Saturday, February 16, 2008

A script for life

SELECT lw.Bad_W_Mind,lf.Bad_F_Mind,lfd.Bad_Fd_Mind,ll.Hate,ll.Jealous,ll.Suspect
INTO #tmpDelete
FROM Life_Work lw, Life_Family lf,Life_Friend lfd, Life_Love ll
WHERE lf.ID=lw.ID
AND lfd.ID=lw.ID
AND ll.ID=lw.ID

DELETE FROM #tmpDelete
DROP table #tmpDelete

Note: If you found any mistake on my script, please let me know. "Welcome any suggestion".

-Wish-


If yearning were a flower,
I don't want you to adorn it.

If Love were a flower,
I will always keep it for you.

If meeting were a flower
,
let it be for us forever.

Saturday, February 2, 2008

မင်းလက်ထဲမှာ

ပင်လယ်ထဲမှာ ခရီးသွားရင်း
ငါစီးနေတဲ့ လှေမှောက်သွားတယ်
မောပန်းစွာကူးခတ်နေရင်း
လှေတစင်းလှမ်းမြင်ရတယ်
ငါ..မျှော်လင့်ချက်အပြည့်နဲ့
လက်ကမ်းလိုက်တယ်
လက်ပြန်ကမ်းမှာလား
လှော်တက်နဲ့ရိုက်ထားခဲ့မှာလား
လက်ပြန်မကမ်းနိုင်ရင်နေပါ....လှော်တက်နဲ့တော့ရိုက်မထားခဲ့ပါနဲ့။
အရမ်းမျှော်လင့်ထားတယ်ဆိုတာလေး
သိစေချင်ယုံပါ။

(၀င်္ဂ၀ုတ္တိအလင်္ကာ)

Sunday, January 20, 2008

ယောကျာ်းနှင့်မိန်းမ စိတ်ဓါတ်ကျပုံချင်းမတူကြပါ

စိတ်ဓါတ်ကျပြီဆိုလျှင်လူအတော်များများသည
ဝမ်းနည်းပူဆွေးသောကရောက်လေ့ရှိကြသည်။မှိုင်တွေငေး လွမ်းဆွေးနေသူတစ်ဦးကို မြင်လျှင်လည်း စိတ်ဓါတ်ကျနေတာ ဖြစ်မည်ဟုကျနော်တို့ ကောက်ချက်ချတတ် ကြသည်။
သို့သော်စိတ်ဓါတ်ကျရောဂါ အဲရစ်ဝီဗာ၏ ဘ၀ထဲသို့ဝင်ရောက်လာသည့်အခါမှာတော့ အပူရုပ်မဆောင်စေဘဲ သူ့ကိုဘီလူးခေါင်း စွပ်ပေးခဲ့သည်။ ၀ီဗာ တစ်ယောက် တစ်ချိန်လုံးလိုလို ဒေါသူပုန်ထနေခဲ့သည်။ အော်ဟစ်ဆူပူသည်။ နံရံတွေကိုလက်သီးနှင့်ထိုးသည်။ ကြာလာသည့်အခါ သားသမီးတွေက သူ့ကို နားမလည်နိုင်တော့။ အဖေဘာဖြစ်နေတာလဲ။ဘာကြောင့်ဒီလောက်ဒေါသကြီးနေရတာလဲဟုမေးခွန်း ထုတ်လာကြသည်။ သည်မေးခွန်းများ၏အဖြေကိုကားဝီဗာကိုယ်တိုင်ပင်မသိခဲ့။ အကယ်၍သူသည
ဝမ်းနည်းပူဆွေးမှုများအပြင်းအထန်ခံစားရသည်ဆိုလျှင်တော့ စိတ်ဓါတ်ကျနေတာဖြစ်မည်ဟု သူ့ကိုယ်သူရိပ်စားမိခဲ့စရာအကြောင်းရှိသည်။ယခုမူကားသူခံစားနေရသည်ကစိတ်ဓါတ်ကျခြင်းနှင့်
လားလားမှဆက်စပ်၍မရသည့်ဒေါသစိတ်ဖြစ်နေသည်။နောက်ဆုံးအချိန်တန်၍ဒေါသမျက်နှာဖုံးကွာကျ
သွားမှပင်ပြန်ဆွဲတင်၍မရ လောက်အောင်ကျနေပြီ ဖြစ်သည့် စိတ်ဓါတ်အမှန်ပေါ်လာခဲ့သည်။

