Saturday, June 30, 2007

Greetings

A. Tadaima (ပြန်လာပါပြီ)
B. Okaerinasai (ပြန်လာပြီလား)
A. Itte kimasu.(သွားပါတော့မယ်)
B. Itte irassyai. (ကောင်းကောင်းသွားပါ)
A. Doomo arigatoo gozaimasu. (ကျေးဇူးတင်ပါတယ်)
B. Iie,dooitasi masite. (ရပါတယ်. ကိတ်စမရှိပါဘူး)
A. Doozo osakini. ( လုပ်ပါ..အရင်လုပ်ပါ)
B. Arigatoo gozaimasu. (ကျေးဇူးပါ)

Thursday, June 28, 2007

ကျေးဇူးပြုပြီး...(Please..)

Yonde kudasai = Please read
Moo itido= Once again
Moo itido yonde kudasai= Please read again
Kaite kudasai= Please write down
Kiite kudasai=Please listen
Mite kudasai= Please look
athaite kudasai= Please come in
suwatte kudasai= Please sit down
tabete kudasai= Please eat
nonde kudasai= Please drink

Tuesday, June 26, 2007

ရွေးကြည့်ပါ"

သင်ရေသောက်မည်ဆိုလျှင်မည်သည့်ခွက်နှင့်သောက်လိုသနည်း
စတီးခွက်
ဖန်ခွက်
ကြွေခွက်

ကဲ အားလုံးဘဲ...စိတ်ထဲရှိတာလေး comment မှာဖြေကြည့်ပါလား။
နောက်နေ့အဖြေကြေငြာမယ်နော်။

လွှဲချော်မှုများအပေါ် ခံနိုင်ရည်ရှိပါ

လူဟူသော သတ္တ၀ါသည် ကမ္ဘာ္ဘ ပေါ်တွင် အကြိုးစားဆုံး ၊ အတီထွင်ဆုံး၊အလုပ်လုပ်ဆုံး သတ္တ၀ါ ဖြစ်သည်။ တီထွင်သူ ဆိုသည်မှာ အဘယ်နည်း။
တီထွင်သူဆိုသည်မှာ ကမ္ဘာ္ဘ မြေကြီး နှင့်လိုက်လျောညီထွေနေရမှန်းမသိသူ ဖြစ်သည်။

လိုက်လျောညီထွေနေတတ်သူများက မိရိုးဖလာဒီအချိန် စိုက်ပျိုး၊ဒီအချိန်ရိပ်သိမ်း ၊ဒီအချိန်စား ဆိုသော သဘာဝ တရားထဲတွင် မွေ့လျော်နေတတ်သည်။ ရေခဲလိုလျှင် ဆောင်းကိုစောင့်ပေါ့။ သို့သော် လူတစ်ဦး ကဒီသဘော တရားကို နားမလည်။ ထို့အတွက် ရေခဲသေတ္တာ ကိုတီထွင်ပြီး ဆယ့်နှစ်ရာသီရေခဲစေအောင်လုပ်ပြီး ကမ္ဘ္ဘာကြီး အား ကဏကောဇ တိုက်ခြင်းဖြစ်သည်။ ထိုသို့သောလူများကြောင့် တယ်လီဖုန်းပေါ်လာသည်။ မော်တော်ကား၊ မီးရထားတို့ပေါ်လာရခြင်းဖြစ်သည်။သို့သော် တီထွင်လုပ်ကိုင်မှုတိုင်းသည် လွယ်လွယ်ကူကူ နှင့်ချောမွေ့စွာ အောင်မြင် ခဲ့သည်မဟုတ်။ အမှားများစွာ ထဲက အမှန်ကို ရောက်အောင်ခက်ခဲပင်ပန်းစွာ ရုန်းကန်လာရ ခြင်းဖြစ်သည်။ထိုသို့တီထွင်ပြုလုပ်တိုင်းအတိုက်အခံဆိုတာပေါ်လာမြဲ။လူတိုင်းတွင်အတိုက်အခံရှိခြင်းသည်တီထွင် သူများအဖို့အကူအညီလွန်စွာဖြစ်သည်။ (လူတို့လွှတ်တင်လိုက်သောစွန်သည် လေကိုဆန်ပြီးမှ ကောင်းကင်ကို တက်ခြင်းဖြစ်သည်။လေနှင့်အတူတက်လာခြင်းမဟုတ်။)ဘာမှမလုပ်ရင်တော့ ဘာမှမမှား ဘူးပေါ့။ လုပ်ရင်တော့ မှားစရာတွေပေါ်လာနိုင်သည်။အမှားတစ်ခု ကိုကျူးလွန်မိတိုင်း မိမိကိုယ်ကို ဒေါသဖြစ်ယူကျုံးမရဖြစ်အောင် အော်ဟစ်မြည်တမ်းနေမည့်အစား ထိုအမှား၏သဘောကိုသေချာအောင်လေ့လာ၊ဘယ်နည်းနဲ့ အမှန်ရောက် အောင် လုပ်နိုင်မလဲ အဖြေရှာ။ကြိုးစား၍ ပြန်ထူမတ်အောင်လုပ်မှသာ အောင်မြင်သောသူတစ်ဦး ဖြစ်နိုင် ပေသည်။

မှတ်ချက်။ ။(အကြည်တော် ၏ မိတ္တ ဟဒယ ဟာသ တက်ကျမ်း) မှ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။

Monday, June 25, 2007

စ *** ရ အောင်(let's)

masyoo=(let's)

Hazime masyoo=let's began
Owari masyoo =let's stop here
Yasumi masyoo=let's rest
Tyotto yasumi masyoo=let's rest just a moment
Iki masyoo= let's go
Kaeri masyoo=let's go back home
Tabe masyoo=let's eat
Nomi masyoo=let's drink

Sunday, June 24, 2007

နှုတ်ဆက်စကားလေးများ

Ohayoo gozaimasu(အိုဟိုင်းရိုး ဂိုဇိုင်းမတ်စ)= good morning
Konniti wa(ကိုနီးချိ ၀) = good afternoon/good day
Konban wa(ခေါန်ဗန်း ၀)= good evening
Oyasumi nasai(အိုယစုမိ နာ့စိုင့်)= good night
Sayoo nara(စာယိုး နာရ)= good bye
Mata asita(မတ အရှိတ) = see you tomorrow

Friday, June 22, 2007

အရောင်နှင့်ပက်သက်၍မှတ်သားသင့်သော

i နှင့်ဆုံးသော အရောင်လေးရောင် ကို ပစ္စည်းနှင့်တဆက်တည်းတွဲပြောနိုင်ပါသည်။

Shiroi Hon,Kuroi Hon,Akai Hon,Aoi Hon

*Kore Wa Kuroi Empitsu Desu.
*ဤအရာသည် အမဲရောင်ခဲတံ ဖြစ်သည်။

----------------------------
Iro နှင့်ဆုံးသောအရောင်များကိုမူ အရောင်နှင့်စ္စည်း တွဲပြော၍မရပါ။ No(၏)
ကိုထည့်သွင်းပြောရပါမယ်။
ဥပမာ။
အ၀ါရောင်စာအုပ် ဟုပြောရာတွင်...
Ki Iro Hon. ဟူ၍ပြော၍မရပါ။
Ki Iro No Hon ဟုပြောရမှာ ဖြစ်ပါတယ်။

Cha Iro No Hon, Momo Iro No Hon, Midori Iro No Hon, Murasak Iro No Hon,
Nezumi Iro No Hon,Orenji Iro No Hon

*Kore Wa Midori Iro No Isu Desu.
*ဤအရာသည် အစိမ်းရောင် ကုလားထိုင် ဖြစ်သည်။

Thursday, June 21, 2007

အရောင် အခေါ်ဝေါ်လေးများ

(ရောင် အခေါ်ဝေါ်လေးများ)

Iro= အရောင်
Nan/Nani= ဘာ
Nani Iro=ဘာအရောင်

** Nanနှင့်Nani တို့သည် တူသလိုရှိပြီး အသုံးချရာတွင်ကွဲပြားသည်။
Nan ကို Nan Desu Ka. (ဘာဖြစ်ပါသလဲ)
Nani ကို Nani Iro Desu Ka.(ဘာအရောင်ဖြစ်ပါသလဲ)တွင်သုံးပါသည်။

အရောင် (၁၁)ရောင်ဖော်ပြလိုက်ပါသည်။
Kuroi=အမည်းရောင်
Shiroi=အဖြူရောင်
Aoi=အပြာရောင်
Akai=အနီရောင်
Nezumi Iro=မီးခိုးရောင်
Cha Iro=အညိုရောင်
Ki Iro=အ၀ါရောင်
Midori Iro=အစိမ်းရောင်
Momo Iro(pinku)=ပန်းရောင်
Orenji Iro= လိမ္မော်ရောင်
Murasaki Iro=ခရမ်းရောင်

::Example::
Kore Wa Nani Iro Desu Ka? ဤအရာသည် ဘာအရောင် ဖြစ်ပါသလဲ
Kore Wa Akai Desu.ဤအရာ သည် အနီရောင် ဖြစ်ပါသည်။

Wednesday, June 20, 2007

Lesson-2

Wa,Ga
Wa= သည် ၊ ဟာ (သာမန်ဝါကျပြုလုပ်ရာတွင်အသုံးပြုသည်)

Ga = က (မိမိပြောလိုသော အကြောင်းအရာကို အသားပေးပြောရာတွင်သုံး)

* Ga နဲ့ မေးရင် Ga နဲ့ ပြန်ဖြေရန်။

Kore Wa Hon Desu. (ဤအရာ သည် စာအုပ်ဖြစ်သည်။)
Kore Ga Hon Desu. (ဤအရာ က စာအုပ်ဖြစ်သည်။)

Dore Ga Hon Desu Ka ? (ဘယ်အရာကစာအုပ်ဖြစ်ပါသလဲ။)
* Dore နှင့်မေးရာတွင် Kore, Sore, Are ထဲ့ဖြေရပါသည်။
Kore Ga Hon Desu. (ဤအရာ က စာအုပ်ဖြစ်သည်။)
Sore Ga Hon Desu. (ထိုအရာ က စာအုပ်ဖြစ်ပါသည်။)
Are Ga Hon Desu. (ဟိုအရာ က စာအုပ်ဖြစ်ပါသည်။)

"Dono"
Dore နှင့် Dono တူသလိုရှိသော်လည်း Dono ကိုမူ နာမ်(Noun) တစ်ခုခုဖြင့်
တွဲသုံးရပါသည်။
Dore= ဘယ်အရာ

Dono Hon (ဘယ်စာအုပ်)
Dono Pen (ဘယ်ဖောင်တိန်)

Doomo arigatoo gozaimasu.(ဒိုမို အာရိငတိုးဂိုစိုင်းမတ်)= ကျေးဇူးအများကြီးတင်ပါတယ်

အခြေခံ ဂျပန်စာ လေ့လာကြရအောင်

"ပညာအလင်းရောင် ဘ၀တန်ဆောင်”
ကိုယ်သိသမျှလေးကိုမျှဝေပေးရတာဟာလည်း မင်္ဂလာတစ်ပါးပါဘဲ။
ကဲ အားလုံးဘဲ.. သင်ခန်းစာလေး စလိုက်ပါပြီ။ ကြိုတင်
မေတ္တာရပ်ခံပါရစေ။ ဆဂိ သိသမျှ မျှဝေပေးခြင်းပါ။ ဆဂိ စာသင်တာမဟုတ်ပါ။ ဆရာလုပ်ခြင်းမဟုတ်ပါ။ အမှားရှိရင် ခွင့်လွှတ်ပေးပါ။

Romaji
မှတ်ချက်။ ။ e & o ကို အေ ၊ အို ဟုလည်း အသံထွက်ကြပါသည်။
ဇယား ကို ကျက်လိုလျှင်ကျက်ပါ။ sentence လေးတွေ ဖတ်ပါများတဲ့အခါ ဇယားကို ကြည့်ရင်း ဖတ်ရင်းနဲ့လည်း အလွတ်ရသွားနိုင်ပါတယ်။




စကားပြော

Kore (ဤအရာ)


Kore Wa Nan Desu Ka ?
ဤအရာ သည် ဘာဖြစ်ပါသလဲ။
Kore Wa Tsukue Desu.
ဤအရာ သည် စားပွဲဖြစ်ပါသည်။

Kore Wa Tsukue Desu Ka ?
ဤအရာ သည် စားပွဲဖြစ်ပါသလား။
Hai, Kore Wa
Tsukue Desu. ဟုတ်ကဲ့။ ဤအရာ သည် စားပွဲဖြစ်ပါသည်။
Iie, Kore Wa Denwa Ja Nai Desu.
ဟင့်အင်း။ ဤအရာ သည် စားပွဲမဟုတ်ပါ။

Kore Wa Denwa DesuKa Tsukue Desu Ka ?ဤအရာ သည် တယ်လီဖုန်း ဖြစ်သလား.စားပွဲဖြစ်သလား။
Hai, So Desu.
Iie, Sa Ja Nai Desu.

အောက်တွင်ဆက်လက်လေ့လာပေးပါရှင်….။



"http://azure-thein.blogspot.com"၏ flash lesson အတိုင်း ပြုလုပ်ထားပါသဖြင့် ဆရာသိန်း အားကျေးဇူးတင်ပါကြောင်းပြောကြားလိုပါသည်။….။

မိုးအကြောင်း

ပုဂံသားတက်ပြီး--မိုးအကြောင်းရေးပါဆိုလို့ရေးလိုက်တာ..အရေးအသားမကောင်းရင်သည်းခံပြီးဖတ်ပေးပါရှင်။မြန်မာနိုင်ငံမှာ မိုးရေချိန် များတဲ့ မြို့ တစ်ခုမှာ မိုးတွင်အခါသမယတွင်မွေးဖွားခဲ့ပါသည်။မိုးတွင်းဆိုရင်.. ရွာလိုက်တဲ့မိုး.. တနေ ကုန်. လုံးဝမတိတ်ဘူး။ ကျောင်းမှာဆိုလည်း တစ်ဆောင်နဲ့တစ်ဆောင်တောင် မကူးချင်ဘူး။
မိဘတွေ ခရီးထွက်တဲ့အချိန်ဆိုရင်ကျောင်းကို မိုးရေတွေထဲမှာလမ်းလျှောက်သွားရတယ်လေ။ နယ်မြို့ဆိုတော့ ကျောင်းနဲ့က သိပ်မဝေးလှပါဘူး။ စီးရတဲ့ဖိနပ်ကလည်း သိကြလားတော့မသိဘူး ဘွတ်ခြေနင်း လို့ခေါ်တယ်။ ဒါပေမယ့် လှလှလေးဝယ်ပေးကြရှာပါတယ်-မှတ်မှတ်ရရ ပန်းရောင်ဘွတ်ခြေနင်းလေးကို အကြိုက်ဆုံးဘဲ။ ၁၀တန်းလောက်ထိ သိမ်းထားတုန်း။ နောက်တော့ အမေ ကရှုပ်လို့ဆိုပီး သူများကိုပေးပစ် လိုက်တယ်(အကောင်းလေးအတိုင်းပါဘဲ)။ အဲ..ဆက်ပြောရရင်..ဖတ်စာအုပ်မေ့ခဲ့ရင် ရိုက်တတ်တဲ့ ဆရာမ တွေကိုကြောက်တော့ ဘာသာစုံ စာအုပ်တွေကို လွယ်အိတ်နဲ့အပြည့်ထည့်ရတယ်လေ။ အချိန်စာရင်းအတိုင်း ထဲ့ရတယ်ဆိုပေမယ့် လည်း ကြုံဖူးကြမှာပါ.. အစားဝင်သင်တာတို့ ဘာတို့ကလည်းရှိတတ်တော့ မထူးဘူး ဆိုပြီးအကုန်ထည့်တာ။ လွယ်အိတ်နဲ့မဆန့်လို့ လက်ကပိုက်ရင်ပိုက်၊ မပိုက်ရင် ဆွဲခြင်းတောင်းထဲထည့်။ စာအုပ်တွေရေစိုမှာကကြောက်ရ။ထမင်းဘူးထည့်ထားတဲ့ ခြင်းတောင်းကတစ်ဖက်။ရှုတ်ရှက်ကိုခတ်နေတာဘဲ။ ရှိသေးတယ်.. မိုးကာရှည် ကလည်းဝတ်ပေးလိုက်သေးတယ်လေ။ ၀ယ်ပေးထားတဲ့ ထီးကလည်းလှတော့ ကိုင်သွားချင်လိုက်သေးတာ။ဒီတော့ တနေ့တနေ့ကျောင်းသွားရင် လက်နှစ်ဖက်လုံးလည်းမအားဘူး။ လေးလံလှ တဲ့ကျောပိုးအိတ်ကြီးကလည်းလွယ်ထားရတယ်။ဆဂိ လမ်းများလျှောက်သွားရင် ကွန်ပါဘူး ရဲ့အသံကလည်း စည်းချက်ညီညီ ဘဲ.. ဂွက် ဂွက် ဂွက် နဲ့ လိုက်လာတာ။ကျောင်းရောက်တာနဲ့ ခြင်းတောင်းကို ထားရမယ့် စင်မှာတင်၊ မိုးကာကိုချွတ်၊ ဖိနပ် ကိုကျောင်းမှာထားတဲ့ ဖိနပ်နဲ့လဲစီး(ဘွတ်ဖိနပ် နဲ့ ကျောင်းဝတ်စုံ နဲ့ မလိုက်ဖက်လွန်းလို့လေ)၊ လွယ်အိတ်ထဲက ဖတ်စာအုပ်တွေကို စာရေးစားပွဲအောက်ကို ထည့်။ ဒါဆို လွယ်အိတ်ထဲမှာ နုတ် စာအုပ်ဘဲကျန်တော့ပေါ့သွားတာပေါ့။ ကွန်ပါဘူး ကိုထုတ် စားပွဲထောင့်မှာတင် ပြီး စာသင်ဖို့အသင့်ပေါ့လေ။ မိုးတွေများသည်းသည်းမဲမဲ ရွာရင် ဆရာမခမျာ အာကုန်ချစ်အော်ရရှာတယ်.. မိုးသံနဲ့မကြားရလို့လေ။ မုန့်စားဆင်းရင် မုန့်ဈေးတန်းကို သွားလေ့သိပ်မရှိဘူး။ မိုးစိုမှာစိုးလို့။ အိမ်ကထည့် ပေးလိုက် တာတွေဘဲစားတယ်။ ထမင်းစားဆင်းလည်း အခန်းထဲမှာဘဲ။ အဲ.. ညနေ ကျောင်းဆင်းလို့ကတော့ မနက်ပုံစံအတိုင်းလေးဖြစ်အောင် ပြင်ဆင်ပြီး ကျောင်းဆင်းခေါင်းလောင်း ထိုးသံကိုစောင့်ရတာပေါ့။
ဒါကြောင့် မိုးဆိုလုံးဝမနှစ်သက်ခဲ့ပါ။ ခုလည်းမနှစ်သက်ပါ။ သူများတွေလို မိုးရေထဲထွက်လည်းမဆော့ခဲ့ဘူးပါ။ ရန်ကုန်မိုးကိုတော့ နည်းနည်းသဘောကျသည်.. ရွာလျှင် အသဲအသန်ရွာချပြီး တိတ်သွားတတ်လို့ပါ။ မိုးတွေရွာရင် မိုးထဲမှာအလုပ်လုပ်နေရသူတွေ အတွက်ထိုင်သနားနေတတ်ပါသည်။ ထီးပါမလာသည့်သူများ ဆိုလျှင် စိုရွှဲနေပါမည်။ မိုးရေထဲတွင် ထီးချင်းတိုက်မိနေသည့်မြင်ကွင်းများ၊ မိုးလုံရာသို့ပြေးလွှားရသည့် မြင်ကွင်း များ သည်ြကည်နူးဖွယ်ကောင်းသည့်မြင်ကွင်းမဟုတ်သည်မှာအမှန်ပင်။
(ကျေနပ်နိုင်ကြပါစေ။)

