Monday, September 17, 2007

Yesterday | Today | Tomorrow


"Today"
will become "Yesterday".

"Yesterday" was became from "Today".
If so,
What do you want to do today?
What did you do yesterday?
But
Today I am busy
Yesterday I was busy
Tomorrow I will busy

Saturday, September 15, 2007

တောင်းပန်လွှာ

မအားလို့ပိုစ်အသစ်မတင်ဖြစ်ပေမယ့် သူငယ်ချင်းအားလုံးကို သတိရပါကြောင်း။
လာလည်ကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်။ဆဂိ အားတာနဲ့ အားလုံးစီကိုလာလည်ပါမယ်

Wednesday, September 5, 2007

LUCK

စာမေးပွဲဖြေရန်ရှိပါသဖြင့် ဘလောက်တင်ခြင်းအား
ယာယီခဏတဖြုတ်ရပ်နားထားရပါမည်...
မကြာမီပြန်လာပါမည်
သတိတရလာလည်ပေးသည့် သူငယ်ချင်းများအားလုံး ယနေ့အဖို့အထူးတလည်ကံကောင်းပါမည်

မယုံမရှိနှင့်။ လူတိုင်းကိုယ်စီတွင် ကံကောင်းခြင်းများရှိနေပါသည်။ အနည်းအများသာကွာခြားပါလိမ့်မည်။ သို့ဖြစ်ပါသောကြောင့်- စာမေးပွဲအတွက် သူငယ်ချင်းတို့ရဲ့ ကံကောင်းခြင်းလေးများ နဲနဲစီ ကွန်းမန့်ထဲ ထဲ့ပေးခဲ့ကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။


ခင်မင်လေးစားစွာဖြင့်
ယူဆဂိ

Monday, September 3, 2007

ဒီအချိန်ရောက်ရင်လေ



ပြောပြီးသားစကားများထပ်ခါထပ်ခါပြောမိနေသူပါ။
ဒါကြောင့်-ငါ့စကား နားထောင်ရန်အချိန်မပေးနိုင်ကြပါတဲ့။


ငါပေးတဲ့အကြံဥာဏ်များ အသုံးမ၀င်တော့ပါ။
ဒါကြောင့်-ငါဟာခေတ်နောက်ကျနေပါပြီတဲ့။


ငါဟာ အရာရာကိုစိုးရိမ်လွန်းနေသူပါ။
ဒါကြောင့်-ငါဟာအရာရာပါနေသူပါတဲ့။


ငါဟာ ခွန်းအားချိနဲ့နေသူပါ။
ဒါကြောင့်-ငါဘေးမှာသာငြိမ်ငြိမ်နေပါတဲ့။


"ဘာကြောင့်လည်းဆို ငါအိုပြီလေ"

ငါအကြံပေးပါရစေ..
ငါ့အရွယ်များရောက်ခဲ့ကြရင်လေ..
အရာရာကို-
မမြင်သလို၊
မကြားသလို၊
မသိသလိုသာနေစေချင်ပါသည်။

Saturday, September 1, 2007

Intellection

စက်တင်ဘာလ ရဲ့  ပထမရက် မှာ ပျော်စရာ Quiz လေးတစ်ခုမျှဝေလိုက်ပါတယ်..

Fun Quiz For All

  • တံခါးကခေါက်နေသည်။
  • ကလေးကငိုနေသည်။
  • ရေကလျှံနေသည်။
  • ဖုန်းကမြည်နေသည်။

သင်သည်အထက်ပါအခြေအနေများတပြိုင်နက်ကြုံတွေ့နေပါကဘယ်တစ်ခုကိုအရင်ဆုံး
စတင်ဖြေရှင်းမည်နည်း။ကိုယ်လုပ်မည့် အစီအစဉ်ကိုနံပါတ်စဉ်တပ်ကြည့်လိုက်ပါ....

Your Great Solution,

  • (1) ?
  • (2) ?
  • (3) ?
  • (4) ?
ကဲ ဘာပြီးရင်ဘာလုပ်မလဲ၊ ဖြေကြည့်လိုက်ပါ။ နောက်မှအဖြေပြောပြမယ်နော်။ အားလုံးပျော်ရွှင်ကြပါစေ။