Wednesday, August 29, 2007

အမှတ်တရဆောင်းရာသီ


Title လေးဒီလိုပေးလိုက်ပါတယ်..
နွေ၊ မိုး ၊ ဆောင်း သုံးရာသီ တွင် ဆဂိ အနှစ်သက်ဆုံး ရာသီသည် ဆောင်းရာသီဖြစ်ပါသည်။
ငယ်ငယ်က ဆောင်း အကြောင်းပြောရမယ်ဆိုရင်တော့ဖြင့်...
မနက်အိပ်ယာထလျှင် စောင်(ဂွမ်းကပ်ဟုခေါ်ကြသည်)ထဲကမထွက်ချင်ပါ။ စောင်ခေါင်းမြီးခြုံမအိပ်တတ်ပါသဖြင့် ပါးကလေးများ အမြဲလိုလိုအေးနေတတ်၏။
အိပ်ယာထဲမှ မထချင်ပေမယ့် ကျောင်းတက်ရမည့် တာဝန် ကရှိနေပါသောကြောင့် ထခဲ့ရပါသည်။
ခပ်ချောချော ပုတက်တက် ကောင်မလေး ယူဆဂိ သည် အနွေးထည်တွေအထပ်ထပ်ဝတ်ထားသည့် အတွက် ၀တုတ်တုတ်လေးလို့ထင်ရလောက်သပေါ့-
မနက်စောစော ကျောင်းသွားတော့မည်ဆိုပါလျှင် ည၀တ်အိပ်ထားတဲ့ည၀တ်အကျီကို လဲရမှာ အန်မတင်ကြောက်ခဲ့ရပါသည်။ ချမ်းတာကိုး..အရမ်းချမ်းတာ။
သိုးမွေး ဆွယ်တာ ၊ သကလပ်အကျီ(သို့တည်းမဟုတ်) သားမွေးအကျီ အထပ်ထပ်ဝတ်ထားသော ကျောင်းသူလေးသည် ကျောင်းဝတ်စုံအဖြူပင်မမြင်ရပေတကား.
(တခါတလေ တကယ် ကျောင်းဖြူမ၀တ်သွားဘူး.. ချမ်းလို့...ရှုးတိုးတိုး ဆရာမကိုမတိုင်နဲ့နော်.)
လက်အိတ်၊ ခြေအိတ်၊ သိုးမွေးဦးထုပ် စသည့် ချပ်ဝတ်တန်ဆာများဝတ်ဆင်ပြီးသကာလ ကျောင်းတက်ခဲ့ရသည့်ဘ၀လေးကို သတိရမိပါသည်။
ကျောင်းရောက်လျှင် လက်အိပ်နှင့်စာရေးရသည်မှာ အဆင်မချောပါသောကြောင့် မချွတ်ချင်ပေမယ့် ချွတ်ရပါသည်။
စာမရေးမီ လက်နှစ်ဖက်ကို ပူလာအောင် ပွတ်ရပါသည်။ သူငယ်ချင်းအချင်းချင်း လက်အေးကြီးနှင့်လိုက်ကပ်ခဲ့ကြသည်။
လက်တွေထုံခဲနေပါသဖြင့် အလွန်လှပသောလက်ရေးများ သည် မနက်စောစောပိုင်းအချိန်များတွင် ပဲပင်ပေါက်လမ်းကြိတ်စက်တက်နင်းခံထားရသကဲ့သို့ တွန့်လိမ်ကောက်ကွေးနှေးကွေးရပါသည်...
၉ နာရီ ၁၀ နာရီလောက်တွင်ဖြင့် နေရောင်အရှိန်ဖြင့် ပူနွေးခြင်းစတင်လာပါသည်။ ထိုအချိန်တွင် ၀တ်ထားသောအနွေးထည် အချို့ ချွတ်၍ရပါပြီ။
ဆောင်းတွင်းအခါသမယတွင် တိမ်ကင်းစင်ပြီး ပြာလွင်နေတတ်သော ကောင်းကင်ကြီးကို ခဏခဏမော့ကြည့်ရခြင်းအားအလွန်နှစ်သက်ပါသည်...
မနက်ခင်းစောစော နှင့် ညနေစောင်းတွင် ဖိုထားလေ့ရှိသော မီးလင်းဖို လေးကိုလည်းအမှတ်ရမိသည်။
မိသားစု မီးလင်းဖို လေးတွင်စုထိုင်ကာ လက်တစ်စုံ စီသည်မီးဖို ဆီသို့ တိုးဝှေ့ ကာ အနွေးဓါတ်ကို ယူခဲ့ကြဖူးသည်။ ဒါကို မီးလှုံ တယ်လို့ခေါ်ပါသည်။
ကော်ဖီဆိုတာကို ထိုအချိန်ကတည်းက မီးလင်းဖိုဘေးတွင် သောက်တတ်ခဲ့ရင်း စွဲသွားခဲ့သည်ထင်ပါသည်။
ငယ်ငယ်က စားခဲ့ရသော ပေါက်ဆီကြော်ကို မဆီမဆိုင်သတိရမိသဖြင့် အမှတ်တရ ထည့်ရေးလိုက်မိသည်။

ယူဆဂိ အား သတိတရ တက် ကြသည့် ကိုအဉ္ဇလီ နဲ့ စိုင်းစိုင်း အားကျေးဇူးတင်စွာဖြင့်-

တဆက်တည်း..
သူတို့သည် တစ်မြို့တည်းသားတွေဖြစ်ပါသဖြင့် တက် လိုက်ရပါသည်-
၁. အောင်ချမ်းလင်း
၂. သားဖြူ


4 comments:

သန့်ဇော်မင်း said...

ခ.....ျ....မ.....်...း.....လ....ိ.....ု....က....်....တ....ာ.....

အဉ္ဇလီ said...

အားပါးပါး ... ဖတ်ရင်းဖတ်ရင်းနဲ့ ချမ်းလာသလိုပဲ ... အစ်မက တောင်ပေါ်ကလား ... အစ်မတို့ဆီမှာက ဒီလောက်တောင်ပဲ အေးရသလား ... ကျနော်က မြန်မာပြည် အရှေ့တောင်ပိုင်းကဆိုတော့ အစ်မတို့ဆီကလောက် မအေးဘူး ... အခုလို ဆောင်းအကြောင်းလေး ပြန်ရေးပေးတာ အစ်မကို ကျေးဇူးပါပဲနော် ... အခုလို ခင်မင်ခွင့်ရတဲ့အတွက်လည်း အတိုင်းမသိ ၀မ်းသာမိပါတယ် ...

Sai Sai said...

ပေါက်ဆီကြော်ကို လွမ်းနေသော
ပဲပင်ပေါက် လမ်းကြိတ်စက် တက်နင်းခံ ထားရသကဲ့သို့ အလွန်လှပသော လက်ရေးများ ပိုင်ရှင် ခပ်ချောချော ပုတက်တက် ကောင်မလေး ယူဆဂိ.ရေ..

ကျနော်တို့ ရှမ်းမြောက်လောက်တော့ အေးလောက်ဖူး ထင်တယ်နော..

အခုလို ရေးပေးသွားတဲ့အတွက်..Arigatou gozaimasu

ယူဆဂိ said...

သန့်ဇော်မင်း..inzali...စိုင်းစိုင်း.. I m very thank you for all of your kindly comments.