Saturday, September 1, 2007

Intellection

စက်တင်ဘာလ ရဲ့  ပထမရက် မှာ ပျော်စရာ Quiz လေးတစ်ခုမျှဝေလိုက်ပါတယ်..

Fun Quiz For All

  • တံခါးကခေါက်နေသည်။
  • ကလေးကငိုနေသည်။
  • ရေကလျှံနေသည်။
  • ဖုန်းကမြည်နေသည်။

သင်သည်အထက်ပါအခြေအနေများတပြိုင်နက်ကြုံတွေ့နေပါကဘယ်တစ်ခုကိုအရင်ဆုံး
စတင်ဖြေရှင်းမည်နည်း။ကိုယ်လုပ်မည့် အစီအစဉ်ကိုနံပါတ်စဉ်တပ်ကြည့်လိုက်ပါ....

Your Great Solution,

  • (1) ?
  • (2) ?
  • (3) ?
  • (4) ?
ကဲ ဘာပြီးရင်ဘာလုပ်မလဲ၊ ဖြေကြည့်လိုက်ပါ။ နောက်မှအဖြေပြောပြမယ်နော်။ အားလုံးပျော်ရွှင်ကြပါစေ။

16 comments:

မျှားပြာ said...

ကလေးချီ ရေပိတ် တံခါးဖွတ် ဖုန်းကိုင်
အဟီး ...။ ဟုတ်လား ။း))

naing said...

ရေပိတ် ၊ ကလေးချီ ၊ ဖုန်းကိုင် ၊ တံခါး ဖွင့် ။

tayzar said...

ကျွန်တော်က ကလေးအငိုတိတ်အောင်အရင် လုပ်မယ် ပြီးမှ ကျန်တာဆက်လုပ်မယ်

tayzar said...

ရေအရင်ပိတ်ရမယ် နောက် ကလေးထိန်းမယ်နောက် ဖုန်းကိုင်မယ် နောက် တံခါးဖွင့်မယ် ဟုတ်တယ်ဟုတ် =)

zeRoTraSh said...

ကလေးချီ
ရေပိတ်
တံခါးဖွင့်
ဖုန်းကိုင်

ကဲ ဘယ်လိုလဲ ပြော . . .

Anonymous said...

ကလေးချီပြီး ရေသွားပိတ်မယ် ပြီးရင် တံခါးဖွင့်ပြီးမှ ဖုန်းကိုင်ပါမယ်... :)

Unknown said...

ဟားဟားး အားလုံးဖြေထားတာ စုံနေတာပဲ..
အပ်မိန်ကတော့..
ကလေးအရင် သွားကြည့်
ရေပိတ် မယ်..
ဖုန်းကိုင် ပီးး
နောက်ဆုံးမှ တံခါးဖွင့်မယ်.. :P

ယူဆဂိ said...

wow! so many answer from my friends.
မျှားပြာ,naing,tayzar,zeRoTraSh,ညလေး, အပ်မိန်,ဒီဝိုင်း,cmo ကျေးဇူးအများကြီးတင်ပါတယ်.
အဖြေပြောမယ်နော်-
* တံခါးကခေါက်နေသည်။ (မိတ်ဆွေ၊ အပေါင်းအသင်း)
* ကလေးကငိုနေသည်။ (မိမိသွေးသားရင်းချာ)
* ရေကလျှံနေသည်။ (ငွေ/ပိုက်ဆံ)
* ဖုန်းကမြည်နေသည်။ (ဘ၀ကြင်ဖော်/ ချစ်သူ)

ဆိုလိုခြင်တာက-
မျှားပြာ ဆိုလျှင်သူ၏ဘ၀တွင်
သွေးသားရင်းချာသည် ပထမ၊ ငွေသည်ဒုတိယ၊ မိတ်ဆွေအပေါင်းအသင်းသည်တတိယ၊ ချစ်သူ/အိမ်ထောင်ဖက်သည် နောက်ဆုံးပါတဲ့။

(မှန်မမှန်တော့သိဘူးနော်။ တူနယ်ဂျင်းတို့ လည်း ကိုယ့်အဖြေလေးတွေကိုယ်စီ ယူသွားကြပါ)

Anonymous said...

ဟားဟားးး ဒီလိုတော့လဲ ဟုတ်နေတာပဲ ငွေက ဒုတိယတော့ မဟုတ်ပါဘူး

Yan said...

ဖုန်းကိုကောက်ကိုင်ပြီး “ခဏလေးနော် တံခါးခေါက်နေလို့” လို့ ပြောမယ်. တံခါးကို အမြန်သွားဖွင့်ပြီး ၀င်လာတဲ့သူကို ကလေးခဏလောက်ကြည့်ထားပေးပါနော်လို့ ပြောပြီး ရေသွားပြေးပိတ်မယ်. ပြန်လာရင် ဧည့်သည်ကို ခဏလှမ်းကြည့်ပြီး အရေးကြီးဖုန်းဝင်လာလို့ ခဏထိုင်ပါဦးနော်လို့ ပြောထားမယ်. လူစိမ်းကိုမြင်တော့ ကလေးလည်း အငိုတိတ်ရောလေ. ကလေးက ကိုယ့်ပေါင်ပေါ်လာထိုင်လိမ့်မယ်. ဟတ်ဟတ်ဟတ်.

မျှားပြာ said...

အဲ အနော်က ရေလျှံတာကို ငွေလို့ မထင်မိဘူးဗျ..။
ဒီမှာဆို ရေလျှံလို့ကတော့ အောက်ထပ်ကလူတွေက ပြော၊ အဆောင်က ဘွားတော်က ပြော၊ ဘေးဖြင်းကပ် အခန်းတွေကပြောနဲ့ အတော်လေး ပွဲပျက်တာပေါ့..။
ဟတ် ဟတ် ဟတ် ..။

Layma said...

လေးမ က ….ကလေးချီ…တံခါးဖွင့်….ဖုန်းကိုင်…ရေကတော့ နောက်ဆုံးလို့ ရေးမလို့ ….အဖြေမှန်ဖြေပြထားတာဖတ်ပြီး….ဘာလုပ်ရမှန်းတောင်မသိတော့ဘူး…။

zeRoTraSh said...

အာ အဲလိုတော့ ဟုတ်ဖူးထင်တယ်။
သူ့ အဖြေကြီးကြည့်ပြီး လူက ဘယ်လိုဖြစ်သွားတယ် မသိဘူး
ဘာပဲ ဖြစ်ဖြစ် ပျော်စရာပါ ဟား ဟား ဟား

Unknown said...

ညီမလေးရေ.. အဖြေကြည့်တွားပီ.. ရီရတယ်..
ညီမလေးကျ ဖြေမထားဝူးရော..

မြရွက်ဝေ said...

ကလေးချီပြီး ဖုန်းကိုင်မယ်။ တဖက်လူကိုခဏလေးနော် ဆိုပြီး ရေပြေးပိတ်၊ တံခါးဖွင့်ပေးပြီး ဖုန်းလာပြန်ကိုင်မယ်။

ယူဆဂိ said...

ဖြေပေးကြတဲ့သူငယ်ချင်းအားလုံးကို တကယ်ကို ကျေးဇူးတင်ပါတယ်.ပျော်လည်းပျော်တယ်
ဆဂိဖြေတဲ့အဖြေပြောပြမယ်..
တံခါးလေးပြေးဖွင့်..ဖုန်းလေးခဏကိုင်ထားပေးပါလို့ပြော၊ ကလေးချီပြီး ရေပြေးပိတ်လိုက်မှာပေါ့