သေတမ်းစာ
အခြေအနေ အရပ်ရပ်ကြောင့် ပစ်ထားတာ ကြာပြီဖြစ်သော ဘလောက်လေးအား ဖုန်ခါရင်း...
ပို့စ် အသစ်လေးတစ်ခု တင်လိုက်ခြင်းဖြစ်ပါသည်....
ကျေးဇူးတင်စွာဖြင့်
ယူဆဂိ
*လာလည်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်း များနဲ့ ပြည့်စုံကြပါစေ*
Posted by
ယူဆဂိ
at
Wednesday, June 18, 2008
1 comment
Labels: life
မနက်ဖြန် ငါသေသွားနိုင်တယ်..ငါသေသွားခဲ့ရင် လို့ မည်သူမျှ တကူးတကတွေးမိကြမည်မထင်ပါ..
ဒါပေမယ့်...
မနက်ဖြန် အတွက်လုပ်ရန်ရှိသော..ကိစ္စအချို့ တော့ ကြိုတင်တွေးတတ်ကြမည်ဆိုလျှင်မမှားချေ..
လူတချို့ က မနက်ဖြန်အတွက်...
လူတချို့ က သဘက်ခါအတွက်..
လူတချို့ က လာမည့်ရုံးပိတ်ရက်အတွက်..
လူတချို့ က ရှေ့ လ အတွက်...
လူတချို့  က နောက်နှစ်အတွက်... စသဖြင့် ကြိုတင်စီမံကိန်းတွေ ချကြသည်...
ဒါပေမယ့်..
မနက်ဖြန် ငါသေသွားမယ်ဆိုရင်...ဆိုတဲ့ စီမံကိန်းချရန်အတွက်တော့ အမှတ်တမဲ့ ဖြစ်နေပါလိမ့်မည်...
Posted by
ယူဆဂိ
at
Wednesday, June 18, 2008
0
comment
Labels: life
SELECT lw.Bad_W_Mind,lf.Bad_F_Mind,lfd.Bad_Fd_Mind,ll.Hate,ll.Jealous,ll.Suspect
INTO #tmpDelete
FROM Life_Work lw, Life_Family lf,Life_Friend lfd, Life_Love ll
WHERE lf.ID=lw.ID
AND lfd.ID=lw.ID
AND ll.ID=lw.ID
DELETE FROM #tmpDelete
DROP table #tmpDelete
Note: If you found any mistake on my script, please let me know. "Welcome any suggestion".
Posted by
ယူဆဂိ
at
Saturday, February 16, 2008
1 comment
Labels: life
အစီအစဉ်မဲ့စွာ လူ့လောကထဲသို့ရောက်ရှိခဲ့သောအခါ...
ကလေးဘ၀က အပြစ်ကင်းစွာ ရယ်မောခဲ့ပြီးနောက်
အရွယ်ရောက်သောအခါ..
ထုံးတန်းအစဉ်အလာများအောက် ပြားပြားဝပ်ခဲ့ရသည်..
စိတ်မကောင်းခြင်းများလည်းကြုံတွေ့ခဲ့ရဖူးသည်..
ကြေကွဲခြင်းများလည်းခံစားတတ်ခဲ့သည်..
ပြောင်မြောက်စွာ ငိုကြွေးတတ်ခဲ့သည်..
ဘ၀အဓိပါယ်တွေကိုလည်း ရှာဖွေကြည့်ခဲ့သည်..
တခါတရံ တွင်တော့ ပျော်ရွင်ခြင်း ဆိုသည်ကို ခံစားဖူးသလိုလို ၀ိုးတ၀ါး...
ဒါဟာ တကယ်တော့ သတ်ပုံမှားနေတဲ့ ဘ၀ လို့သာ ကောက်ချက်ချလိုက်ပါတော့မည်။
Posted by
ယူဆဂိ
at
Friday, August 24, 2007
0
comment
Labels: life