Wednesday, June 13, 2007

ရည်စူးကုသိုလ်

***သေဆုံးသူကို ရည်စူး၍ အလှူဒါနပြုလုပ်လျှင် ရည်စူးခံရသူ၌ မည်သို့သော အကျိုးကျေးဇူးများ ရနိုင်ပါသနည်း။
ရဟန္တာများမှတစ်ပါး သတ္တ၀ါတစ်ဦးတစ်ယောက်သေဆုံးသွားရင် လားရောက်ရမယ့် ဘ၀ (၅) မျိုး ရှိပါတယ်။ ဂတိငါးပါးပေါ့။
လူ့ဘ၀ ၊ နတ်ဘ၀ ၊ ငရဲဘ၀ ၊ တိရစာန်ဘ၀ ၊ ပြိတ္တာဘ၀ ဆိုပြီးတော့ ဘ၀ ငါးမျိုး တစ်မျိုး မျိုးကို လားရောက်ရပါတယ်။
ဗြဟ္မာဘ၀က နတ်ဘ၀ထဲမှာ ၊ အသူရကာယ်ဘ၀က ပြိတ္တာဘ၀ ထဲမှာ အကျုံးဝင်ပါတယ်။
ကုသိုလ်နဲ့သေတဲ့သူက ကုသိုလ်သတ္တိ အားလျော်စွာ လူ့ဘ၀၊ နတ်ဘ၀ ဆိုတဲ့ ကောင်းရာ သုဂတိဘ၀ တွေကို လားရောက်ရပြီး အကုသိုလ် နဲ့ သေတဲ့သူက အကုသိုလ် သတ္တိအားလျော်စွာ ငရဲဘ၀ ၊ တိရစာန်ဘ၀ ၊ ပြိတ္တာဘ၀ ဆိုတဲ့မကောင်းရာဘ၀တွေကို လားရောက်ရပါတယ်။

သေလွန်ပြီးတဲ့နောက်....
ကုသိုလ်အကျိုးပေးကြောင့် နတ်ဖြစ်သွားတယ်ဆိုရင်॥
ဒါမှမဟုတ် အကုသိုလ်အကျိုးပေးကြောင့် ငရဲကျသွားတယ်၊ တိရစာန်ဖြစ်သွားတယ် ဆိုရင်॥
ကျန်ရစ်သူတွေက သူ့အတွက် ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့ အကျိုးကို သူ လုံးဝခံစားခွင့်မရှိ တော့ ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် ရည်စူးပြီး ကုသိုလ်ပြု နေတာကို သူလုံးဝမသိနိုင် တော့လို့ပါပဲ။

တကယ်လို့....အကုသိုလ်အကျိုးပေ
းတစ်ခုကြောင့် ပြိတ္တာဘုံဘ၀ ရောက်သွားမယ်ဆိုရင်တော့ ကျန်ရစ်သူတွေက သူ့အတွက် ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့ အကျိုးကို အကြောင်းညီညွတ်မယ် ဆိုရင် သူ အပြည့်အ၀ခံစားခွင့်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် ရည်စူးပြီး ကုသိုလ် ပြုနေတာကို အကြောင်းညီညွတ်ရင် သူသိနိုင်လို့ပါပဲ။
ပြိတ္တာဘုံဘ၀ရောက်တိုင်းလည်း ရည်စူးကုသိုလ်ရဲ့ အကျိုးကို ခံစားခွင့်ရှိတာ မဟုတ်ပါဘူး။
၁-ထမင်းဆာလောင်ခြင်း၊ရေမွတ်သိပ်ခြင်းတို့ရဲ့နှိပ်စက်မှုဒဏ်ကိုအမြဲမပြတ်ခံနေရတ
ဲ့
”အငတ်ခံ ပြိတ္တာ”
၂-ပူပြင်းတဲ့မီးတောက်မီးလျှံတွေရဲ့လောင်ကျွမ်းဝါးမြိုက်မှုဒဏ်ကိုမကြားမလပ်ခံနေရတ
ဲ့
”အလောင်ခံ ပြိတ္တာ”
၃-အသူရကာယ် လို့ သီးခြားခေါ်တဲ့အကြီးစား ပြိတ္တာ
တွေဟာ ပြိတ္တာဖြစ်ပေမယ့် ရည်စူးကုသိုလ် ကို သာဓုခေါ်နိုင်စွမ်း မရှိကြတဲ့အတွက် ရည်စူး ကုသိုလ်ရဲ့ အကျိုး ကို ဘာမှခံစားခွင့်မရှိပါဘူး။

၎-သူတစ်ပါးတို့ပေးတဲ့ အစားအစာကို အမှီပြုပြီးအသက်ရှင်နေရတဲ့
အပေးခံ ပြိတ္တာ
တစ်မျိုးတည်းသာ ရည်စူးကုသိုလ်ကို သာဓုခေါ်နိုင်စွမ်းရှိတဲ့အတွက် ရည်စူးကုသိုလ်ရဲ့ အကျိုး ကို ခံစားခွင့်ရှိပါတယ်။(ဒီအပေးခံ ပြိတ္တာ မျိုးကို ဝေမာနိက ပြိတ္တာ= ဗိမာန်ရှင် ပြိတ္တာ လို့အများက သိကြပါတယ်)

No comments: