Thursday, October 16, 2008

I m Sick


နေမကောင်းဖြစ်ခါစမှာ


ရေခဲရေအေးအေးလေးတခွက်သောက်ခဲ့မိတယ်.....


နေမကောင်းဖြစ်နေတုန်းမှာလည်း


တမက်တမောဆက်သောက်ခဲ့မိတယ်.......


ဟော..................


အခု သေလုမြောပါးဖြစ်ရောလေ...

Tuesday, October 14, 2008

အဘိဓမ္မာအခါတော်နေ့ - (သီတင်းကျွတ်လပြည့်နေ့)

ခင်ပွန်းကြီးဆယ်ပါးတို့အား သိ၍ ဖြစ်စေ မသိ၍ဖြစ်စေ ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့် ပြစ်မှားခဲ့လျှင်၊ ကျေးဇူးကန်းခြင်းရှိခဲ့လျှင် ၊ ကျေးဇူးချေဖျက်ခြင်းရှိခဲ့လျှင်၊ ကျေးဇူးမေ့လျှော့ခြင်းရှိခဲ့လျှင်၊ ကျေးဇူးမဲ့စွာ ကြမ်းတမ်းရိုင်းစိုင်း ကြံစည်ပြုမူပြောဆိုဆောင်ရွက်ခြင်းရှိခဲ့လျှင် ထိုကျူးလွန်ခဲ့သော အပြစ်ကြီးအပြစ်ငယ်များကို ခွင့်လွှတ်ပေးကြပါ…

" သီတင်းကျွတ်အခါသမယ တွင် နတ်ဗြမ္မာ သတ္တ၀ါအားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ…"

* ဓမ္မဒါန* (from http://www.ashinkumara.com/)

Monday, October 13, 2008

ပီတိဟုခေါ်သည်



ဒီလို ခွက်ပဲ့လေးနဲ့ ခပ်လာတဲ့
ရေလေးတခွက် ဆိုရင်တောင်

ဒီထဲမှာ ပါတဲ့ရေဟာ

စေတနာ မေတ္တာအပြည့် နဲ့

တိုက်လိုက်တယ် ဆိုတာလေး
နားလည်ပေးရင်
ရေတိုက်သူတိုင်း
ကျေနပ်ကြစမြဲပါ..

Sunday, July 20, 2008

ကံကောင်းပါစေ

"How to wish people luck in many different languages."

Afrikaans
Arabic
Basque
Bargoens
Catalaans
Croatian
Danish
Dutch
Farsi
Finnish
French
German
Greek
Gujarat
Hawaiian
Hebrew
Hindi
Hungarian
Indonesian
Irish
Italian
Jewish
Japanese
Lithuanian
Mandarin
Marathi

Myanmar
Nederlands
Norwegian
Polish
Portugese
Romanian
Russian
Serbian
Spanish
Slovenian
Swedish
Szczescia
Tamil
Turkish
Welsh
Zulu

Sterkte
Hathan mwafakan
Zorte on
De Mazzel en de Brogus
Bona sort
Sretno
Held og lykke
Veel Geluk
Movaffagh Baashid
Onnea!
Bonne chance
Viel Glück or Alles Gute
Kali tihi
Subh Labh
Maika'i Pomaika'i
B'hatzlacha
Shubh Kamnaye
Sok szerencsét!
Semoga Beruntung!
Go n'éirí an t-ádh leat
Buona fortuna
Mazzeltov
gambatte
Sekme's
Zhu ni hao yun
Shubhecha

ကံကောင်းပါစေ
Veel geluk
Lykke til
Powodzenia!
Boa sorte
Noroc Mult
Udachi
Srecno
Buena suerte
Mnogo srece
Lycka till!
Zycze Ci
Nal Vazalthukal
Lyi sanslar
Hawddamor
Ngikufisela iwela


Saturday, June 28, 2008

အဆင်မပြေပေမယ့်လည်း...

အဆင်မပြေတာတွေဆက်တိုက်များတတ်တဲ့ အခါ ကျမတို့တွေပြောလေ့ရှိတဲ့ စကားပုံလေးတစ်ခု က
"ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ" တဲ့...

တခါတခါ..
ဖြစ်တတ်တာလေးတွေ

  • လူကူးမျဉ်းကျား က ကိုယ်ကူးခါနီးမှ မီးနီသွားတာမျိုး
  • အရေးကြီးလို့ တက်စီ ငှားစီးခါမှ မီးပွိုင့်တွေမိပြီးပိုကြာတာမျိုး
  • အိပ်ခန်းတံခါးပိတ်ပြီး ခါမှ အခန်းသော့ကျန်ခဲ့တာမျိုး
  • ရုံးနောက်ကျတဲ့နေ့မှ ဘတ်စ်ကားစောင့်ရတာကြာတာမျိုး
  • ထီးပါမလာတဲ့နေ့မှ မိုးကသည်းကြီးမည်းကြီးရွာတာမျိုး
စသဖြင့်..အဆင်မပြေတဲ့ တိုက်ဆိုင်မှုတွေ တနေ့တည်းမှာကြုံတွေ့ရတတ်ပါတယ်..ဒီအချိန်မှာဘယ်သူမဆို
စိတ်ဆိုး ဒေါသထွက် စိတ်ဓါတ်ကျတဲ့ အထိဖြစ်နိုင်ပါတယ်...

ဒီ movie လေးက forward mail ကတဆင့်ရလာတာလေးပါ...
ဒီ forward mail ရတဲ့သူရှိသလို မရတဲ့သူလည်းရှိမှာပါ လို့ တွေးပြီး မျှဝေလိုက်တာပါ....

ကဲ...ဘယ်လိုလဲ..သဘောကျတယ်မလား ?

Wednesday, June 18, 2008

သေတမ်းစာ

ဖတ်ရတာမမြင်ရရင် ပုံလေး click ပြီးဖတ်လို့ရပါတယ်..


ဘယ်နေ့ သေမည်မသိနိုင်သောကြောင့် ဘာရယ်မဟုတ်သော သေတမ်းစာလေးတစ်စောင်တော့ ထားခဲ့နိုင်ကြစေရန် အကြံပေးလိုသည့်သဘောပါ..သင့်တွင် ဆန္ဒရှိခဲ့လျှင်ပါ..

အခြေအနေ အရပ်ရပ်ကြောင့် ပစ်ထားတာ ကြာပြီဖြစ်သော ဘလောက်လေးအား ဖုန်ခါရင်း...
ပို့စ် အသစ်လေးတစ်ခု တင်လိုက်ခြင်းဖြစ်ပါသည်....
ကျေးဇူးတင်စွာဖြင့်
ယူဆဂိ

ကျန်ရှိနေသေးသော နေ့စွဲများအတွက်


မနက်ဖြန် ငါသေသွားနိုင်တယ်..ငါသေသွားခဲ့ရင် လို့ မည်သူမျှ တကူးတကတွေးမိကြမည်မထင်ပါ..
ဒါပေမယ့်...
မနက်ဖြန် အတွက်လုပ်ရန်ရှိသော..ကိစ္စအချို့ တော့ ကြိုတင်တွေးတတ်ကြမည်ဆိုလျှင်မမှားချေ..

လူတချို့ က မနက်ဖြန်အတွက်...
လူတချို့ က သဘက်ခါအတွက်..
လူတချို့ က လာမည့်ရုံးပိတ်ရက်အတွက်..
လူတချို့ က ရှေ့ လ အတွက်...
လူတချို့  က နောက်နှစ်အတွက်... စသဖြင့် ကြိုတင်စီမံကိန်းတွေ ချကြသည်...

ဒါပေမယ့်..
မနက်ဖြန် ငါသေသွားမယ်ဆိုရင်...ဆိုတဲ့ စီမံကိန်းချရန်အတွက်တော့ အမှတ်တမဲ့ ဖြစ်နေပါလိမ့်မည်...