Monday, September 3, 2007

ဒီအချိန်ရောက်ရင်လေ



ပြောပြီးသားစကားများထပ်ခါထပ်ခါပြောမိနေသူပါ။
ဒါကြောင့်-ငါ့စကား နားထောင်ရန်အချိန်မပေးနိုင်ကြပါတဲ့။


ငါပေးတဲ့အကြံဥာဏ်များ အသုံးမ၀င်တော့ပါ။
ဒါကြောင့်-ငါဟာခေတ်နောက်ကျနေပါပြီတဲ့။


ငါဟာ အရာရာကိုစိုးရိမ်လွန်းနေသူပါ။
ဒါကြောင့်-ငါဟာအရာရာပါနေသူပါတဲ့။


ငါဟာ ခွန်းအားချိနဲ့နေသူပါ။
ဒါကြောင့်-ငါဘေးမှာသာငြိမ်ငြိမ်နေပါတဲ့။


"ဘာကြောင့်လည်းဆို ငါအိုပြီလေ"

ငါအကြံပေးပါရစေ..
ငါ့အရွယ်များရောက်ခဲ့ကြရင်လေ..
အရာရာကို-
မမြင်သလို၊
မကြားသလို၊
မသိသလိုသာနေစေချင်ပါသည်။

2 comments:

KhunMoung said...

ယူဆဂိရေးထားတဲ့ စာစုလေးတွေက သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ လူငယ်ကြား သားသမီးကြား အိမ်ထောင်စုတစ်ခုမှာ အရေးမပါ အရာမရောက်ဖြစ်ပုံကို ကောင်းကောင်းဖော်ပြနေသလိုပဲ။ ကျွန်တော်တစ်ခုခုကို ခံစားလိုက်ရတယ်။ ကျွန်တော်တို့လည်း အဲဒီအချိန်ရောက်လာခဲ့ရင် ????

ယူဆဂိ said...

ကျေးဇူးတင်ပါတယ် ကိုခွန်မောင်
ဒီပိုစ့်မှာ ပထမဆုံးတစ်ယောက်အနေနဲ့ ကွန်းမန့်ဝင်ပေးသွားတာကို ၀မ်းသာမိပါတယ်.
ဆဂိ လည်း crazy ခေါ်မလားဘဲ..ကိုယ့်ပိုစ်ကို ကွန်းမန့်ပေးသွားရင် အရမ်းကိုပျော်ပါတယ်.
အနည်းဆုံး အခုလို ကွန်းမန့်လေးပေးသွားတော့ ရေးရကျိုးနပ်ပါတယ်
အားလုံးတစ်နေ့ဒီအချိန်ရောက်ကြမှာပါ.