Saturday, November 10, 2007

လူ့သဘာဝ

ကလေးဘ၀တုန်းက ကျွန်တော်တို့က မကြိုက်ရင်မစားဘူး၊ မဆာရင်မစားဘူး၊ ဆာလာရင်လည်း အောင့်မထားဘူး စားပစ်လိုက်တယ်၊ လိုချင်ရင်လည်း လိုချင်တာကို တန်းသိတယ်။ မလိုချင်ဘူး ဆိုရင်လည်း သိကြားမင်းကြီး လာပေးပေး မယူဘူး။
လူကြီးတွေဖြစ်လာတဲ့အခါ ကျတော့ ကျွန်တော်တို့တွေ မရိုးသားကြတော့ဘူး။ ဆာလို့စားတာမဟုတ်ဘဲ အချိန် ကျလို့စားတာ၊အားနာပါးနာနဲ့ စားတာတွေဖြစ်လာတယ်။ ဖြစ်ချင်တာ၊ လိုချင်တာ၊ မဖြစ်ချင်တာ၊ မလိုချင်တာ ကိုပြောင်ပြောင်လည်းမပြောရဲတော့ဘူး။
တဖက်သားနားခံသာအောင်ဆိုပြီးစကားတွေတန်ဆာဆင်ရင်းဆင်ရင်းကနေမဟုတ်တမ်းတရားတွေလည်း ပြောတတ် လာတယ်။
သည်အခါမှာ ဘာဖြစ်လာသလဲ ဆိုတော့ လူမှုဆက်ဆံရေးနယ်ပယ်မှာ ၀င်ဆန့်လာတယ်။
ဒါကို အကျေနပ်ကြီး ကျေနပ်ရင်းကနေ ကလေးတုန်းကကိုယ့်ကိုယ်ထဲမှာရှိခဲ့တဲ့ရိုးသားမှုနဲ့ မကြိုက်ရင်မကြိုက် ၊ မလိုရင်မလို၊ လိုရင်လိုဆိုတဲ့ အခံစိတ်တွေကတဖြည်းဖြည်း ပပျောက်ချင်သလို ဖြစ်လာပါတော့တယ်။
ကလေးတုန်းကများအူထဲအသည်းထဲကလှိုက်ပြီးမကြိုက်လို့ကတော့ ဘယ်သူကဇွတ်ပေးပေးမယူဘူး။
အဲ.ကြိုက်ပြီဟေ့ဆိုရင်လည်း ဘယ်သူတားတားမရတော့ဘူး။ အတင်းယူမှာပဲဆိုတဲ့ ဇွဲနဘဲနဲ့။
လူကြီးဖြစ်လာတော့ မကြိုက်လည်း ကြိုက်ချင်ယောင်ဆောင်၊ ကြိုက်လည်းမကြိုက်ချင်ယောင်ဆောင်ရတာ တွေနဲ့၊ အယောင်ဆောင်လူသားကြီးကိုဖြစ်လို့။


မှတ်ချက်။ ။စာရေးဆရာ အတ္တကျော် ရဲ့  ထိမ်းမြားပေါင်းဖက်ရန်ဖြစ်လျှက်ပင်ချစ်ကြင်နည်း ဆိုတဲ့စာအုပ်ထဲက နောက်ဆုံးအခန်း ကို အမှတ်တမဲ့ ဖတ်လိုက်မိပြီးတဲ့နောက်အထက်က စာလေးကို သဘောကျလို့ ရိုက်တင်ပေးလိုက်တာပါ။ ဒီစာပိုဒ်လေးက အဲ့ဒီစာအုပ်ရဲ့ အခန်းတစ်နေရာက စာပိုဒ်လေးတစ်ခုပါ။
ခေါင်းစဉ်ကိုတော့ လူ့သဘာဝ လို့ ကိုယ့်ဘာသာပေးလိုက်တာပါ။

2 comments:

naing said...

ရိုက်တင်ပေးတာ ကျေးဇူး။

မျှားပြာ said...

ဆရာဆူဒိုနင် စာလေးတွေရှိရင် မျှပါဦးဗျာ ..
အဆင်ပြေပါစေ။