Wednesday, August 29, 2007

ခံနိုင်ရည်

ငရုတ်သီးကြိုက်တဲ့သူဟာ
ပူစပ်မှုဒဏ်ကိုခံနိုင်ရမယ်॥

သံပုရာသီးကြိုက်တဲ့သူဟာ
ချဉ်တဲ့အရသာကိုခံနိုင်ရမယ်॥

ကြက်ဟင်းခါးသီးကြိုက်တဲ့သူဟာ
ခါးတဲ့အရသာကိုခံနိုင်ရမယ်॥

ချောကလက်ကြိုက်တဲ့သူဟာ
ချိုတဲ့အရသာကိုခံနိုင်ရမယ်။

ဖန်ခါးသီးကြိုက်တဲ့သူဟာ
ဖန်တဲ့အရသာကိုခံနိုင်ရမယ်။

ဒီသဘောပါဘဲ..

ချစ်တတ်တဲ့သူဟာ
(အဲ ! ဘာဆက်ရေးရမှန်းမသိတော့ဘူး)

မှတ်ချက်(ပေါက်တတ်ကရလေးရေးလိုက်တာပါ)

6 comments:

Soe Htet ! said...

ကျွန်တော်စားတဲ့ ချောကလက်က ခ့းပါတယ် ...:P

မျှားပြာ said...

အရက်ကြိုက်တဲ့သူဟာ
မူးတဲ့အရသာကိုခံနိုင်ရမယ်။

ဆေးလိပ်ကြိုက်တဲ့သူဟာ
ချောင်းဆိုးတဲ့ အရသာကိုခံနိုင်ရမယ်။

ကော်ဖီကြိုက်တဲ့သူဟာ
ရင်တုန်တဲ့အရသာကိုခံနိုင်ရမယ်။

မှတ်ချက် ( အတည်ပေါက်ရေးသည် ):P

ယူဆဂိ said...

soe htet
ခါးတဲ့ချောကလက် မစားနဲ့လေ..

မျှားပြာ
အတည်ပေါက်ရေးသွားတဲ့အတွက် ကျေါ်ဇူးပါ..
ဒါတွေလည်းအမှန်တရားပဲလေ..
ကော်ဖီကြိုက်ပါတယ်..ဒါပေမယ့် ရင်မတုန်ပါ..ဟတ်.ဟတ်.

သန့်ဇော်မင်း said...

ချစ်တက်တဲ့သူဟာ...
အချစ်လည်းခံနိုင်ရမယ်။... :P
( ကိုရီးယားကားတွေထဲက မင်းသားတွေကို ပြောဒါ.. )

စိုင်းစိုင်း said...

အမှားမပါဘူး..ဆဂိရေ.
ချစ်တတ်တဲ့သူဟာ အမုန်းခံသွားရတာလည်းရှိသဗျို့..

ယူဆဂိ said...

tzmဟုတ်တယ်နော့..အချစ်ခံနိုင်ဖို့လည်း လွယ်တာဟုတ်ဘူး..

စိုင်းစိုင်းရေ..မုန်းတတ်တဲ့သူဟာ..မချစ်တတ်သေးလို့ပါ.