Showing posts with label စေတနာ သုံးတန်. Show all posts
Showing posts with label စေတနာ သုံးတန်. Show all posts

Friday, July 13, 2007

နှိုးဆော်ခြင်း

မန္တလေးတိုင်း ပြင်ဦးလွင် ခရိုင်၊ မတ္တရာမြို့ နယ်၊ အုတ်တိုက်ကျေးရွာ ၊
ပရဟိတဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းသည်
မတ္တရာမြို့ နယ် ဥက္ကဌမှကြီးမှူး၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန၀ံသ သည်
အစိုးရ၏ ခွင့်ပြုချက်ဖြင့် ၂၀၀၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ
သူငယ်တန်းမှ (၇)တန်း ထိ ကို ၂၀၀၇ ခုနှစ်တွင် တိုးချဲ့၍
ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ယခုအခါ (၈)တန်း (၉)တန်း (၁၀)တန်းများဆက်လက်ဖွင့်လှစ်နိုင်ရန် အတွက်
ထောက်ပံ့လှူဒါန်းငွေများလိုအပ်နေပါ၍ ပရဟိတ လုပ်ငန်းစိတ်ဝင်စားသူများ
လှူဒါန်းလိုသူများ အနေဖြင့် ...

ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန၀ံသ
ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်း
မတ္တရာမြို့ နယ်၊ အုတ်တိုက်ကျေးရွာ
ပြင်ဦးလွင် ခရိုင်၊မန္တလေးတိုင်း။
ဖုန်း၊ ၀၂-၇၉၃၂၆
သို့ လှူဒါန်းနိုင်ပါကြောင်း။

မှတ်ချက်။ ။ ပရဟိတစိတ်ဝင်စားပြီး မသိသေးသော ဘလောက်မိတ်ဆွေများ အား
သိစေရန်အလို့ဌာ သတင်းကောင်းပါးလိုက်ပါသည်။ ရွှေမန်းမှ မိတ်ဆွေလေးများလည်း
သွားရောက်လှူဒါန်းနိုင်ကြပါစေ။

Friday, June 1, 2007

စေတနာ သုံးတန်

”ပုပ်ပ ၊ မုံစ ၊ ပရ”(သတ်ပုံမှားနေပါသည်.ခွင့်လွှတ်ပေးပါ)

အရွယ်သုံးပါးစလုံးချမ်းသာသူ..

  • မလှူခင်မှာ လှူချင်တဲ့ စိတ်ပြင်းပြထက်သန်တဲ့သူဟာ ပထမအရွယ်ကတည်းက ချမ်းချမ်းသာသာနေရပါတယ်..
  • လှူနေတဲ့အချိန်မှာလည်း စေတနာသဒါတရားထက်သန်တဲ့စိတ်နဲ့လှူတဲ့သူက ဒုတိယအရွယ်ထိချမ်းသာပါတယ်..
  • လှူပြီးတဲ့နောက်မှာလည်း ကိုယ့်အလှူတွေအပေါ်မှာ တစိမ့်စိမ့်ကျေနပ်ပီတိဖြစ်နေတတ်တဲ့သူဟာ တတိယထိအောင်ချမ်းသာပါတယ်..တဲ့။

အရွယ်သုံးပါးစလုံးဆင်းဆင်းရဲရဲနေရသူ..
  • လှူချင်တန်းချင်စိတ်ကိုမရှိဘဲ..ကပ်စည်းနည်းတဲ့သူတွေ
  • မလှူချင်လှူချင်နဲ့ လှူလိုက်တဲ့သူတွေ
  • လှူပြီးတော့လည်း တစိမ့်စိမ့်တွေးပြီး နှမြောတသဖြစ်နေတတ်တွေပါ ဘဲတဲ့။

ပုံပြင်လေးတစ်ပုဒ်နဲ့ယှဉ်ပြီးပြောပါရစေ။
တခါတုန်းကရွာတစ်ရွာမှာ အလွန်ချမ်းသာကြွယ်ဝပြီးအလှူအတန်းရက်ရောတဲ့ သူဌေးကြီးတစ်ဦး ရှိပါသတဲ့.။
သူဟာ သူ့ထက်အသက်ထက်ဝက်ငယ်တဲ့ သူဆင်းရဲမလေး ကိုလက်ထပ်ယူထားပါသတဲ့။ အလှူအတန်းရက် ရောသူဆိုတဲ့အတိုင်း နေ့တိုင်း အလှူလုပ်ပါတယ်တဲ့။
တစ်နေ့တစ်နေ့ဘာလှူရင်ကောင်းမလဲဘဲစဉ်းစားနေတဲ့သူဌေးကြီးရဲ့ဇနီးသည်ကတော့သူဌေးကြီးလှူသမျှကို
နှမြောတသဖြစ်နေတတ်ပါတယ်တဲ့။
သူဌေးကြီးကတော့သူ့အလှူမှာလူတွေစားကြသောက်ကြဆိုရင်အလွန်ပီတိဖြစ်သတဲ့။ စားနေသူတွေကိုလည်း များများထည့်စားဖို့ နဲ့ အလှူပြီးလို့ ပိုသမျှတွေကိုလည်း ယူသွားခိုင်းတယ်တဲ့။ အလှူပြီးသွားရင်လည်း॥သူ့အလှူကိုအမြဲကျေနပ်ဝမ်းသာနေပါတယ်တဲ့।သူ့ဇနီးကတော့အလှူတစ်ခါလုပ်ပြီဆိုတာနဲ့ ဖိတ်ထားတာထက် လူတွေ ပိုလာရင်လည်းလူတွေကလာလိုက်ကြတာ॥ စားလိုက်ကြတာ နဲ့ သူ့မှာ နှမြောတသစိတ် တွေ ဖိစီးနေလေ့ ရှိပါတယ်တဲ့။ ဒီလိုဖြစ်နေတဲ့သူ့ဇနီးကို တနေ့ကျတော့ သူဌေးကြီးက စေတနာသုံးတန်အကြောင်းကို ပြောပြတဲ့ အခါမှာသူ့ဇနီးခမျာခြုံးပွဲချငိုပါတယ်တဲ့။ သူမှားပါကြောင်းပြောပြီး နောင်အခါသူလည်း စေတနာသုံးတန် နဲ့ လှူဒါန်းပါမည့်အကြောင်းကတိပေးသစ်စာဆိုပါတော့တယ်တဲ့။

  • မလှူခင်မှာ လှူချင်စိတ်ပြင်းပြပြီ..တကယ်လှူတဲ့အခါမှာ နှမြောတွန့်တို နေတဲ့သူဟာ ပထမအရွယ်မှာ ချမ်းသာပြီး ဒုတိယအရွယ်မှာ ဆင်းရဲသွားတတ်ပါတယ်တဲ့။
  • လှူချင်စိတ်ပြင်းပြစွာ လှူလိုက်မိပြီးမှ ပြန်တွေးပြီး နှမြောနေတတ်သူဟာ တတိယအရွယ်မှာ ဆင်းရဲပါလေရောတဲ့။
စိတ်မပြတ်ဘဲလှူတဲ့အလှူဟာ အလှူဒါနမမြောက်ပါဘူး။ ကိုယ်လှူနိုင်သလောက်လေးကိုဘဲစိတ်ပြတ်ပြတ်လှူတာဟာကုသိုလ်ရပါတယ်။
ဒီစေတနာသုံးတန် လေးကိုဖတ်ပြီးနောက်မှာ တကယ်စေတနာသုံးတန်ထားနိုင်မှ စိတ်ပြတ်ပြတ်လှူနိုင်ကြပါစေ။