ယောကျာ်းနှင့်မိန်းမ စိတ်ဓါတ်ကျပုံချင်းမတူကြပါ
မှတ်ချက်။ ။Wellness Health & Beauty Magizine No 37. January,2008. (Doctor Phay Zaw Oo) ၏ဆောင်းပါးအား စာအမည်း တင်ပေးလိုက်ရပါသည်။
*လာလည်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်း များနဲ့ ပြည့်စုံကြပါစေ*
Posted by
ယူဆဂိ
at
Sunday, January 20, 2008
0
comment
Labels: Knowledge sharing
ခနိုး ခနဲ့ ဆို ကဲ့ရဲ့ လည်း
Posted by
ယူဆဂိ
at
Sunday, January 13, 2008
0
comment
Labels: my note
သူငယ်ချင်းတို့ အားလုံး ဗွီဒီယို ရုပ်ရှင်တွေကြည့်ဖူးကြမှာပါဘဲ။
သရုပ်ဆောင်ပေါင်းများစွာဟာ ဇာတ်လမ်းအရ ကျရာဇာတ်ရုပ်မှာသရုပ်ဆောင်ကြတယ်။
မင်းသား၊ မင်းသမီး ၊ လူကြမ်း ၊ ဇာတ်ပို့ ၊ ဇာတ်ရံ စသဖြင့်..။
ရုပ်ရှင်ထဲမှာပါတဲ့ လူကြမ်းတွေ ၊ သူများအပေါ်မှာမကောင်းကြံ၊ ယုတ်မာ တဲ့သူတွေဆို သရုပ်ဆောင်တွေက ပီပီပြင်ပြင်သရုပ်ဆောင်ကြသလို၊ ကြည့်တဲ့ပရိသတ်ကလည်း ဒီလူတွေဆို ကြည့်နေရင်းနဲ့ ဒေါသဖြစ် မုန်းတီး ကြတယ်လေ။ လူကြမ်း ၊ လူဆိုး နာရင် အလိုလိုဝမ်းသာပေးကြတယ်။
ဒါဘာလို့လဲ..ရှင်းရှင်းလေးပါ..
လူတွေဟာ အကောင်း အဆိုးကို ကောင်းကောင်းခွဲခြားနိုင် သလို၊ မသိစိတ်ထဲမှာ စိတ်ကောင်းစေတနာလေးတွေ အနည်းအများရှိနေလို့ပါ။
သိပ်ရှည်ရှည်ဝေးဝေးလည်းမရေးတော့ပါဘူး..
ဆိုလိုချင်တာက..
ကိုယ့်ဘ၀ဇာတ်လမ်းမှာ ကိုယ်ဘာလုပ်မလဲဆိုတာပါဘဲ။ လူတွေမချစ်ရင်နေပါစေ။ လူမုန်းခံမလား။
မင်းသား၊ မင်းသမီး မဖြစ်ရင်နေပါစေ..ဇာတ်ပို့ ဇာတ်ရံ ပဲဖြစ်နေပါစေ..လူဆိုးကြီးတွေတော့ မဖြစ်တာအကောင်းဆုံးလို့ထင်ပါတယ်။
Posted by
ယူဆဂိ
at
Wednesday, November 28, 2007
2
comment
Labels: ဓမ္မကုသိုလ်
Posted by
ယူဆဂိ
at
Sunday, November 25, 2007
0
comment
Labels: ဓမ္မကုသိုလ်
*နေ့ရက်တွေများလို့ သေရက်မေ့နေသလား
နေ့ရက်တွေဟာ သေဘက်သို့ပြေးနေတာပါ
*သေရက်မှာ အနေခက်ရင်လေ
ရွှေမျက်နှာ မညှိုးပါလေနဲ့
တောင်ညိုညို နေ၀င်ချိန်မှာ
ကိုယ့်လမ်းကိုယ် လှမ်းရမယ်
*လမ်းကအသွယ်သွယ် လှမ်းဖ၀ါ့ မလွယ်သမို့
အမှောင်အလယ် ယောင်လည်လည်ဖြင့်
မောင်မယ်ပင် ခေါ်သာဘူး
တောင်အကူးမှာ ရှောင်မကူးနိုင်လို့
မှောင်အနက်မှာ တောနရက်ကျရတယ်
ပြေးမထွက်နိုင်ဘူး။
Posted by
ယူဆဂိ
at
Sunday, November 25, 2007
0
comment
Labels: ဓမ္မကုသိုလ်
၁၁။ ပစ္ဆာဇာတ ပစ္စယော
နောက်၌ ဖြစ်စော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။
၁၂။ အာသေ၀န ပစ္စယော
လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။
၁၃။ ကမ္ပ ပစ္စယော
ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။
၁၄။ ၀ိပါက ပစ္စယော
ဝဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
၁၅။ အဟာရ ပစ္စယော
လိုရာကို ပြည့်စုံစွာ ထောက်ပံ့နိုင်ကြပါစေသား။
၁၆။ ဣနြိယ ပစ္စယော
ရုပ်နာမ်ကို ထိန်းသိမ်းတတ်သော ပညာနှင့်ပြည့်စုံရပါစေသား။
၁၇။ ဈာန ပစ္စယော
သူတော်ကောင်းတရား(ရ)ပါးနှင့် ဥာဏ်စင် (၅)ပါး တို့နှင့် ပြည့်စုံရပါစေသား။
၁၈။ မဂ္ဂ ပစ္စယော
ဘာဝနာ (၂)ပါးအပေါင်းကို အာရုံပြု၍ အထွဋ္ဋ်အထိပ် ပညာကို ရပါစေသား။
၁၉။ သမ္ပ ယုတ္တ ပစ္စယော
သူတော်ကောင်းတို့နှင့် ပေါင်းဖက်၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။
၂၀။ ၀ိပ္ပယုတ္တ ပစ္စယော
သူယုတ်နှင့်ဝေ၍ အကုသိုလ်ကို ကင်းရှင်းစွာ သိရပါစေသား။
၂၁။ အတ္ထိ ပစ္စယော
သမုတိနယ်၏ အသိကို ဟုတ်မှန်စွာ သိရပါစေသား။
၂၂။ နတ္ထိ ပစ္စယော
ပရမတ္တ မရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။
၂၃။ ၀ိဂတပစ္စယော
ရှေ့၌ပွင့်ကုန်သော ဘုရားတို့ကို ရှိခိုးရပါစေသား။
၂၄။ အ၀ိဂတပစ္စယော
ပွင့်လတ္တံသော ဘုရားတို့ကို ရှိခိုးရပါစေသား။
"အားလုံးသတ္တ၀ါတွေကျမ္မာကြပါစေ..ချမ်းသာကြပါစေ..ကိုယ်ဆင်းရဲကင်းကြပါစေ..စိတ်ဆင်းရဲကင်းကြပါစေ..
အစစအရာရာအဆင်ပြေကြပါစေ.။"
Posted by
ယူဆဂိ
at
Sunday, November 25, 2007
0
comment
Labels: ဓမ္မ