Friday, August 24, 2007

ကုသိုလ်စုဗူး


မနေ့ကသင်မသေခဲ့၍ ယနေ့သင်အသက်ရှင်နေပြီ..


ယနေ့သင်မသေခဲ့လျှင် မနက်ဖြန်သင်အသက်ရှင်ချင်ရှင်နေပါလိမ့်မည်..

*မနက်ဖြန်သာအသက်ရှင်ခွင့်ရပါဦးမည်ဆိုလျှင် သင်ဘာလုပ်မည်နည်း။
နေ့စဉ်ဝေယာဝစ္စကိစ္စများဖြင့် သင်ပုံမှန်အတိုင်းသွားရန်သာ ဆန္ဒရှိနေပါသလား။

*မနက်ဖြန်သာသင့်ဘ၀ နောက်ဆုံးနေ့ဖြစ်မည်ဆိုလျှင် သင်ဘာလုပ်မည်နည်း။

အကြံပြုလိုပါသည်...
ယနေ့မှစ ကိုယ်ပိုင် ကုသိုလ်စုဗူးလေး
တစ်ခု သင်၏စိတ်ထဲတွင် စတင် Create လုပ်လိုက်ပါ။
နေ့တစ်နေ့၏ အစ တွင်သော်လည်းကောင်း..
နေ့တစ်နေ့၏ နောက်ဆုံး တွင်သော်လည်းကောင်း..
သင်တတ်နိုင်သလောက် စေတနာသုံးတန်ပြတ်နိုင်သော ကုသိုလ်လေး တစ်ခုပြုကာ သင်၏ကုသိုလ်စုဗူးလေးတွင် မသေမချင်းနေ့စဉ်စုပါလေ...

သင်သေသွားသော်...
သင်ချစ်သော သင့်မိသားစု၊ သူငယ်ချင်း ၊ မိတ်ဆွေများ သည် သင်နှင့်အတူလိုက်ပါလိမ့်မည်မဟုတ်။
ထိုစုဗူးလေးသည်သာသင်နှင့်အတူ ထပ်ကြပ်မကွာလိုက်လာပါလိမ့်မည်။

အိပ်ယာဝင်တိုင်းသင့်ကုသိုလ်အားအမျှပေးကာ..ကုသိုလ်ပီတိလေးနှင့်အိပ်စက်နိုင်ပါစေ..
လို့
ဆန္ဒပြုလိုက်ပါတယ်........

3 comments:

သန့်ဇော်မင်း said...

*မနက်ဖြန်သာသင့်ဘ၀ နောက်ဆုံးနေ့ဖြစ်မည်ဆိုလျှင် သင်ဘာလုပ်မည်နည်း။

ဟုတ်တယ်.. ဆဂိရေ.. ကျွန်တော်တို့လည်း နေ့စဉ်ဝေယာဝစ္စကိစ္စတွေနဲ့ပဲ တနေ့တနေ့ အချိန်တွေ ကုန်မှန်းမသိ ကုန်လာခဲပြီ။
တခါတလေလည်း ဆဂိပြောသလို တွေးမိပါတယ်... တွေးမိတိုင်းလည်း... တခုခုလုပ်ဖို့ စဉ်းစားမိတယ်.. ခက်တာက.. လက်တွေ့ အကောင်အထည်မဖေါ်ဖြစ်တာ.. ကွေးသောလက်.. မဆန့်မှီ၊ ဆန့်သောလက်.. မကွေးမှီ၊ ဆိုတဲ့ သဘောလေးကို သိသိကြီးနဲ့ .... အင်း.. အဓိက ကတော့ သတိမြဲဖို့လိုတယ်...
ကျေးဇူးဆဂိရေ.. အများကြီး စဉ်းစားပြီး ပြန်သွားပြီ..

ယူဆဂိ said...

သန့်ဇော်မင်း ရေ-အခုလို စဉ်းစားပြီး ပြန်သွားတဲ့အတွက်ရေးရကျိုးနပ်ပါတယ်..

စိုင်းစိုင်းကလည်း ဒီလိုပြောသွားပါတယ်.
SS: နက် ဖြန် ခါ သာ နောက် ဆုံး နေ့ ဆို တာ တ ခါ မှ မ တွေး ခဲ့ ဖူး ဘူး ယူ ဆ ဂိ ရေ..အ ခု တော့ စဉ်း စား ရ မ လို ဖြစ် သွား ဘီ။..


ကျေးဇူးတင်ပါတယ်..ဒါပေမယ့် စဉ်းစားယုံနဲ့မစဉ်းစားပါနဲ့လား..
လက်တွေ့လုပ်စေချင်ပါတယ်.
ကုသိုလ်လုပ်တယ်ဆိုတာ..ငွေကုန်ကျေးကျများမှရယ်မဟုတ်ပါဘူး-
စေတနာလေးနဲ့တစ်ခုခုလုပ်လိုက်တာလည်းကုသိုလ်ပါဘဲ
တစ်ဦးတစ်ယောက်ကိုစေတနာလေးနဲ့ ကူညီလိုက်တာလည်းကုသိုလ်ပါဘဲ

Unknown said...

ညီမလေး ရဲ့ ဒီပိုစ့်ကို .. မနေ့ကတည်းက ဖတ်ပီးး ချက်ချင်းလက်တွေ့ အကောင်ထည်ဖော်ဖြစ်လိုက်ဒယ်.. comment ကိုခုမှလာရေးတာ..... ကုသိုလ်ဆိုတာ ယူတတ်ရင် တကယ်ဖြစ်တာပဲနော်.. ညီမလေးလဲ ကုသိုလ်တွေ များကြီးပဲရမှာ.. လူတိုင်းကို ကုသိုလ်ရအောင် ပြောပြလို့လေ..