အားကျမခံထပ် tag လိုက်ပါသည်......
၁။ အိမ်လေးတစ်အိမ်
၂။ မိုးကုတ်မီဒီယာ
၃။ ဆရာမမေငြိမ်း
၎။ အောင်ချမ်းလင်း(မိုးကုတ်သား)
၅။ စိုင်းစိုင်း(လားရှိုး)

ကျန်သေးသည့် မိတ်ဆွေများကိုလည်းတက်ချင်ပါတယ်။ တော်လောက်ပါပြီနော် ၅ ယောက်ဆို။


Sunday, June 17, 2007

Weekend

ဒီနေ့ စနေနေ့ ပါ။ Weekend ကို လူတိုင်းနှစ်သက်ကြပေမယ့် ဆဂိ မနှစ်သက်ပါ။
အထူးသဖြင့် တနင်္ဂနွေ ရောက်မှာ အင်မတန်ကြောက်ပါသည်။

အလုပ်လုပ်ရန် လုံးဝစိတ်မပါ ပါသဖြင့် ဟိုဘလောက်လျှောက်လည် ဒီဘလောက်လျှောက်လည် နဲ့ အချိန်တွေကုန်သွားပါတယ်။
အချိန်တွေက.........
တစ်ပတ် မှ တစ်ပတ် ကုန်တာမြန်လှသလို..၊
တစ်လ မှ တစ်လ.. ၊ တစ်နှစ် မှ တစ်နှစ် လည်း ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ပါဘူး။
သြော်..အသက်တောင် တစ်နှစ်ပိုကြီးဖို့ နီးလာပါလား။

ကြေငြာချက်...

အခြေခံ့... အခြေခံ =ထမင်းစားရေသောက်(ဂျပန်စကားပြော) လေ့လာချင်သည့် ဘလောက်ဂါ များရှိရင် စာရင်းပေးကြပါ။
သတ်မှတ်ထားတဲ့ စိတ်ဝင်စားသူ ဦးရေပြည့်ရင်တင်ပေးပါမယ်။
စိတ်ဝင်စားသူမရှိက လုံးဝမတင်ပါ။

ပုံ/ ဆဂိ

စာရင်းလာသွင်းသူများ
- အမှတ်စဉ် ၁ ( စိုင်းလင်းသူ )
- အမှတ်စဉ် ၂ ( ပုဂံသား )
- အမှတ်စဉ် ၃ ( ရန်ကုန်သူ )
-အမှတ်စဉ် ၄ ( ကို ဘုရင့်နောင်)
-အမှတ်စဉ် ၅ ( အောင်အောင် )
-အမှတ်စဉ် ၆ ( တီဇက်အမ် )
-အမှတ်စဉ် ၇ ( Inzali )

မှတ်ချက်။ ။တင်လိုက်တဲ့နေ့စ တယ်လို့မှတ်ပေးပါနော်

Thursday, June 14, 2007

Words Followed by Prepositions

A

ability at
She shows great ability at mathematics.

afraid of
Are you afraid of spiders?

agree with
i agree with you.

agree about(something)
We agree about most things.

agree to(a suggestion)
I'll agree to your suggestion if you lower the price.

angry with (someone for doing something)
I'll angry with my friend for not telling me the truth.

angry about(something)
What are you angry about?

apologize for
I must apologize for disturbing you.

arrive at
What time did you arrive at Mandalay?

B

bad at
She's not bad at pronunciation

believe in(something)
I believe in Santa Claus but I don't believe in ghosts.

belive (someone)
Don't believe him. He's lying.

C

clever at
I'm not clever at cooking.

congratulate(someone on something)
I must congratulate you on your success.

crash into
The plane crashed into the mountains.

D

depend on
We may play football-- it depends on the weather.

different from (someone/something in quality)
You are very different from your brother.
This pen is different from that pen in colour.

difficulty with
We are having difficulty with our new boss.

difficulty in (doing something)
We find much difficulty in speaking with dumb people.

disappointed with (someone)
He is always late so we are disappointed with him.

disappointed about (something)
My father is disappointed about my exam results.

divide into
The book is divided into three parts.

dream of
I often dreamed of being famous when i was a child.





Wednesday, June 13, 2007

ရည်စူးကုသိုလ်

***သေဆုံးသူကို ရည်စူး၍ အလှူဒါနပြုလုပ်လျှင် ရည်စူးခံရသူ၌ မည်သို့သော အကျိုးကျေးဇူးများ ရနိုင်ပါသနည်း။
ရဟန္တာများမှတစ်ပါး သတ္တ၀ါတစ်ဦးတစ်ယောက်သေဆုံးသွားရင် လားရောက်ရမယ့် ဘ၀ (၅) မျိုး ရှိပါတယ်။ ဂတိငါးပါးပေါ့။
လူ့ဘ၀ ၊ နတ်ဘ၀ ၊ ငရဲဘ၀ ၊ တိရစာန်ဘ၀ ၊ ပြိတ္တာဘ၀ ဆိုပြီးတော့ ဘ၀ ငါးမျိုး တစ်မျိုး မျိုးကို လားရောက်ရပါတယ်။
ဗြဟ္မာဘ၀က နတ်ဘ၀ထဲမှာ ၊ အသူရကာယ်ဘ၀က ပြိတ္တာဘ၀ ထဲမှာ အကျုံးဝင်ပါတယ်။
ကုသိုလ်နဲ့သေတဲ့သူက ကုသိုလ်သတ္တိ အားလျော်စွာ လူ့ဘ၀၊ နတ်ဘ၀ ဆိုတဲ့ ကောင်းရာ သုဂတိဘ၀ တွေကို လားရောက်ရပြီး အကုသိုလ် နဲ့ သေတဲ့သူက အကုသိုလ် သတ္တိအားလျော်စွာ ငရဲဘ၀ ၊ တိရစာန်ဘ၀ ၊ ပြိတ္တာဘ၀ ဆိုတဲ့မကောင်းရာဘ၀တွေကို လားရောက်ရပါတယ်။

သေလွန်ပြီးတဲ့နောက်....
ကုသိုလ်အကျိုးပေးကြောင့် နတ်ဖြစ်သွားတယ်ဆိုရင်॥
ဒါမှမဟုတ် အကုသိုလ်အကျိုးပေးကြောင့် ငရဲကျသွားတယ်၊ တိရစာန်ဖြစ်သွားတယ် ဆိုရင်॥
ကျန်ရစ်သူတွေက သူ့အတွက် ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့ အကျိုးကို သူ လုံးဝခံစားခွင့်မရှိ တော့ ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် ရည်စူးပြီး ကုသိုလ်ပြု နေတာကို သူလုံးဝမသိနိုင် တော့လို့ပါပဲ။

တကယ်လို့....အကုသိုလ်အကျိုးပေ
းတစ်ခုကြောင့် ပြိတ္တာဘုံဘ၀ ရောက်သွားမယ်ဆိုရင်တော့ ကျန်ရစ်သူတွေက သူ့အတွက် ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့ အကျိုးကို အကြောင်းညီညွတ်မယ် ဆိုရင် သူ အပြည့်အ၀ခံစားခွင့်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် ရည်စူးပြီး ကုသိုလ် ပြုနေတာကို အကြောင်းညီညွတ်ရင် သူသိနိုင်လို့ပါပဲ။
ပြိတ္တာဘုံဘ၀ရောက်တိုင်းလည်း ရည်စူးကုသိုလ်ရဲ့ အကျိုးကို ခံစားခွင့်ရှိတာ မဟုတ်ပါဘူး။
၁-ထမင်းဆာလောင်ခြင်း၊ရေမွတ်သိပ်ခြင်းတို့ရဲ့နှိပ်စက်မှုဒဏ်ကိုအမြဲမပြတ်ခံနေရတ
ဲ့
”အငတ်ခံ ပြိတ္တာ”
၂-ပူပြင်းတဲ့မီးတောက်မီးလျှံတွေရဲ့လောင်ကျွမ်းဝါးမြိုက်မှုဒဏ်ကိုမကြားမလပ်ခံနေရတ
ဲ့
”အလောင်ခံ ပြိတ္တာ”
၃-အသူရကာယ် လို့ သီးခြားခေါ်တဲ့အကြီးစား ပြိတ္တာ
တွေဟာ ပြိတ္တာဖြစ်ပေမယ့် ရည်စူးကုသိုလ် ကို သာဓုခေါ်နိုင်စွမ်း မရှိကြတဲ့အတွက် ရည်စူး ကုသိုလ်ရဲ့ အကျိုး ကို ဘာမှခံစားခွင့်မရှိပါဘူး။

၎-သူတစ်ပါးတို့ပေးတဲ့ အစားအစာကို အမှီပြုပြီးအသက်ရှင်နေရတဲ့
အပေးခံ ပြိတ္တာ
တစ်မျိုးတည်းသာ ရည်စူးကုသိုလ်ကို သာဓုခေါ်နိုင်စွမ်းရှိတဲ့အတွက် ရည်စူးကုသိုလ်ရဲ့ အကျိုး ကို ခံစားခွင့်ရှိပါတယ်။(ဒီအပေးခံ ပြိတ္တာ မျိုးကို ဝေမာနိက ပြိတ္တာ= ဗိမာန်ရှင် ပြိတ္တာ လို့အများက သိကြပါတယ်)

Tuesday, June 12, 2007

A Law of Nature

For one's good,
some other's destruction,
Is the law of nature

သူတည်းတစ်ယောက်
ကောင်းမှုရောက်မူ..
သူတစ်ယောက်မှာ
ပျက်လင့်ကာသာ ဓမ္မတာတည်း။

Saturday, June 9, 2007

ကျောင်းလှူသူသည်

ကျောင်းလှူသူသည် ကောင်းကျိုးချမ်းသာ အားလုံးကို လှူရာရောက်သည် ဆိုတဲ့ မြတ်စွာဘုရားရဲ့ မူလအဓိပါယ် က နတ်သားတစ်ပါးရဲ့မေးလျှောက်ချက်နဲ့ ဆက်စပ်နေပါတယ်။
နတ်သားတစ်ပါးကမြတ်စွာဘုရားရှင်ကို
၁. မည်သည့်အလှူသည် ခွန်အားကို လှူရာရောက်ပါသလဲ
၂.
မည်သည့်အလှူသည် အဆင်းကို လှူရာရောက်ပါသလဲ
၃.
မည်သည့်အလှူသည် ချမ်းသာခြင်းကို လှူရာရောက်ပါသလဲ
၎.
မည်သည့်အလှူသည် မျက်စိအမြင်ဓာတ်ကို လှူရာရောက်ပါသလဲ
၅.
မည်သည့်အလှူသည် ကောင်းကျိုးချမ်းသာအားလုံး(အထက်မှလေးမျိုးလုံး) ကို လှူရာရောက်ပါသလဲ လို့ မေးခွန်း(၅)ခု မေးပါတယ်...
မြတ်စွာဘုရားရှင်က
၁. အစားသောကအလှူသည် ခွန်အားကို လှူရာရောက်သည်
၂. အ၀တ်အထ် အလှူသည် အဆင်းကို လှူရာရောက်သည်
၃. ယာဉ် အလှူသည် ချမ်းသာခြင်းကို လှူရာရောက်သည်
၎. ဆီမီးအလှူသည် မျက်စိအမြင်ဓာတ်ကို လှူရာရောက်သည်
၅. ကျောင်း လှူသည် ကောင်းကျိုးချမ်းသာအားလုံး(အထက်မှလေးမျိုးလုံး) ကို လှူရာရောက်သည်။ လို့ဖြေကြားတော်မူလိုက်ပါတယ်။

ကျောင်းလှူသူသည် လှူဘွယ်အားလုံးကို လှူဖြစ်သည်..ကျောင်းအလှူရှင်ရဲ့ တာဝန်ဟာ ကျောင်းလှူပြီး-ပြီးရော ၊ ပြီးသွားတာမျိုးမဟုတ်ဘဲ ကျောင်းနေသံဃာတော်တွေကို ဆွမ်း၊ သင်္ကန်း စတဲ့ လိုအပ်ရာရာတွေ အမြဲမပြတ် အရိပ်ကြည့် လှူးဒါန်းနေမှာဖြစ်လို့ ကျောင်းအလှူရှင်ဟာ ကျောင်းကိုအကြောင်းပြုပြီး လှူဖွယ်မျိုးစုံ လှူဖြစ်သွားပါတယ်။

မှတ်ချက်။ ။ အကျယ်တ၀င့် အား.... ဘုန်းဘုန်း အရှင်ဆန္ဒာဓိက ရဲ့
(ကျောင်းလှူသူသည် ကောင်းကျိုးချမ်းသာအားလုံးကို လှူရာရောက်သည်) စာအုပ်တွင် ဆက်လက်ဖတ်ရှုနိုင်ပါ သည်။

Tuesday, June 5, 2007

အနှိုင်းမဲ့အလှူ

လွန်ခဲ့တဲ့ ကိုးဆယ့်တစ်ကမ္ဘာ၊ ၀ီပသီဘုရားရှင်လက်ထက်တုန်းက ဗန္ဒုမတီ မြို့မှာ ကိုနေဇာ ဆိုတဲ့ သူဆင်းရဲတစ်ဦးရှိခဲ့ဖူးပါတယ်။ သူတစ်ပါးခိုင်းသမျှလုပ်ပြီး
သူတစ်ပါးကျွေးသမျှ စားနေရတဲ့ သူတစ်ပါးအိမ်မှာ မှီခို ကပ်ရပ်နေရသူ၊ သူတစ်ပါးရဲ့ အမှုလုပ် အစေအပါးတစ်ဦးပါ။
တစ်နေ့တော့ ဆိတ်ငြိမ်ရာနေရာတစ်ခုမှာအေးအေးဆေးဆေး ထိုင်ရင်း ကိုနေဇာ ကိုယ့်ဘ၀ကိုယ် ဆင်ခြင်သုံးသပ်နေမိပါတယ်။
"သြော် ငါ့မလဲ (ငါ့မှာလည်း) ဆင်းရဲလိုက်တာလွန်ရော၊ လောကမှာ ဘုရားပွင့်နေတာတောင် ဘာကုသိုလ်မှ မည်မည်ရရမလုပ်နိုင်သေးဘူး၊ ဒီအတိုင်းသာ ကုသိုလ်လက်မဲ့နဲ့ သေသွားမယ်ဆိုရင် အပါယ်လေးပါး လားရောက်ရုံပဲရှိတယ်၊ ကုသိုလ်မရှိသူတွေရဲ့  သွားရာလမ်းဟာ အပါယ်ငရဲကလွဲလို့ ဘာမှမရှိဘူးလေ”
" ဒီအတိုင်း ကုသိုလ်လက်မဲ့ နဲ့ နေလို့တော့ မဖြစ်သေးပါဘူး။ ဘ၀လမ်းကြောင်း ကောင်းအောင် သုတ်သင်ရှင်းလင်းဦးမှပါ။ ဒီအချိန်မှ ကုသိုလ်မလုပ် ဘယ်အချိန်သွားလုပ်မလဲ၊ ဘုရားပွင့်နေတဲ့ အခွင့်ကောင်း အခါကောင်းကို အကောင်းဆုံး အသုံးချမှဖြစ်မယ်"
"မရှိလို့ မလှူ ၊ မလှူလို့မရှိဆိုရင် မရှိသံသရာကြီးဘယ်တော့မှ လည်ပတ်လို့ ဆုံးမှာမဟုတ်တော့ဘူး၊ မရှိတဲ့ကြားထဲကပဲအကောင်းဆုံး အလှူတစ်ခုတော့ပြုဖြစ်အောင်ပြုဦးမှ"
"သူများတွေလို ခဏခဏလည်း လှူနိုင်တာ မဟုတ်တော့ တစ်ခါလှူရုံ နဲ့ တစ်သက်လုံး ခိုင်မြဲနေတဲ့အလှူလှူမှဖြစ်မယ်၊ တစ်သက်လုံး ခိုင်တဲ့အလှူ...ဘာအလှူများပါလိမ့်"

အင်း...ဟုတ်ပြီ॥ဟုတ်ပြီ...၊တစ်သက်လုံးခိုင်တဲ့အလှူဟာကျောင်းအလှူလို့ဘုရားဟောတာငါကြားဖူးတယ်॥၊ငါကျောင်းဆောက်မယ်...၊ ငါအကျောင်းအလှူလှူမယ်॥၊ငါကျောင်းဆောက်မယ်...ငါအကျောင်းအလှူလှူမယ်॥၊အသပြာချို့တဲ့ပေမယ့် သဒါမချို့တ၊ဲ့တဲ့ ကိုနေဇာ အရှိဆင်းရဲပေမယ့်၊အသိမဆင်းရဲတဲ့ ကိုနေဇာ၊ တစ်ကြိမ်လှူရုံနဲ့ တစ်သက်လုံး ခိုင်မာနေမယ့် တစ်ကွက်ကောင်းအလှူကို အတိအကျ ရွေးချယ်နိုင်ခဲ့ပါတယ်။ ငွေကြေးတစ်ပြား တစ်ချပ်မှမရှိပေမယ့်ကျောင်းအလှူကိုမှ လှူချင်တဲ့ ကိုနေဇာ॥ အလုပ်ရှင်ထံ ခွင့်တစ်ရက်တောင်းပြီး ဓားတစ်ချောင်းနဲ့ တောထဲထွက်လာခဲ့ပါတယ်။ ကျောင်းတိုင်အတွက် သစ်ပင်သုံးပင်ခုတ်၊ ကျောင်းအခင်း အတွက် ၀ါးတွေ၊ နွယ်တွေဖြတ်၊ ကျောင်းအကာနဲ့အမိုးအတွက် သစ်ရွက်တွေ မြက်တွေခူးပြီး တောရကျောင်း တစ်ခုမှာ မြက်မိုးသစ်ရွက်ကာ သုံးတိုင်စင်ကျောင်းလေး နေ့ချင်းပြီး ဆောက်လုပ်လိုက်ပါတယ်။
အရပ်လေးမျက်နှာက ရောက်လာကြမယ့် သံဃာအရှင်မြတ်အပေါင်းအား လှူဒါန်းပါတယ်၊

ဤကျောင်းမှာ သတင်းသုံးပြီး ပဋိပတ်အလုပ် အားထုတ်တော်မူနိုင်ကြပါစေ။ မဂ်ဥာဏ်ဖိုလ်ဥာဏ်ဖြင့် နိဗာန်ကို မျက်မှောက်ပြုတော်မူနိုင်ကြပါစေ လို့ သံဃိက ရေစက်ချလှူဒါန်းပြီး ကိုနေဇာ အလုပ်ရှင်ထံ ပြန်လာခဲ့ပါတယ်။ အဲ့ဒီတစ်သက် အဲဒီကျောင်းအလှူတစ်ခုကလွဲလို့ ကိုနေဇာဘာမှမလှူဖြစ်တော့ပါဘူး။
ဒါပေမဲ့ တစ်ကွက်ကောင်းအလှူ ဆိုတော့သတိရတိုင်း အလှူအသစ်ထပ်ဖြစ်ပြီး ကိုနေဇာ ရဲ့  သန္တာန်မှာ ကုသိုလ်စိတ်တွေ အမြဲပူနွေးနေပါတယ်။ ကုသိုလ်ပူနွေးတဲ့ ကိုနေဇာ သေလွန်တဲ့အခါ တာဝတိံသာနတ်ပြည်က ဘုံဆင့်တစ်ရာ(အထပ်ပေါင်းတစ်ရာ)ရှိတဲ့ ရွှေဗိမာန်ကြီးမှာ နတ်သားဖြစ်ခဲ့ရပါတယ်။
ဘ၀ဆက်တိုင်းလည်း ကုသိုလ်အသစ်အသစ်တွေ ပူနွေးအောင် ထပ်မံပြုလုပ်နိုင်တဲ့အတွက် ကိုးဆယ့်တစ်ကမ္ဘာ၊ လုံးအပါယ်လေးပါး မလားရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၊ ကောင်းရာသုဂတိဘုံတွေမှာပဲ အဆင့်အတန်း မြင့်မြင့် အထက်တန်းကျကျ ကျင်လည်ခဲ့ရပါတယ်။

ကောက်နှုတ်ချက်။ ။(အရှင်ဆန္ဒာဓိက ၏ အနှိုင်းမဲ့အလှူ)

Sunday, June 3, 2007

လောကတရား

Even if royal mercy and pardon
Saves me form execution
Like all mortals my body,
Cannot escape ultimate death.
It is the law of nature.

ကြင်နာသနား ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့ ခန္တာခိုင်ကျည်
မတည်မမြဲ ဖောက်လွဲတတ်သည်
မချွတ်စသာ သတ္တ၀ါတည်း။

Friday, June 1, 2007

စေတနာ သုံးတန်

”ပုပ်ပ ၊ မုံစ ၊ ပရ”(သတ်ပုံမှားနေပါသည်.ခွင့်လွှတ်ပေးပါ)

အရွယ်သုံးပါးစလုံးချမ်းသာသူ..

  • မလှူခင်မှာ လှူချင်တဲ့ စိတ်ပြင်းပြထက်သန်တဲ့သူဟာ ပထမအရွယ်ကတည်းက ချမ်းချမ်းသာသာနေရပါတယ်..
  • လှူနေတဲ့အချိန်မှာလည်း စေတနာသဒါတရားထက်သန်တဲ့စိတ်နဲ့လှူတဲ့သူက ဒုတိယအရွယ်ထိချမ်းသာပါတယ်..
  • လှူပြီးတဲ့နောက်မှာလည်း ကိုယ့်အလှူတွေအပေါ်မှာ တစိမ့်စိမ့်ကျေနပ်ပီတိဖြစ်နေတတ်တဲ့သူဟာ တတိယထိအောင်ချမ်းသာပါတယ်..တဲ့။

အရွယ်သုံးပါးစလုံးဆင်းဆင်းရဲရဲနေရသူ..
  • လှူချင်တန်းချင်စိတ်ကိုမရှိဘဲ..ကပ်စည်းနည်းတဲ့သူတွေ
  • မလှူချင်လှူချင်နဲ့ လှူလိုက်တဲ့သူတွေ
  • လှူပြီးတော့လည်း တစိမ့်စိမ့်တွေးပြီး နှမြောတသဖြစ်နေတတ်တွေပါ ဘဲတဲ့။

ပုံပြင်လေးတစ်ပုဒ်နဲ့ယှဉ်ပြီးပြောပါရစေ။
တခါတုန်းကရွာတစ်ရွာမှာ အလွန်ချမ်းသာကြွယ်ဝပြီးအလှူအတန်းရက်ရောတဲ့ သူဌေးကြီးတစ်ဦး ရှိပါသတဲ့.။
သူဟာ သူ့ထက်အသက်ထက်ဝက်ငယ်တဲ့ သူဆင်းရဲမလေး ကိုလက်ထပ်ယူထားပါသတဲ့။ အလှူအတန်းရက် ရောသူဆိုတဲ့အတိုင်း နေ့တိုင်း အလှူလုပ်ပါတယ်တဲ့။
တစ်နေ့တစ်နေ့ဘာလှူရင်ကောင်းမလဲဘဲစဉ်းစားနေတဲ့သူဌေးကြီးရဲ့ဇနီးသည်ကတော့သူဌေးကြီးလှူသမျှကို
နှမြောတသဖြစ်နေတတ်ပါတယ်တဲ့။
သူဌေးကြီးကတော့သူ့အလှူမှာလူတွေစားကြသောက်ကြဆိုရင်အလွန်ပီတိဖြစ်သတဲ့။ စားနေသူတွေကိုလည်း များများထည့်စားဖို့ နဲ့ အလှူပြီးလို့ ပိုသမျှတွေကိုလည်း ယူသွားခိုင်းတယ်တဲ့။ အလှူပြီးသွားရင်လည်း॥သူ့အလှူကိုအမြဲကျေနပ်ဝမ်းသာနေပါတယ်တဲ့।သူ့ဇနီးကတော့အလှူတစ်ခါလုပ်ပြီဆိုတာနဲ့ ဖိတ်ထားတာထက် လူတွေ ပိုလာရင်လည်းလူတွေကလာလိုက်ကြတာ॥ စားလိုက်ကြတာ နဲ့ သူ့မှာ နှမြောတသစိတ် တွေ ဖိစီးနေလေ့ ရှိပါတယ်တဲ့။ ဒီလိုဖြစ်နေတဲ့သူ့ဇနီးကို တနေ့ကျတော့ သူဌေးကြီးက စေတနာသုံးတန်အကြောင်းကို ပြောပြတဲ့ အခါမှာသူ့ဇနီးခမျာခြုံးပွဲချငိုပါတယ်တဲ့။ သူမှားပါကြောင်းပြောပြီး နောင်အခါသူလည်း စေတနာသုံးတန် နဲ့ လှူဒါန်းပါမည့်အကြောင်းကတိပေးသစ်စာဆိုပါတော့တယ်တဲ့။

  • မလှူခင်မှာ လှူချင်စိတ်ပြင်းပြပြီ..တကယ်လှူတဲ့အခါမှာ နှမြောတွန့်တို နေတဲ့သူဟာ ပထမအရွယ်မှာ ချမ်းသာပြီး ဒုတိယအရွယ်မှာ ဆင်းရဲသွားတတ်ပါတယ်တဲ့။
  • လှူချင်စိတ်ပြင်းပြစွာ လှူလိုက်မိပြီးမှ ပြန်တွေးပြီး နှမြောနေတတ်သူဟာ တတိယအရွယ်မှာ ဆင်းရဲပါလေရောတဲ့။
စိတ်မပြတ်ဘဲလှူတဲ့အလှူဟာ အလှူဒါနမမြောက်ပါဘူး။ ကိုယ်လှူနိုင်သလောက်လေးကိုဘဲစိတ်ပြတ်ပြတ်လှူတာဟာကုသိုလ်ရပါတယ်။
ဒီစေတနာသုံးတန် လေးကိုဖတ်ပြီးနောက်မှာ တကယ်စေတနာသုံးတန်ထားနိုင်မှ စိတ်ပြတ်ပြတ်လှူနိုင်ကြပါစေ။