မိုးအကြောင်း
ပုဂံသားတက်ပြီး--မိုးအကြောင်းရေးပါဆိုလို့ရေးလိုက်တာ..အရေးအသားမကောင်းရင်သည်းခံပြီးဖတ်ပေးပါရှင်။မြန်မာနိုင်ငံမှာ မိုးရေချိန် များတဲ့ မြို့ တစ်ခုမှာ မိုးတွင်အခါသမယတွင်မွေးဖွားခဲ့ပါသည်။မိုးတွင်းဆိုရင်.. ရွာလိုက်တဲ့မိုး.. တနေ ကုန်. လုံးဝမတိတ်ဘူး။ ကျောင်းမှာဆိုလည်း တစ်ဆောင်နဲ့တစ်ဆောင်တောင် မကူးချင်ဘူး။
မိဘတွေ ခရီးထွက်တဲ့အချိန်ဆိုရင်ကျောင်းကို မိုးရေတွေထဲမှာလမ်းလျှောက်သွားရတယ်လေ။ နယ်မြို့ဆိုတော့ ကျောင်းနဲ့က သိပ်မဝေးလှပါဘူး။ စီးရတဲ့ဖိနပ်ကလည်း သိကြလားတော့မသိဘူး ဘွတ်ခြေနင်း လို့ခေါ်တယ်။ ဒါပေမယ့် လှလှလေးဝယ်ပေးကြရှာပါတယ်-မှတ်မှတ်ရရ ပန်းရောင်ဘွတ်ခြေနင်းလေးကို အကြိုက်ဆုံးဘဲ။ ၁၀တန်းလောက်ထိ သိမ်းထားတုန်း။ နောက်တော့ အမေ ကရှုပ်လို့ဆိုပီး သူများကိုပေးပစ် လိုက်တယ်(အကောင်းလေးအတိုင်းပါဘဲ)။ အဲ..ဆက်ပြောရရင်..ဖတ်စာအုပ်မေ့ခဲ့ရင် ရိုက်တတ်တဲ့ ဆရာမ တွေကိုကြောက်တော့ ဘာသာစုံ စာအုပ်တွေကို လွယ်အိတ်နဲ့အပြည့်ထည့်ရတယ်လေ။ အချိန်စာရင်းအတိုင်း ထဲ့ရတယ်ဆိုပေမယ့် လည်း ကြုံဖူးကြမှာပါ.. အစားဝင်သင်တာတို့ ဘာတို့ကလည်းရှိတတ်တော့ မထူးဘူး ဆိုပြီးအကုန်ထည့်တာ။ လွယ်အိတ်နဲ့မဆန့်လို့ လက်ကပိုက်ရင်ပိုက်၊ မပိုက်ရင် ဆွဲခြင်းတောင်းထဲထည့်။ စာအုပ်တွေရေစိုမှာကကြောက်ရ။ထမင်းဘူးထည့်ထားတဲ့ ခြင်းတောင်းကတစ်ဖက်။ရှုတ်ရှက်ကိုခတ်နေတာဘဲ။ ရှိသေးတယ်.. မိုးကာရှည် ကလည်းဝတ်ပေးလိုက်သေးတယ်လေ။ ၀ယ်ပေးထားတဲ့ ထီးကလည်းလှတော့ ကိုင်သွားချင်လိုက်သေးတာ။ဒီတော့ တနေ့တနေ့ကျောင်းသွားရင် လက်နှစ်ဖက်လုံးလည်းမအားဘူး။ လေးလံလှ တဲ့ကျောပိုးအိတ်ကြီးကလည်းလွယ်ထားရတယ်။ဆဂိ လမ်းများလျှောက်သွားရင် ကွန်ပါဘူး ရဲ့အသံကလည်း စည်းချက်ညီညီ ဘဲ.. ဂွက် ဂွက် ဂွက် နဲ့ လိုက်လာတာ။ကျောင်းရောက်တာနဲ့ ခြင်းတောင်းကို ထားရမယ့် စင်မှာတင်၊ မိုးကာကိုချွတ်၊ ဖိနပ် ကိုကျောင်းမှာထားတဲ့ ဖိနပ်နဲ့လဲစီး(ဘွတ်ဖိနပ် နဲ့ ကျောင်းဝတ်စုံ နဲ့ မလိုက်ဖက်လွန်းလို့လေ)၊ လွယ်အိတ်ထဲက ဖတ်စာအုပ်တွေကို စာရေးစားပွဲအောက်ကို ထည့်။ ဒါဆို လွယ်အိတ်ထဲမှာ နုတ် စာအုပ်ဘဲကျန်တော့ပေါ့သွားတာပေါ့။ ကွန်ပါဘူး ကိုထုတ် စားပွဲထောင့်မှာတင် ပြီး စာသင်ဖို့အသင့်ပေါ့လေ။ မိုးတွေများသည်းသည်းမဲမဲ ရွာရင် ဆရာမခမျာ အာကုန်ချစ်အော်ရရှာတယ်.. မိုးသံနဲ့မကြားရလို့လေ။ မုန့်စားဆင်းရင် မုန့်ဈေးတန်းကို သွားလေ့သိပ်မရှိဘူး။ မိုးစိုမှာစိုးလို့။ အိမ်ကထည့် ပေးလိုက် တာတွေဘဲစားတယ်။ ထမင်းစားဆင်းလည်း အခန်းထဲမှာဘဲ။ အဲ.. ညနေ ကျောင်းဆင်းလို့ကတော့ မနက်ပုံစံအတိုင်းလေးဖြစ်အောင် ပြင်ဆင်ပြီး ကျောင်းဆင်းခေါင်းလောင်း ထိုးသံကိုစောင့်ရတာပေါ့။
ဒါကြောင့် မိုးဆိုလုံးဝမနှစ်သက်ခဲ့ပါ။ ခုလည်းမနှစ်သက်ပါ။ သူများတွေလို မိုးရေထဲထွက်လည်းမဆော့ခဲ့ဘူးပါ။ ရန်ကုန်မိုးကိုတော့ နည်းနည်းသဘောကျသည်.. ရွာလျှင် အသဲအသန်ရွာချပြီး တိတ်သွားတတ်လို့ပါ။ မိုးတွေရွာရင် မိုးထဲမှာအလုပ်လုပ်နေရသူတွေ အတွက်ထိုင်သနားနေတတ်ပါသည်။ ထီးပါမလာသည့်သူများ ဆိုလျှင် စိုရွှဲနေပါမည်။ မိုးရေထဲတွင် ထီးချင်းတိုက်မိနေသည့်မြင်ကွင်းများ၊ မိုးလုံရာသို့ပြေးလွှားရသည့် မြင်ကွင်း များ သည်ြကည်နူးဖွယ်ကောင်းသည့်မြင်ကွင်းမဟုတ်သည်မှာအမှန်ပင်။
(ကျေနပ်နိုင်ကြပါစေ။)
အားကျမခံထပ် tag လိုက်ပါသည်......
၁။ အိမ်လေးတစ်အိမ်
၂။ မိုးကုတ်မီဒီယာ
၃။ ဆရာမမေငြိမ်း
၎။ အောင်ချမ်းလင်း(မိုးကုတ်သား)
၅။ စိုင်းစိုင်း(လားရှိုး)
ကျန်သေးသည့် မိတ်ဆွေများကိုလည်းတက်ချင်ပါတယ်။ တော်လောက်ပါပြီနော် ၅ ယောက်ဆို။်

2 comments:
ဆရာမ ပြောလိုက်တာ အကုန် သဘောတူတယ်။ ကျောင်းသွားကျောင်းပြန်မိုးရွာရင် အရမ်းစိတ်ညစ်ဖို့ ကောင်းတယ်။
ညီမလေး ဆဂိပြောမှပဲ သတိရဒယ်.. အပ်မိန်လဲ နယ်မှာတုန်းက..မိုးရွာတဲ့ခါ မိုးကာအရှည် ဘွတ်ခြေနင်း နဲ့. ထီးလှလှလေးကလဲ ဆောင်းချင်သေးးး ဟီးး ဟိုးငယ်ငယ် သူငယ်တန်းတုန်းက ကျောင်းတွားတဲ့ပုံလေးကို ပြေးမြင်မိလိုက်ဒယ်..
Post a Comment