတာပါ။ ကျနော်တို့မောင်နှမက ဆင်းရဲလွန်းလို့ ထင်းခွေစားရတာပါခင်ဗျာ”
ထင်းခွေယောကျာ်းသူဆင်းရဲသားလေးရဲ့ ဖြေရှင်းချက်လည်းကြားရရော တံခါးစောင့်ခမျာ အကြီးအကျယ် ထိတ်လန့် တုန်လှုပ်သွားပါတယ်။
”အို..ဘုရား..ဘုရား.. ငါတော့အမှာကြီးမှားပါပကောလား။ မယားမဟုတ်တဲ့ နှမအရင်းခေါက်ခေါက်ကို မယားလို့စွပ်စွဲမိပြီ၊ တစ်ဖက်သားအကြောင်းသေချာမသိဘဲနဲ့ ရမ်းသမ်းစွပ်စွဲမိတဲ့အတွက် ငါတော့ မုသာဝါဒကံ ထိုက်ပြီထင်ပါရဲ့”ဆိုပြီး သူ့ရဲ့ငါးပါးသီလအပေါ် စိတ်မသန့်ဖြစ်နေပါတယ်။
တကယ်တော့သူတစ်ပါး အကျိုးပျက်စီးလိုတဲ့စိတ်၊ သူတစ်ပါးဂုဏ်သတင်း ညှိုးနွမ်းစေလိုတဲ့စိတ်နဲ့ တမင် သက်သက် လိမ်ညာညဏ်ဆင်ပြီး စွပ်စွဲပုတ်ခတ်တာမှမဟုတ်ဘဲ။ တကယ်မသိလို့ မှာဆူ. မှားငေါက်မိတာ ဘာကံမှမထိုက်ပါဘူး။
ပြောပြစရာအပြစ်ဆိုလို့ အပြစ်မဟုတ်တဲ့ ဒါလေးပဲရှိတဲ့ တံခါးစောင့် ရဲ့ ငါးပါးသီလ ကိုမှ ဂရုဓမ္မ လို့မပြောရင် ဘယ်သူ့ ငါးပါးသီလ ကို ဂရုဓမ္မ လို့ ပြောဦးမှာလဲ။

ကောက်နှုတ်ချက်။ ။ (အရှင်ဆန္ဒာဓိက ၏ လောက၌အကောင်းဆုံးသောအရာ)