မှတ်ချက်။ ။Wellness Health & Beauty Magizine No 37. January,2008. (Doctor Phay Zaw Oo) ၏ဆောင်းပါးအား စာအမည်း တင်ပေးလိုက်ရပါသည်။

Sunday, January 13, 2008

အဆိုအမိန့်


ခနိုး ခနဲ့ ဆို ကဲ့ရဲ့ လည်း
မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်
ရှေးရှုနှင်လော့
(ရွှေဟင်္သာဆရာတော်ဘုရား)

Tuesday, January 1, 2008



Happy New Year 2008



Wish for all friends


Wednesday, November 28, 2007

ထိုလူသား

သူငယ်ချင်းတို့ အားလုံး ဗွီဒီယို ရုပ်ရှင်တွေကြည့်ဖူးကြမှာပါဘဲ။
သရုပ်ဆောင်ပေါင်းများစွာဟာ ဇာတ်လမ်းအရ ကျရာဇာတ်ရုပ်မှာသရုပ်ဆောင်ကြတယ်။

မင်းသား၊ မင်းသမီး ၊ လူကြမ်း ၊ ဇာတ်ပို့ ၊ ဇာတ်ရံ စသဖြင့်..။
ရုပ်ရှင်ထဲမှာပါတဲ့ လူကြမ်းတွေ ၊ သူများအပေါ်မှာမကောင်းကြံ၊ ယုတ်မာ တဲ့သူတွေဆို သရုပ်ဆောင်တွေက ပီပီပြင်ပြင်သရုပ်ဆောင်ကြသလို၊ ကြည့်တဲ့ပရိသတ်ကလည်း ဒီလူတွေဆို ကြည့်နေရင်းနဲ့ ဒေါသဖြစ် မုန်းတီး ကြတယ်လေ။ လူကြမ်း ၊ လူဆိုး နာရင် အလိုလိုဝမ်းသာပေးကြတယ်။
ဒါဘာလို့လဲ..ရှင်းရှင်းလေးပါ..
လူတွေဟာ အကောင်း အဆိုးကို ကောင်းကောင်းခွဲခြားနိုင် သလို၊ မသိစိတ်ထဲမှာ စိတ်ကောင်းစေတနာလေးတွေ အနည်းအများရှိနေလို့ပါ။
သိပ်ရှည်ရှည်ဝေးဝေးလည်းမရေးတော့ပါဘူး..
ဆိုလိုချင်တာက..
ကိုယ့်ဘ၀ဇာတ်လမ်းမှာ ကိုယ်ဘာလုပ်မလဲဆိုတာပါဘဲ။ လူတွေမချစ်ရင်နေပါစေ။ လူမုန်းခံမလား။
မင်းသား၊ မင်းသမီး မဖြစ်ရင်နေပါစေ..ဇာတ်ပို့ ဇာတ်ရံ ပဲဖြစ်နေပါစေ..လူဆိုးကြီးတွေတော့ မဖြစ်တာအကောင်းဆုံးလို့ထင်ပါတယ်။

"ဝေလေလေ လူသား"

လူ့ပြည်တစ်ခေါက် ကုသိုလ်မြှောက်
တစ်ခေါက်ကြုံရ လူ့ဘ၀ကား
နေ့ညမကွာ ပူဗျာပါဖြင့်
ဥစ္စာရွှေငွေ ဂုဏ်သရေတို့
ရှာဖွေစုရုံး လိုမဆုံးခင်
နိဂုံးအသက် ကြွေဖို့ရက်မှာ
နီးလျက်ကပ်လာ ရှိနေပါလည်း
ပညာသတိ ကိုယ့်ကျင့်ဖြည့်ဖို့
မရှိဝေးလေ ဝေလေလေနဲ့
သေလေခဲ့ငြား ထိုလူသားကား
ရင်းစားမျိုးတုံး လူဖြစ်ရှုံးမည်
လွတ်ရုန်းနိုင်မှ ချမ်းသာရလိမ့်မည်။

ဗုဒ္ဒေါရသ