Friday, August 3, 2007

တတိယမြောက်ပို့စ်

ဘာလိုလိုနဲု့ သြဂုတ် ၃ ရောက်သွားပြန်ပြီ။
ဇူလိုင်လတစ်လလုံး ပို့စ် ၃ ခုတင်ပြီး ဆက်မတင်ဖြစ်လိုက်တာ..ယခု သြဂုတ် လ ရဲ့ တတိယမြောက်ပို့စ်ကို
တင်ဖို့. ရေးလိုက်ပါတယ်။ link လုပ်ထားတဲ့ ဘလောက်တွေမနေ့တစ်နေ့ကမှ ၀င်ပြီးနည်းနည်းဖတ်. cbox လေးမှာဝင်ပြောနဲ့အိမ်လည်(ဘလောက်လည်)ဖြစ်သွားတယ်။ တင်မယ်ဆိုရင်.တင်စရာတွေရှိနေပေမယ့်လည်း
စိတ်ကလည်းမအား..လူကလည်းမအား..ကွန်နက်ရှင်ကလည်းမကောင်း နဲ့ ဘာမှမရေးဖြစ်ပါဘူး။
ဟိုအရင်ကဆို..ကိုယ့်အနားမှာရှိတဲ့သူငယ်ချင်းကို စိတ်ထဲရှိသမျှရင်ဖွင့်(အီးမေလ်ပို့တာပြောပါတယ်) လို့ရပေမယ့်၊ ခုတော့သူလည်းသူ့ဒုတ်နဲ့သူအနားမှာမရှိတော့ မနေတတ်မထိုင်တတ်ကိုဖြစ်နေရော။
အရင်ကဆို..ကိုယ်ကလည်း သူ့ဆီ အီးမေလ် နေ့တိုင်းပို့သလို. သူကလည်းမပြန်တဲ့နေ့မရှိသလောက်။
အခုတော့ ကိုယ့် inbox ထဲမှာမေးလ်အသစ်တစ်စောင်တောင်မရှိ။
သူငယ်ချင်းရေ..ဟိုအရင်က
ဂျီတော့ကလေ- connecting.../retry ဘ၀ကနေ အခုတလော singing in ဖြစ်ဖြစ်လာတယ်
မီဘူး ကလည်း- network interrupt မဖြစ်သလောက်
ဒါနဲ့ငါလည်း ဘာမှကိုမဖွင့်တော့ဘူး။
အစစအရာရာ အဆင်ပြေပါစေ...

No comments: