Fun Quiz !!
ပျော်စရာလေးတစ်ခုပါ..ဖတ်ပြီးရင် ဖြေကြည့်ခဲ့ပါ။
သင်သည် အခန်းတစ်ခုထဲတွင်ရှိနေသည်။ထိုအခန်းထဲတွင်...သင်နှင့်အတူ မြွေသုံးကောင်ရှိနေပါသည်။ထိုသုံးကောင်အနက်. သင်သည် တစ်ကောင်တည်းကိုသာ မဖြစ်မနေသတ်ရမည်ဆိုပါက မည်သည့်အကောင်ကိုသတ်မည်နည်း။
-မျက်နှာကျက်တွင်မြွေတစ်ကောင်-ပြူတင်းပေါက်တွင်တစ်ကောင်-တံခါးပေါက်တွင်တစ်ကောင်
မှတ်ချက်။ ။ အဖြေကိုနောက်မှပြောပြမယ်နော်
အဖြေ
(တံခါးပေါက်ကမြွေကိုသတ်သူ)
သူသည် မလုပ်ခင်မှာလည်း သေချာစဉ်းစားပြီးမှလုပ်သလို၊ လုပ်ပြီးရင်လည်းသူ့ရဲ့ လူမှုရေး/အချစ်ရေး/အိမ်ထောင်ရေးကသာယာတတ်ပါတယ်တဲ့။
(မျက်နှာကျက် ကမြွေကိုသတ်သောသူ)
သူကတော့ စိုးရိမ်စိတ်နဲ့ သိပ်မစဉ်းစားဘဲ လက်ရှိပြသနာကို အမြန်ဖြေရှင်းတတ်တဲ့စိတ်မြန်လက်မြန်လူပါ။
သူ့ရဲ လူမှုရေး/့အချစ်ရေး/အိမ်ထောင်ရေးကသိပ်မသာယာတတ်တာများပါတယ်တဲ့.။
သူဟာအမြဲချောင်ပိတ်မိနေတတ်ပါတယ်တဲ့။
(ပြူတင်းပေါက်ကမြွေကိုသတ်သောသူ)
သူကတော့နည်းနည်းထူးခြားပါတယ်..ဘာမှကိုမစဉ်းစားချင်တဲ့သူပါတဲ့။
ဒါပေမယ့် သူ့ဘ၀က သူ့ကံပေါ်မှာဘဲ အမြဲမူတည်နေတတ်သူပါလို့ဆိုပါတယ်။
ပြူတင်းပေါက်အနိမ့်အမြင့်ပေါ်မူတည်သလိုပေါ့လေ။
အားလုံးအဖြေလေးတွေကို ကျေနပ်ကြပါစေ..။ဒါ..ဆဂိပြောတာမဟုတ်ဘူးနော်။ သူများဆီကကြားတာလေးကို အပျော်သဘောလေး တင်ပေးတာပါ။ မှန်ချင်မှလည်းမှန်မှာပါ။
လူတိုင်းက သူ့ဘ၀နဲ့သူ. သူ့ကံနဲ့သူ လာပြီးသားပါ။
ကဲ.. ကိုယ့်အဖြေလေးနဲ့ကိုယ့်ကံကြမာလေးများတိုက်ဆိုင်လားပြောပြပါအုံးနော်။
မှတ်ချက်။ ။ စိတ်ဝင်တစားဖြေပေးကြပါသော သူငယ်ချင်းများကို ဆဂိ ကျေးဇူးတင်ပါတယ်။
သြော် ဆဂိ အမေးခံရတုန်းကဘာဖြေလိုက်လဲဆိုတာလေး ပြောလိုက်ပါအုံးမယ်။
ဆဂိ က မျက်နှာကျက်ကမြွေကို သတ်ပါမယ်လို့ မေးခွန်းဆုံးတာနဲ့တန်းဖြေထဲ့လိုက်တာ ..ဟားဟား။
7 comments:
မြလွှာကတော့ မျက်နှာကျက်ကမြွေကို အရင်သတ်မယ်.... မျက်နှာကျက်ဆိုတော့ အန္တရာယ်က အချိန်မရွေးကျရောက်နိုင်တယ်လေ...
ဘာတဲ့လည်းဟင်...?? အဖြေက
မြွေမြင်ရင် ငွေရွှင်တာ နောက် ။ မြွေမြင်တာ နဲ့ လန့်နေပြီ ။ သေပြီ ဆရာ ...။
ပြူတင်းပေါက် က မြွေကို သတ်ပါမယ် ။ Most useful window.
ကျွန်တော် အကြောက်ဆုံးက မြွေပဲဗျာ...သတ်တော့မသတ်ရဲဘူး...ပြေးပြီဗျာ..
တကယ်လို့ လူက အခန်းအလယ်မှာ ရှိမယ်ဆိုရင် အခန်းထဲမှာ ရှိတဲ့မြွေက အနီးဆုံးပါဘဲ. မျက်နှာကျက်ကမြွေဟာ ကိုယ့်ကိုယ်ပေါ် ပြုတ်ကျပြီး ရစ်ပတ်နိုင်ပါတယ်.
တကယ်လို့လူက ပြူတင်းပေါက်နားနီးရင် သို့  တံခါးပေါက်နားနီးရင်တော့ အနီးဆုံးကိုသာ အရင်သတ်သင့်ပါသည်။
စိတ်ဝင်စားဘွယ်ရာ ဆိုဒ်လေးပါဘဲ။
မေတ္တာရှေ့ထားပြီး ဘယ်အကောင်မှ မသတ်ပဲ မေတ္တာပို့လို့မရဘူးလား။ :)
ဆဂိရေ... မဖြစ်မနေဆိုတော့လည်း ဖြေပါပြီ.... :P
အရင်ဆုံးပြန်မေးမယ်..
ဘယ်ကောင်က အဆိပ်မပြင်းဆုံးလဲ..
အဲ့ဒီကောင်ကို အရင်သတ်ပါမယ်။
၃ကောင်လုံးတူတူဘဲဆိုရင်..
အနီးဆုံးကောင်ကို အရင်ပေါ့။
အကွာအဝေးလည်း တူတယ်ဆိုရင်တော့..
တံခါးပေါက်ကကောင်ကို အရင်သတ်ပြီး ထွက်ပါမယ်။
ပြတင်းပေါက်ကတော့ ဘယ်နှစ်ထပ်မှာမှန်းမသိလို့ပါ။
tzm
သိပါဘူး ဆဂိရဲ့ သတ်ရမယ်ဆိုတော့ မသတ်ပဲ မရဘူးလား မေးလိုက်တာ။
မေးတဲ့ သူငယ်ချင်းကို ပြန်ပြောလိုက်ပါဦး မေတ္တာရှေ့ထားပြီး လွှတ်ပေးလိုက်ရင်ရောလို့။
ညလေးအတွက် အဖြေမပါဘူးနော်။ ဟိ
Post a Comment