Wednesday, June 18, 2008

ကျန်ရှိနေသေးသော နေ့စွဲများအတွက်


မနက်ဖြန် ငါသေသွားနိုင်တယ်..ငါသေသွားခဲ့ရင် လို့ မည်သူမျှ တကူးတကတွေးမိကြမည်မထင်ပါ..
ဒါပေမယ့်...
မနက်ဖြန် အတွက်လုပ်ရန်ရှိသော..ကိစ္စအချို့ တော့ ကြိုတင်တွေးတတ်ကြမည်ဆိုလျှင်မမှားချေ..

လူတချို့ က မနက်ဖြန်အတွက်...
လူတချို့ က သဘက်ခါအတွက်..
လူတချို့ က လာမည့်ရုံးပိတ်ရက်အတွက်..
လူတချို့ က ရှေ့ လ အတွက်...
လူတချို့  က နောက်နှစ်အတွက်... စသဖြင့် ကြိုတင်စီမံကိန်းတွေ ချကြသည်...

ဒါပေမယ့်..
မနက်ဖြန် ငါသေသွားမယ်ဆိုရင်...ဆိုတဲ့ စီမံကိန်းချရန်အတွက်တော့ အမှတ်တမဲ့ ဖြစ်နေပါလိမ့်မည်...

No comments: