Wednesday, August 8, 2007

နှစ်သက်မိသော ပို့စ်

သာမန်သူငယ်ချင်း နဲ့ အစစ်အမှန်သူငယ်ချင်း


သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ ဘယ်နှစ်ယောက်
ရှိလဲ ....ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ .....?

သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ပေးဌားတယ်။

သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာကူးထားတတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ၀ိုင်တပုလင်း ယူလာလိမ့်မယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီးပွဲပြီးမှ ပြန်တတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူး အချစ်ဇာတ်ကို စပ်စုမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို သူကိုယ်တိုင် ဖွင့်မယ်။

သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီးရင် သူငယ်ချင်းအဖြစ်ကနေ ရပ်စဲမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်မဖြစ်ရင်သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။

သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။

အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။

လောကကြီးတွင်လူတစ်မျိုးရှိသည်.....
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရ
သောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင် ကိုယ့်
ဘက်မှရပ်တည်ပြီး ၀န်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင် အားပေး
တတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်
ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင် ကိုယ့်ရင်ဖွင့်
သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။ ကိုယ်နှင့်အတူ ရှိနေမည့်
အချိန်များက ချစ်သူတစ်ယောက်ထက်ပင် ကြာရှည်ခိုင်မြဲတတ်သည်။
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်


ရေးသူ။ ။မနိုင်းနိုင်းစနေ


မှတ်ချက်။ ။ ဒီpost ကိုမတင်ခင် မနိုင်းနိုင်း အားခွင့်မတောင်းမိပါသဖြင့် အနူးအညွတ်တောင်းပန်အပ်ပါတယ်။ ယခု မနိုင်းနိုင်း ခွင့်ပြုချက်ဖြင့် တင်ထားလိုက်ပါသည်။
မေးလ်အဟောင်းလေးတွေပြန်လှန်ရင်း သူငယ်ချင်းပို့ထားတာလေးတွေ့လို့ အမှတ်တရတင်လိုက်မိခြင်းဖြစ်ပါတယ်။

2 comments:

နိုင်းနိုင်းစနေ said...

ဘယ်ဘလော့ဂ်ကနေ ယူထားပါတယ်လို့ မပြောသင့်ဘူးလား..

ယူဆဂိ said...

9 Aug 07, 06:24
ယူဆဂိ: မနိုင်းနိုင်း.. ဆဂ
9 Aug 07, 06:27
ယူဆဂိ: ဆဂိ တောင်းပန်ပါတယ်.. သူငယ်ချင်းတစ်ယောက်မေးလ်နဲ့ပို့ထားတာလေးကိုတင်လိုက်မိတာပါ။ ဘယ်သူ့ဘလောက်မှာတင်ထားတယ်ဆိုတာကိုမသိလိုက်လို့ပါ။
9 Aug 07, 06:28
ယူဆဂိ: ဘလောက်ကကူးပြီးတင်မယ်ဆိုရင်..ခွင့်တောင်းပါတယ်။ အခုတကယ်မသိလိုက်လို့ပါရှင်. အနူးအညွတ်ကိုတောင်းပန်ပါတယ်
9 Aug 07, 06:29
ယူဆဂိ: အခုဒီစာတွေရိုက်နေရင်းနဲ့ အမရဲ့ old post တွေမှာပြန်ရှာနေမိပါတယ်. ဆဂိတကယ်မသိလို့ခွင့်မတောင်းမိတာပါ.ပိုစ့်ကို ပြန်ဖျက်ပေးပါမယ်။

9 Aug 07, 06:36
နိုင်းနိုင်းစနေ: မဖျက်ပါနဲ့ ဆဂိ အိုကေပါတယ် :)

9 Aug 07, 06:44
ယူဆဂိ: စိတ်မကောင်းလိုက်တာအမရယ်။ ခွင့်မတောင်းဘဲသူများဟာလည်းမယူတတ်ပါဘူး.တကယ်ပါ။ ခွင့်လွတ်ပါ။ အီးမေလ်အဟောင်းလေးတွေဖွင့်ဖတ်ရင်း..အမှတ်တရတင်လိုက်မိတာပါ။
9 Aug 07, 06:45
ယူဆဂိ: အဲ့ဒီသူငယ်ချင်းကိုလည်းချက်ချင်းဖုန်းဆက်ပြီးပြောပြလိုက်သေးတယ်.
9 Aug 07, 06:46
ယူဆဂိ: မနိုင်းနိုင်း ထံမှကူးယူထားပါတယ်လို့ရေးလိုက်ရမလား..ဖျက်ပေးရမလား။
9 Aug 07, 06:51
ယူဆဂိ: ရှာရင်းရှာရင်း..တွေ့ပါပြီး.အမရေ..အမရေးထားတာကို မသိဘဲတင်လိုက်မိတဲ့အတွက်ထပ်တောင်းပန်ပါတယ်။