Thursday, October 25, 2007

ငါသည်တစ်နေ့မုချသေရမည်

သေခါနီးမှာ(လောဘ)မှတ်လျှင် ပြိတ္တာ၊ အသူရကာယ်ဖြစ်။
မမှတ်လျှင်မဖြစ်။
သေခါနီးမှာ(မောဟ)မှတ်လျှင် တိရစ္ဆာန်ဘုံမှာဖြစ်။
မမှတ်လျှင်မဖြစ်။
သေခါနီးမှာ(အနိစ္စ၊ ဒုက္ခ၊ အနတ္တ)မှတ်လျှင် ဗြဟ္မာဘုံ ၂၀ မှာဖြစ်။
မမှတ်လျှင်မဖြစ်။
သေခါနီးမှာ(ဗုဒ္ဓေါ၊ ဓမ္မော ၊ သံဃော)မှတ်လျှင် လူနတ် ၇ ဘုံမှာဖြစ်။
မမှတ်လျှင်မဖြစ်။
သေခါနီးမှာ(အကြောင်းကံ)သတ်လျှင် နိဗ္ဗာန်ဝင် အစဉ်ရပ်သွားမည်။

(ဆရာတော် ဦးကုသလ)

မှတ်ချက်။ ။မဂ္ဂဇင်းတစ်ခုကနေ အမှတ်တမဲ့ ဖတ်မိလိုက်တာလေးကို သူငယ်ချင်းအားလုံးအတွက် ပိုစ့်တစ်ခုရိုက်တင်ပေးလိုက်တာပါ

Tuesday, October 23, 2007

သို့/


ဘလောက်သူငယ်ချင်းများ,

သူငယ်ချင်းများဆီသို့ သတိတရစာရေးလိုက်ပါတယ်။
ဘာပို့စ်အသစ်မှ တင်မထားပေမယ့် ဆီဘောက်မှာ ၀င်အော်သွားကြတဲ့သူငယ်ချင်းများကို
အလွန်အားနာမိပါတယ်။
အသစ်ကလည်းရေးချင်ပါတယ်။ စိတ်နောက်ကို လူ နဲ့ ကွန်ပျူတာက ပါမလာလို့ပါ။
ပဋ္ဌာန်း ၂၄ ပစ္စည်း ဆုတောင်း လည်းဆက်ရေးပေးမှာပါ။
ကားလည်းပျက်မသွားသေးပါဘူး။ ဆက်မောင်းနေတုန်းပါ။ ဟတ် ဟတ်။
သမအောင်လည်းရောမမွှေတော့ပါဘူး။ (အချိုမှုန့် ကုန်နေလို့ပါ) ဒါနဲ့ ခွေးစာလည်းမကျွေးဖြစ်လိုက်ဘူးလေ။
အလုပ်တွေရှုပ်နေတယ်လို့ ဆင်ခြေ ဆင်လက် ဆင်ခြေထောက် ဆင်ခေါင်း တွေပေးလိုက်ပါရစေ။(စွပ်ပြုတ်လုပ်စားဖို့ -- တစ်ယောက်နဲနဲစီ- ခွဲယူကြနော်. မလုကြနဲ့။ ဟတ် ဟတ်)
အားလုံးကို ပျော်စေချင်လို့ နောက်တာပါ

နေကောင်းတာကတော့ ဒေါင်ဒေါင်မည် သူငယ်ချင်းတို့ရေ။
စာကို ဒီနေရာမှာရပ်ခွင့်ပြုပါဦး။ နောက်မှ စာထပ်ရေး အဲ..ပို့စ်အသစ်တင်လိုက်ပါမယ်။
ကဲ...သူငယ်ချင်းတို့...
ဆဂိ ပို့စ်အသစ်တွေထပ်တင်ဖို့ စိုင်းပြင်းနေပါတယ်။ မှန်မှန်တော့လာလည်ကြပါလို့။

ခင်မင်လေးစားစွာဖြင့်
ဆဂိ

PS: ပေါရက်လိုက်တာလို့ လည်းမှတ်ချက်ပေးမသွားကြနဲ့အုံး။

Tuesday, October 9, 2007

S I N G A P O R E

"MRT"-(ဘူတာရုံ လို့ ဆိုပါတော့)
ez.link ဆိုတဲ့ ကဒ်လေးဖြတ်ပြီး အထဲကိုဝင်ရတယ်


ရထားစောင့်နေတာ

S I N G A P O R E

S'pore River Side
မနက်စောစော နဲ့ ညနေခင်းမှာ တော်တော်ထိုင်လို့ကောင်းတဲ့နေရာလေးတစ်ခုပါဓါတ်ပုံရိုက်ရတာကို အရမ်းဝါသနာ ပါတဲ့အတွက် မြင်မြင်သမျှ အကုန်ရိုက်ပါတယ်။
ရိုက်ထားသမျှထဲက ကောင်းနိုးရာရာလေးတွေ တင်လိုက်တာပါ။

Monday, October 8, 2007

ကျေးဇူးတရား


ဒီပိုစ့်ကို စရေးတဲ့အချိန်ကတော့ ည ၁၂ နာရီတိတိပါ။ အိပ်နေရာကထလာပြီး ဆက်အိပ်ချင်စိတ်ကို မရှိတော့တဲ့အတွက် ကွန်ပျူတာဖွင့်ပြီး ဘလောက်တွေဖတ်ရင်းနဲ့ စိတ်ထဲရှိတာလေးကောက်ရေးလိုက်မိတယ်...
ကျေးဇူးတရား ဆိုတာ လူတိုင်းမကင်းကြဘူးပြောရင်လက်ခံကြပါ့မလားတော့မသိဘူး..
ဆဂိ ဘ၀မှာတော့ ကျေးဇူးရှင်တွေ....
ကျေးဇူးရှင်တွေ...များမှများ.. အရင်ဆုံး မိဘနှစ်ပါး။ နောက်တော့ ဆရာသမား...နောက်တော့.....နောက်တော့...
ကိုယ့်ကို တစ်ခုခုလေးများကူညီပေးလိုက်ရင် လူတွေပြောတတ်ကြတယ်. "ကျေးဇူးတင်ပါတယ်" တဲ့။
သင့်အပေါ် ကျေးဇူးတင်သွားပါပြီလို့ နှုတ်နဲ့စာချုပ်ချုပ်လိုက်သလို ခံစားမိကြသလား၊
ဒါမှမဟုတ် လောကွတ်ချော် သမန်ကာလျှံကာ ၀တ္တရားအရ အကျင့်ပါနေလို့ အလွယ်ပြောလိုက်ကြတာလား။
အင်...အခြားလူတွေ ဘယ်လိုတွေးတောတယ်ကိုပြောချင်လို့မဟုတ်ပါဘူး။ ကိုယ့်အကြောင်းပါ..
ဒီနေ့ ဒီအချိန်ထိ- ကိုယ်က ကျေးဇူးတင်ပါတယ် လို့ပြောခဲ့တာ နဲ့ ကိုယ့်ကို ကျေးဇူးတင်ပါတယ်လို့ ပြောသွားကြတာ ဘယ်ဟာကပိုများနေမလဲ တွေးမိတာပါ။
ဒီအတွေးတွေ ဒီညမှ အကြီးအကျယ်တွေးနေတာပါ။
တကယ်တော့ ကျေးဇူးတရားဆိုတာကို တန်ဖိုးထားမိရင်၊ ကျေးဇူးတရားကို တကယ်နားလည်ရင်...
ကျေးဇူးရှင်အပေါ် ကျေးဇူးမတုံ့ပြန်နိုင်ခင်မှာ နားလည်ပေးရမှုတွေ ၊ သည်းခံမှုတွေ စတဲ့ အရင်းနှီးတွေ မြှုတ်နှံရတယ်လို့ခံစားရပါတယ်...
ဆဂိ တစ်ယောက် ဘာတွေပြောနေမှန်း နားမလည်.. နားရှုပ်သွားရင်တော့ ဆောရီးပါ။ ဒီအထိ ဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်...
ဟော- တင်ပြန်ပြီ ကျေးဇူး...အလကားနေရင်းကို အဲ့ဒီလို ကျေးဇူးသေးသေးလေးတွေ လူတွေအပေါ် တင်ခဲ့တာ များလှပေါ့..
အော်- ငါဒီကျေးဇူးတွေ ဒီတစ်ဘ၀တည်းနဲ့ဘယ်လိုများ ဆပ်လို့ပြီးပါ့မလဲ....စဉ်းစားကြည့်တာပါ
ဆဂိ၏ ကျေးဇူးရှင်အပေါင်း အပထားလို့..လတ်တလော လတ်လတ်ဆတ်ဆတ်ကျေးဇူးရှင်တို့ရေ...
ကျေးဇူးတရားရဲ့ အောက်မှာ Uဆဂိ တစ်ယောက် ပြားပြားဝပ်နေပါရော့လား...
ဒါကို သိအောင်လည်းပြောပြမနေတော့ပါဘူး။ လက်တွေ့အကောင်အထည်ဖော်နိုင်ပြီး ကျေးဇူးဆပ်နိုင်တဲ့နေ့ အမြန်ရောက်ရပါလို၏ လို့ဆုတောင်းနေပါတယ်


မှတ်ချက်။ ။ ကျေးဇူးတရားတွေအောက် ဆဂိ လိုများ ပြားပြားဝပ်နေကြပါသလား။ ကိုယ့်ဘလောက်လေးပေါ်မှာ ကိုယ်ခံစားရသမျှတွေဒီလိုရေးခွင့်ရတဲ့အတွက် ဘယ်သူ့ကိုများကျေးဇူးတင်ရပါ့.....

Thursday, October 4, 2007

ပဋ္ဌာန်း ၂၄ ပစ္စည်း ဆုတောင်း


၁။ ဟေတု ပစ္စယော

အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။

၂။ အာရမ္မဏ ပစ္စယော

မျက်စိနှင့်နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား။

၃။ အဓိပတိ ပစ္စယော

ရုပ် နာမ် နှစ်ပါးကို စောင့်ရှောက် ထိန်းသိမ်းရပါစေသား။

၎။ အနန္တ ပစ္စယော

များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား။

၅။ သမနနရ္တ ပစ္စယော

ရုပ် နှင့် နာမ် အတူရှိသော တရားတို့ကို မျက်မှောက်ပြုရပါစေသား။

၆။ သဟဇာတ ပစ္စယော

ရုပ် - ရုပ်ခြင်း၊ နာမ်- နာမ်ခြင်း ထင်ရှားစွာသိရပါစေသား။

၇။ အညမည ပစ္စယော

ရုပ်မှနာမ်သို့ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား။

၈။ နိဿယ ပစ္စယော

ရုပ်နာမ်နှစ်ပါးတို့၏ တည်ရာကို သိရပါစေသား။

၉။ ဥပနိဿယ ပစ္စယော

ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။

၁၀။ ပုရေဇာတ ပစ္စယော

ရှေ့ကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။

နောက်နေ့ဆက်ရန်…


မှတ်ချက်

(သိပြီးသူများ ထပ်မံသတိရပွားများစေရန် နှင့် မသိသေးသူများ သိရစေရန် ရည်ရွယ်ပါသည်)

Monday, September 17, 2007

Yesterday | Today | Tomorrow


"Today"
will become "Yesterday".

"Yesterday" was became from "Today".
If so,
What do you want to do today?
What did you do yesterday?
But
Today I am busy
Yesterday I was busy
Tomorrow I will busy