Thursday, August 23, 2007

*Request*

သြော်-လောကကြီးက သိပ်မျှော်လင့်ထားရင်
ဖြစ်မလာတတ်ဘူးတဲ့လား..
အဲ - မမျှော်လင့်တော့ပါဘူး ဆိုတဲ့အခါမှာတော့
တစ်ခုထက်မက ရွေးချယ်ခွင့်တွေပေးတော့တာပါဘဲ..
ကဲ- လောကကြီးရေ
သင့်ရဲ့  Formula & Theories တွေကို သိခွင့်ရမလား?

::ဥပမာ::
သင်မရထိုက်သောအရာများ
သင်မပိုင်ဆိုင်သင့်သောအရာများ
သင်မတောင်းဆိုရမည့်အရာများ
သင်စိတ်ကူးခွင့်တောင်မရသောအရာများ
သင်နှင့်မသက်ဆိုင်သောအရာများ

လူတွေရဲ့ ပဥာတ်ချက်တွေ နဲ့
လောကဓံ လို့လူတွေပြောကြတဲ့ သင့်ရဲ့  လှည့်ကွက်တွေထဲမှာ
ငါဟာ အလူးအလဲပါဘဲ-
နည်းနည်းလောက်များငါ့ကို ငဲ့ညှာပါအုံးလား.
သင်ပေးချင်တဲ့ဘ၀ က ငါလိုချင်တဲ့ဘ၀ နဲ့ အတော်များလွဲနေလို့လား.
သင့်ကို ငါအများကြီးမတောင်းဆိုခဲ့ဖူး ဘူးဆိုတာ သင်သိမှာပါ-

No comments: