Saturday, June 28, 2008

အဆင်မပြေပေမယ့်လည်း...

အဆင်မပြေတာတွေဆက်တိုက်များတတ်တဲ့ အခါ ကျမတို့တွေပြောလေ့ရှိတဲ့ စကားပုံလေးတစ်ခု က
"ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ" တဲ့...

တခါတခါ..
ဖြစ်တတ်တာလေးတွေ

  • လူကူးမျဉ်းကျား က ကိုယ်ကူးခါနီးမှ မီးနီသွားတာမျိုး
  • အရေးကြီးလို့ တက်စီ ငှားစီးခါမှ မီးပွိုင့်တွေမိပြီးပိုကြာတာမျိုး
  • အိပ်ခန်းတံခါးပိတ်ပြီး ခါမှ အခန်းသော့ကျန်ခဲ့တာမျိုး
  • ရုံးနောက်ကျတဲ့နေ့မှ ဘတ်စ်ကားစောင့်ရတာကြာတာမျိုး
  • ထီးပါမလာတဲ့နေ့မှ မိုးကသည်းကြီးမည်းကြီးရွာတာမျိုး
စသဖြင့်..အဆင်မပြေတဲ့ တိုက်ဆိုင်မှုတွေ တနေ့တည်းမှာကြုံတွေ့ရတတ်ပါတယ်..ဒီအချိန်မှာဘယ်သူမဆို
စိတ်ဆိုး ဒေါသထွက် စိတ်ဓါတ်ကျတဲ့ အထိဖြစ်နိုင်ပါတယ်...

ဒီ movie လေးက forward mail ကတဆင့်ရလာတာလေးပါ...
ဒီ forward mail ရတဲ့သူရှိသလို မရတဲ့သူလည်းရှိမှာပါ လို့ တွေးပြီး မျှဝေလိုက်တာပါ....

ကဲ...ဘယ်လိုလဲ..သဘောကျတယ်မလား ?

1 comment:

နတ်လူ said...

movie လေးက ခင်ဖို့ ကောင်းတယ်။ မျှဝေပေးတာကျေးဇူးပါ။