Friday, July 13, 2007

နှိုးဆော်ခြင်း

မန္တလေးတိုင်း ပြင်ဦးလွင် ခရိုင်၊ မတ္တရာမြို့ နယ်၊ အုတ်တိုက်ကျေးရွာ ၊
ပရဟိတဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းသည်
မတ္တရာမြို့ နယ် ဥက္ကဌမှကြီးမှူး၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန၀ံသ သည်
အစိုးရ၏ ခွင့်ပြုချက်ဖြင့် ၂၀၀၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ
သူငယ်တန်းမှ (၇)တန်း ထိ ကို ၂၀၀၇ ခုနှစ်တွင် တိုးချဲ့၍
ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ယခုအခါ (၈)တန်း (၉)တန်း (၁၀)တန်းများဆက်လက်ဖွင့်လှစ်နိုင်ရန် အတွက်
ထောက်ပံ့လှူဒါန်းငွေများလိုအပ်နေပါ၍ ပရဟိတ လုပ်ငန်းစိတ်ဝင်စားသူများ
လှူဒါန်းလိုသူများ အနေဖြင့် ...

ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန၀ံသ
ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်း
မတ္တရာမြို့ နယ်၊ အုတ်တိုက်ကျေးရွာ
ပြင်ဦးလွင် ခရိုင်၊မန္တလေးတိုင်း။
ဖုန်း၊ ၀၂-၇၉၃၂၆
သို့ လှူဒါန်းနိုင်ပါကြောင်း။

မှတ်ချက်။ ။ ပရဟိတစိတ်ဝင်စားပြီး မသိသေးသော ဘလောက်မိတ်ဆွေများ အား
သိစေရန်အလို့ဌာ သတင်းကောင်းပါးလိုက်ပါသည်။ ရွှေမန်းမှ မိတ်ဆွေလေးများလည်း
သွားရောက်လှူဒါန်းနိုင်ကြပါစေ။

No comments: