Monday, October 8, 2007

ကျေးဇူးတရား


ဒီပိုစ့်ကို စရေးတဲ့အချိန်ကတော့ ည ၁၂ နာရီတိတိပါ။ အိပ်နေရာကထလာပြီး ဆက်အိပ်ချင်စိတ်ကို မရှိတော့တဲ့အတွက် ကွန်ပျူတာဖွင့်ပြီး ဘလောက်တွေဖတ်ရင်းနဲ့ စိတ်ထဲရှိတာလေးကောက်ရေးလိုက်မိတယ်...
ကျေးဇူးတရား ဆိုတာ လူတိုင်းမကင်းကြဘူးပြောရင်လက်ခံကြပါ့မလားတော့မသိဘူး..
ဆဂိ ဘ၀မှာတော့ ကျေးဇူးရှင်တွေ....
ကျေးဇူးရှင်တွေ...များမှများ.. အရင်ဆုံး မိဘနှစ်ပါး။ နောက်တော့ ဆရာသမား...နောက်တော့.....နောက်တော့...
ကိုယ့်ကို တစ်ခုခုလေးများကူညီပေးလိုက်ရင် လူတွေပြောတတ်ကြတယ်. "ကျေးဇူးတင်ပါတယ်" တဲ့။
သင့်အပေါ် ကျေးဇူးတင်သွားပါပြီလို့ နှုတ်နဲ့စာချုပ်ချုပ်လိုက်သလို ခံစားမိကြသလား၊
ဒါမှမဟုတ် လောကွတ်ချော် သမန်ကာလျှံကာ ၀တ္တရားအရ အကျင့်ပါနေလို့ အလွယ်ပြောလိုက်ကြတာလား။
အင်...အခြားလူတွေ ဘယ်လိုတွေးတောတယ်ကိုပြောချင်လို့မဟုတ်ပါဘူး။ ကိုယ့်အကြောင်းပါ..
ဒီနေ့ ဒီအချိန်ထိ- ကိုယ်က ကျေးဇူးတင်ပါတယ် လို့ပြောခဲ့တာ နဲ့ ကိုယ့်ကို ကျေးဇူးတင်ပါတယ်လို့ ပြောသွားကြတာ ဘယ်ဟာကပိုများနေမလဲ တွေးမိတာပါ။
ဒီအတွေးတွေ ဒီညမှ အကြီးအကျယ်တွေးနေတာပါ။
တကယ်တော့ ကျေးဇူးတရားဆိုတာကို တန်ဖိုးထားမိရင်၊ ကျေးဇူးတရားကို တကယ်နားလည်ရင်...
ကျေးဇူးရှင်အပေါ် ကျေးဇူးမတုံ့ပြန်နိုင်ခင်မှာ နားလည်ပေးရမှုတွေ ၊ သည်းခံမှုတွေ စတဲ့ အရင်းနှီးတွေ မြှုတ်နှံရတယ်လို့ခံစားရပါတယ်...
ဆဂိ တစ်ယောက် ဘာတွေပြောနေမှန်း နားမလည်.. နားရှုပ်သွားရင်တော့ ဆောရီးပါ။ ဒီအထိ ဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်...
ဟော- တင်ပြန်ပြီ ကျေးဇူး...အလကားနေရင်းကို အဲ့ဒီလို ကျေးဇူးသေးသေးလေးတွေ လူတွေအပေါ် တင်ခဲ့တာ များလှပေါ့..
အော်- ငါဒီကျေးဇူးတွေ ဒီတစ်ဘ၀တည်းနဲ့ဘယ်လိုများ ဆပ်လို့ပြီးပါ့မလဲ....စဉ်းစားကြည့်တာပါ
ဆဂိ၏ ကျေးဇူးရှင်အပေါင်း အပထားလို့..လတ်တလော လတ်လတ်ဆတ်ဆတ်ကျေးဇူးရှင်တို့ရေ...
ကျေးဇူးတရားရဲ့ အောက်မှာ Uဆဂိ တစ်ယောက် ပြားပြားဝပ်နေပါရော့လား...
ဒါကို သိအောင်လည်းပြောပြမနေတော့ပါဘူး။ လက်တွေ့အကောင်အထည်ဖော်နိုင်ပြီး ကျေးဇူးဆပ်နိုင်တဲ့နေ့ အမြန်ရောက်ရပါလို၏ လို့ဆုတောင်းနေပါတယ်


မှတ်ချက်။ ။ ကျေးဇူးတရားတွေအောက် ဆဂိ လိုများ ပြားပြားဝပ်နေကြပါသလား။ ကိုယ့်ဘလောက်လေးပေါ်မှာ ကိုယ်ခံစားရသမျှတွေဒီလိုရေးခွင့်ရတဲ့အတွက် ဘယ်သူ့ကိုများကျေးဇူးတင်ရပါ့.....

2 comments:

မျှားပြာ said...

ကျေးဇူးဆိုတာကို သိနေရင်ကို အဆင်ပြေနေပါပြီဗျာ
အဲဒီ ကျေးဇူးကို သိနေတဲ့အတွက် အခါအခွင့်သင့်တာနဲ့
ပြန်ဆပ်မိမှာပါ ........ ကျေးဇူးတင်ပါတယ်
အခုလို ပွားခွင့်ရလို့ ဟတ် ဟတ်ဟတ်

မြရွက်ဝေ said...

ကိုယ့်ဘလောက်ပေါ်မှာ ကိုယ်ခံစားရသမျှတွေ ဒီလိုရေးခွင့်ရတဲ့အတွက် လူသားအဖြစ် မွေးဖွားခွင့်ရလာအောင် ပြုခဲ့တဲ့ ကိုယ့်ရဲ့ရှေးဘဝက အတိတ်ကံ ရှေးကုသိုလ်ကို ကျေးဇူးတင်ရမှာပေါ့။