Saturday, May 19, 2007

ရေထဲကျတဲ့မြှား ငါးလေးထိသွားလား

ကုရုမင်းကြီး ငါးပါးသီလကို အလေးအနက် အထွတ်အမြတ်ထားပြီး ဂရုတစိုက် ကျင့်သုံးပုံကလည်း ကြည်ညိုလေးစားစရာ အတုယူအားကျစရာ ကောင်းလှပါတယ်။
အဲ့ဒီခေတ်ကတိုင်းပြည်တွေမှာ သုံးနှစ်တစ်ကြိမ်တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း နက်ခတ်ပွဲသဘင်တွေ အကြီးအကျယ်ကျင်းပကြပါတယ်။ အဲ့ဒီနတ်ခတ်ပွဲသဘင်မှာ ရှင်ဘု၇င်တွေက နတ်သားအသွင်ဝတ်စားဆင်ယင်ပြီး ပန်းမျိုးစုံတန်ဆာဆင်ထားတဲ့ မြှားအထူးအဆန်းတွေနဲ့ အရပ်လေးမျက်နှာကို ပစ်လွတ်ကြပါတယ်။ မြှားပစ်တမ်းကစားကြတယ်ဆိုပါတော့....
တစ်ခုသောနှစ်ရဲ့  တစ်ခုသော နတ်ခတ်ပွဲမှာ ကုရုမင်းကြီးလည်း
မြှားပစ်တမ်းကစားပါတယ်။ အရပ်မျက်နှာ သုံးခုကို ပစ်လိုက်တဲ့မြှားသုံးစင်းရဲ့ ကျသွားတဲ့နေရာကိုမြင်တွေ့ရပေမယ့် အရပ်မျက်နှာတစ်ခုကိုပစ်လိုက်တဲ့
မြှားတစ်စင်းရဲ့  ကျသွားတဲ့နေရာကိုတော့ မမြင်တွေ့ရပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီမြှားတစ်စင်းက
ရေကန်တစ်ခုထဲကျသွားလို့ပါပဲ။
”အို...
ဒု က္ခ ပါဘဲ။ မြှားတစ်စင်း ရေထဲ ကျသွားပြီး အဲ့ဒီမြှား ငါးကလေးတွေ ရဲ့ ကိုယ်ပေါ်ကျသွားရင်တော့ ငါးကလေးတွေ သေကုန်တော့မှာပဲ၊ ငါပစ်လိုက်တဲ့မြှားကြောင့်ငါးကလေး တွေသေသွားရင် ငါတော့...
ပါဏာတိပါတကံ ထိုက်ပြီထင်ပါရဲ့ ”
ကုရုမင်းကြီး ဟာသူပစ်လွှတ်လိုက်တဲ့ မြှားမတော်တဆရေထဲကျသွားတာကို အကြောင်းပြုပြီး သူ့ရဲ့ ငါးပါးသီလ အပေါ် စိတ်မသန့် ဘဲ သံသယဖြစ်နေပါတယ်။
တကယ်တော့သေစေလိုတဲ့ စိတ် မပါတဲ့အတွက် ငါးကလေးတွေ သေခဲ့ရင်တောင် ပါဏာတိပါတကံ မထိုက်ပါဘူး။ တဲ့...
ပြောပြစရာအပြစ်ဆိုလို့ အပြစ်မဟုတ်တဲ့ ဒါလေးပဲရှိတဲ့
ကုရုမင်းကြီး ရဲ့ ငါးပါးသီလ ကိုမှ ဂရုဓမ္မ လို့ မပြောရင် ဘယ်သူ့ ငါးပါးသီလ ကို ဂရုဓမ္မ လို့ ပြောဦးမှာလဲ။

စာကြွင်း။ ။ ယူဆဂိ..၉တန်းတုန်းကပေါ့... ကျူရှင် သင်နေတုန်း -စာအုပ်ဘီဒို တံခါးကို
အမှတ်တမဲ့ ပိတ်လိုက်တာ.. အိမ်မြောင်လေးတစ်ကောင် ၂ပိုင်းပြတ်ပြီး
မျက်စိရှေ့မှာတင်သေသွားတာကို မြင်လိုက်ရတော့.. အကြီးအကျယ်ငိုဖူးပါတယ်။
အဲ့ဒီနေ့က Physic ကျူရှင်ဆရာမ တော်တော်ချော့ယူခဲ့ရပါတယ်။ သတိရသွားလို့ပါ။

(ကုရုမင်းကြီး လို ဘဲ စိတ်ထဲမှာ ကသိကအောက်ဖြစ်သွားတဲ့ အဖြစ်လေးတွေရှိရင် စိတ်ဖြေသိမ့်နိုင်ကြပါစေ။)

No comments: