Tuesday, June 26, 2007

လွှဲချော်မှုများအပေါ် ခံနိုင်ရည်ရှိပါ

လူဟူသော သတ္တ၀ါသည် ကမ္ဘာ္ဘ ပေါ်တွင် အကြိုးစားဆုံး ၊ အတီထွင်ဆုံး၊အလုပ်လုပ်ဆုံး သတ္တ၀ါ ဖြစ်သည်။ တီထွင်သူ ဆိုသည်မှာ အဘယ်နည်း။
တီထွင်သူဆိုသည်မှာ ကမ္ဘာ္ဘ မြေကြီး နှင့်လိုက်လျောညီထွေနေရမှန်းမသိသူ ဖြစ်သည်။

လိုက်လျောညီထွေနေတတ်သူများက မိရိုးဖလာဒီအချိန် စိုက်ပျိုး၊ဒီအချိန်ရိပ်သိမ်း ၊ဒီအချိန်စား ဆိုသော သဘာဝ တရားထဲတွင် မွေ့လျော်နေတတ်သည်။ ရေခဲလိုလျှင် ဆောင်းကိုစောင့်ပေါ့။ သို့သော် လူတစ်ဦး ကဒီသဘော တရားကို နားမလည်။ ထို့အတွက် ရေခဲသေတ္တာ ကိုတီထွင်ပြီး ဆယ့်နှစ်ရာသီရေခဲစေအောင်လုပ်ပြီး ကမ္ဘ္ဘာကြီး အား ကဏကောဇ တိုက်ခြင်းဖြစ်သည်။ ထိုသို့သောလူများကြောင့် တယ်လီဖုန်းပေါ်လာသည်။ မော်တော်ကား၊ မီးရထားတို့ပေါ်လာရခြင်းဖြစ်သည်။သို့သော် တီထွင်လုပ်ကိုင်မှုတိုင်းသည် လွယ်လွယ်ကူကူ နှင့်ချောမွေ့စွာ အောင်မြင် ခဲ့သည်မဟုတ်။ အမှားများစွာ ထဲက အမှန်ကို ရောက်အောင်ခက်ခဲပင်ပန်းစွာ ရုန်းကန်လာရ ခြင်းဖြစ်သည်။ထိုသို့တီထွင်ပြုလုပ်တိုင်းအတိုက်အခံဆိုတာပေါ်လာမြဲ။လူတိုင်းတွင်အတိုက်အခံရှိခြင်းသည်တီထွင် သူများအဖို့အကူအညီလွန်စွာဖြစ်သည်။ (လူတို့လွှတ်တင်လိုက်သောစွန်သည် လေကိုဆန်ပြီးမှ ကောင်းကင်ကို တက်ခြင်းဖြစ်သည်။လေနှင့်အတူတက်လာခြင်းမဟုတ်။)ဘာမှမလုပ်ရင်တော့ ဘာမှမမှား ဘူးပေါ့။ လုပ်ရင်တော့ မှားစရာတွေပေါ်လာနိုင်သည်။အမှားတစ်ခု ကိုကျူးလွန်မိတိုင်း မိမိကိုယ်ကို ဒေါသဖြစ်ယူကျုံးမရဖြစ်အောင် အော်ဟစ်မြည်တမ်းနေမည့်အစား ထိုအမှား၏သဘောကိုသေချာအောင်လေ့လာ၊ဘယ်နည်းနဲ့ အမှန်ရောက် အောင် လုပ်နိုင်မလဲ အဖြေရှာ။ကြိုးစား၍ ပြန်ထူမတ်အောင်လုပ်မှသာ အောင်မြင်သောသူတစ်ဦး ဖြစ်နိုင် ပေသည်။

မှတ်ချက်။ ။(အကြည်တော် ၏ မိတ္တ ဟဒယ ဟာသ တက်ကျမ်း) မှ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။

No comments: