Saturday, June 28, 2008

အဆင်မပြေပေမယ့်လည်း...

အဆင်မပြေတာတွေဆက်တိုက်များတတ်တဲ့ အခါ ကျမတို့တွေပြောလေ့ရှိတဲ့ စကားပုံလေးတစ်ခု က
"ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ" တဲ့...

တခါတခါ..
ဖြစ်တတ်တာလေးတွေ

  • လူကူးမျဉ်းကျား က ကိုယ်ကူးခါနီးမှ မီးနီသွားတာမျိုး
  • အရေးကြီးလို့ တက်စီ ငှားစီးခါမှ မီးပွိုင့်တွေမိပြီးပိုကြာတာမျိုး
  • အိပ်ခန်းတံခါးပိတ်ပြီး ခါမှ အခန်းသော့ကျန်ခဲ့တာမျိုး
  • ရုံးနောက်ကျတဲ့နေ့မှ ဘတ်စ်ကားစောင့်ရတာကြာတာမျိုး
  • ထီးပါမလာတဲ့နေ့မှ မိုးကသည်းကြီးမည်းကြီးရွာတာမျိုး
စသဖြင့်..အဆင်မပြေတဲ့ တိုက်ဆိုင်မှုတွေ တနေ့တည်းမှာကြုံတွေ့ရတတ်ပါတယ်..ဒီအချိန်မှာဘယ်သူမဆို
စိတ်ဆိုး ဒေါသထွက် စိတ်ဓါတ်ကျတဲ့ အထိဖြစ်နိုင်ပါတယ်...

ဒီ movie လေးက forward mail ကတဆင့်ရလာတာလေးပါ...
ဒီ forward mail ရတဲ့သူရှိသလို မရတဲ့သူလည်းရှိမှာပါ လို့ တွေးပြီး မျှဝေလိုက်တာပါ....

ကဲ...ဘယ်လိုလဲ..သဘောကျတယ်မလား ?

Wednesday, June 18, 2008

သေတမ်းစာ

ဖတ်ရတာမမြင်ရရင် ပုံလေး click ပြီးဖတ်လို့ရပါတယ်..


ဘယ်နေ့ သေမည်မသိနိုင်သောကြောင့် ဘာရယ်မဟုတ်သော သေတမ်းစာလေးတစ်စောင်တော့ ထားခဲ့နိုင်ကြစေရန် အကြံပေးလိုသည့်သဘောပါ..သင့်တွင် ဆန္ဒရှိခဲ့လျှင်ပါ..

အခြေအနေ အရပ်ရပ်ကြောင့် ပစ်ထားတာ ကြာပြီဖြစ်သော ဘလောက်လေးအား ဖုန်ခါရင်း...
ပို့စ် အသစ်လေးတစ်ခု တင်လိုက်ခြင်းဖြစ်ပါသည်....
ကျေးဇူးတင်စွာဖြင့်
ယူဆဂိ

ကျန်ရှိနေသေးသော နေ့စွဲများအတွက်


မနက်ဖြန် ငါသေသွားနိုင်တယ်..ငါသေသွားခဲ့ရင် လို့ မည်သူမျှ တကူးတကတွေးမိကြမည်မထင်ပါ..
ဒါပေမယ့်...
မနက်ဖြန် အတွက်လုပ်ရန်ရှိသော..ကိစ္စအချို့ တော့ ကြိုတင်တွေးတတ်ကြမည်ဆိုလျှင်မမှားချေ..

လူတချို့ က မနက်ဖြန်အတွက်...
လူတချို့ က သဘက်ခါအတွက်..
လူတချို့ က လာမည့်ရုံးပိတ်ရက်အတွက်..
လူတချို့ က ရှေ့ လ အတွက်...
လူတချို့  က နောက်နှစ်အတွက်... စသဖြင့် ကြိုတင်စီမံကိန်းတွေ ချကြသည်...

ဒါပေမယ့်..
မနက်ဖြန် ငါသေသွားမယ်ဆိုရင်...ဆိုတဲ့ စီမံကိန်းချရန်အတွက်တော့ အမှတ်တမဲ့ ဖြစ်နေပါလိမ့်မည်...