Saturday, June 9, 2007

ကျောင်းလှူသူသည်

ကျောင်းလှူသူသည် ကောင်းကျိုးချမ်းသာ အားလုံးကို လှူရာရောက်သည် ဆိုတဲ့ မြတ်စွာဘုရားရဲ့ မူလအဓိပါယ် က နတ်သားတစ်ပါးရဲ့မေးလျှောက်ချက်နဲ့ ဆက်စပ်နေပါတယ်။
နတ်သားတစ်ပါးကမြတ်စွာဘုရားရှင်ကို
၁. မည်သည့်အလှူသည် ခွန်အားကို လှူရာရောက်ပါသလဲ
၂.
မည်သည့်အလှူသည် အဆင်းကို လှူရာရောက်ပါသလဲ
၃.
မည်သည့်အလှူသည် ချမ်းသာခြင်းကို လှူရာရောက်ပါသလဲ
၎.
မည်သည့်အလှူသည် မျက်စိအမြင်ဓာတ်ကို လှူရာရောက်ပါသလဲ
၅.
မည်သည့်အလှူသည် ကောင်းကျိုးချမ်းသာအားလုံး(အထက်မှလေးမျိုးလုံး) ကို လှူရာရောက်ပါသလဲ လို့ မေးခွန်း(၅)ခု မေးပါတယ်...
မြတ်စွာဘုရားရှင်က
၁. အစားသောကအလှူသည် ခွန်အားကို လှူရာရောက်သည်
၂. အ၀တ်အထ် အလှူသည် အဆင်းကို လှူရာရောက်သည်
၃. ယာဉ် အလှူသည် ချမ်းသာခြင်းကို လှူရာရောက်သည်
၎. ဆီမီးအလှူသည် မျက်စိအမြင်ဓာတ်ကို လှူရာရောက်သည်
၅. ကျောင်း လှူသည် ကောင်းကျိုးချမ်းသာအားလုံး(အထက်မှလေးမျိုးလုံး) ကို လှူရာရောက်သည်။ လို့ဖြေကြားတော်မူလိုက်ပါတယ်။

ကျောင်းလှူသူသည် လှူဘွယ်အားလုံးကို လှူဖြစ်သည်..ကျောင်းအလှူရှင်ရဲ့ တာဝန်ဟာ ကျောင်းလှူပြီး-ပြီးရော ၊ ပြီးသွားတာမျိုးမဟုတ်ဘဲ ကျောင်းနေသံဃာတော်တွေကို ဆွမ်း၊ သင်္ကန်း စတဲ့ လိုအပ်ရာရာတွေ အမြဲမပြတ် အရိပ်ကြည့် လှူးဒါန်းနေမှာဖြစ်လို့ ကျောင်းအလှူရှင်ဟာ ကျောင်းကိုအကြောင်းပြုပြီး လှူဖွယ်မျိုးစုံ လှူဖြစ်သွားပါတယ်။

မှတ်ချက်။ ။ အကျယ်တ၀င့် အား.... ဘုန်းဘုန်း အရှင်ဆန္ဒာဓိက ရဲ့
(ကျောင်းလှူသူသည် ကောင်းကျိုးချမ်းသာအားလုံးကို လှူရာရောက်သည်) စာအုပ်တွင် ဆက်လက်ဖတ်ရှုနိုင်ပါ သည်။

No comments: