Wednesday, November 28, 2007

ထိုလူသား

သူငယ်ချင်းတို့ အားလုံး ဗွီဒီယို ရုပ်ရှင်တွေကြည့်ဖူးကြမှာပါဘဲ။
သရုပ်ဆောင်ပေါင်းများစွာဟာ ဇာတ်လမ်းအရ ကျရာဇာတ်ရုပ်မှာသရုပ်ဆောင်ကြတယ်။

မင်းသား၊ မင်းသမီး ၊ လူကြမ်း ၊ ဇာတ်ပို့ ၊ ဇာတ်ရံ စသဖြင့်..။
ရုပ်ရှင်ထဲမှာပါတဲ့ လူကြမ်းတွေ ၊ သူများအပေါ်မှာမကောင်းကြံ၊ ယုတ်မာ တဲ့သူတွေဆို သရုပ်ဆောင်တွေက ပီပီပြင်ပြင်သရုပ်ဆောင်ကြသလို၊ ကြည့်တဲ့ပရိသတ်ကလည်း ဒီလူတွေဆို ကြည့်နေရင်းနဲ့ ဒေါသဖြစ် မုန်းတီး ကြတယ်လေ။ လူကြမ်း ၊ လူဆိုး နာရင် အလိုလိုဝမ်းသာပေးကြတယ်။
ဒါဘာလို့လဲ..ရှင်းရှင်းလေးပါ..
လူတွေဟာ အကောင်း အဆိုးကို ကောင်းကောင်းခွဲခြားနိုင် သလို၊ မသိစိတ်ထဲမှာ စိတ်ကောင်းစေတနာလေးတွေ အနည်းအများရှိနေလို့ပါ။
သိပ်ရှည်ရှည်ဝေးဝေးလည်းမရေးတော့ပါဘူး..
ဆိုလိုချင်တာက..
ကိုယ့်ဘ၀ဇာတ်လမ်းမှာ ကိုယ်ဘာလုပ်မလဲဆိုတာပါဘဲ။ လူတွေမချစ်ရင်နေပါစေ။ လူမုန်းခံမလား။
မင်းသား၊ မင်းသမီး မဖြစ်ရင်နေပါစေ..ဇာတ်ပို့ ဇာတ်ရံ ပဲဖြစ်နေပါစေ..လူဆိုးကြီးတွေတော့ မဖြစ်တာအကောင်းဆုံးလို့ထင်ပါတယ်။

"ဝေလေလေ လူသား"

လူ့ပြည်တစ်ခေါက် ကုသိုလ်မြှောက်
တစ်ခေါက်ကြုံရ လူ့ဘ၀ကား
နေ့ညမကွာ ပူဗျာပါဖြင့်
ဥစ္စာရွှေငွေ ဂုဏ်သရေတို့
ရှာဖွေစုရုံး လိုမဆုံးခင်
နိဂုံးအသက် ကြွေဖို့ရက်မှာ
နီးလျက်ကပ်လာ ရှိနေပါလည်း
ပညာသတိ ကိုယ့်ကျင့်ဖြည့်ဖို့
မရှိဝေးလေ ဝေလေလေနဲ့
သေလေခဲ့ငြား ထိုလူသားကား
ရင်းစားမျိုးတုံး လူဖြစ်ရှုံးမည်
လွတ်ရုန်းနိုင်မှ ချမ်းသာရလိမ့်မည်။

ဗုဒ္ဒေါရသ

2 comments:

tayzar said...

ကဗျာလေး အရမ်းကောင်းတယ် ယူဆဂိ စပ်ထားတာလား

ယူဆဂိ said...

nope!
:)
copy