Tuesday, October 23, 2007

သို့/


ဘလောက်သူငယ်ချင်းများ,

သူငယ်ချင်းများဆီသို့ သတိတရစာရေးလိုက်ပါတယ်။
ဘာပို့စ်အသစ်မှ တင်မထားပေမယ့် ဆီဘောက်မှာ ၀င်အော်သွားကြတဲ့သူငယ်ချင်းများကို
အလွန်အားနာမိပါတယ်။
အသစ်ကလည်းရေးချင်ပါတယ်။ စိတ်နောက်ကို လူ နဲ့ ကွန်ပျူတာက ပါမလာလို့ပါ။
ပဋ္ဌာန်း ၂၄ ပစ္စည်း ဆုတောင်း လည်းဆက်ရေးပေးမှာပါ။
ကားလည်းပျက်မသွားသေးပါဘူး။ ဆက်မောင်းနေတုန်းပါ။ ဟတ် ဟတ်။
သမအောင်လည်းရောမမွှေတော့ပါဘူး။ (အချိုမှုန့် ကုန်နေလို့ပါ) ဒါနဲ့ ခွေးစာလည်းမကျွေးဖြစ်လိုက်ဘူးလေ။
အလုပ်တွေရှုပ်နေတယ်လို့ ဆင်ခြေ ဆင်လက် ဆင်ခြေထောက် ဆင်ခေါင်း တွေပေးလိုက်ပါရစေ။(စွပ်ပြုတ်လုပ်စားဖို့ -- တစ်ယောက်နဲနဲစီ- ခွဲယူကြနော်. မလုကြနဲ့။ ဟတ် ဟတ်)
အားလုံးကို ပျော်စေချင်လို့ နောက်တာပါ

နေကောင်းတာကတော့ ဒေါင်ဒေါင်မည် သူငယ်ချင်းတို့ရေ။
စာကို ဒီနေရာမှာရပ်ခွင့်ပြုပါဦး။ နောက်မှ စာထပ်ရေး အဲ..ပို့စ်အသစ်တင်လိုက်ပါမယ်။
ကဲ...သူငယ်ချင်းတို့...
ဆဂိ ပို့စ်အသစ်တွေထပ်တင်ဖို့ စိုင်းပြင်းနေပါတယ်။ မှန်မှန်တော့လာလည်ကြပါလို့။

ခင်မင်လေးစားစွာဖြင့်
ဆဂိ

PS: ပေါရက်လိုက်တာလို့ လည်းမှတ်ချက်ပေးမသွားကြနဲ့အုံး။

2 comments:

မျှားပြာ said...

လာဝူးကွာ ဘာပုလည်း ဟွန့် 
ဟတ် ဟတ် ဟတ်
အဆင်ပြေပါစေ.။။။

tayzar said...

ဟေး မသိပါဘူးကွာ အဆင်ပြေရဲ့လားလို့ အသံလည်းမကြားရဘူးဆိုတော့လေ။ စိတ်နောက်ကို လူနဲ့ ကွန်ပျူတာ မပါလို့ ဟုတ်လား =) ဒီမှာတော့ စိတ်နောက်ကို ကွန်နက်ရှင်မပါလို့ စိတ်ညစ်နေတာ။ အဆင်ပြေတယ် မဟုတ်လား။