Sunday, May 13, 2007

တရားအကြောင်း တစေ့တစောင်း

*စိတ်ဝင်စားတဲ့သူဖတ်ဖို့ပါ*

အမြဲတမ်း ညီးညူတတ်တဲ့ ကျမမှာ သူငယ်ချင်းတယောက်ရှိတယ်..
တနေ့တော့..သူ့ကိုပြောလိုက်တယ်..ငါတရားထိုင်ကြည့်အုံးမယ်လို့။
ပြောပြီးတဲ့နေကစပြီး..မပျက်မကွက် ရသလောက် အချိန်လေး ထိုင်ဖြစ်ခဲ့တယ်။
တခါတလေ ထိုင်ဖို့..စဉ်းစား..နေရင်တောင်..ပြောထားပြီးမလုပ်တာမကောင်းဘူးဆိုပြီး ချက်ချင်းဘုရားစင်ရှေ့ရောက်သွားတတ်တယ်။
(စာကြွင်း။ ဒီသူငယ်ချင်းကို ကျမတော်တော်အလေးအနက်ထားပါတယ်..)
သူငယ်ချင်းကိုတော့ဒီအကြောင်းမပြောဖြစ်ခဲ့ပါဘူး။ သူလည်း ဒီမှာ လာဖတ်မှာပါ။
ပြောချင်တဲ့လိုရင်းကိုမရောက်နိုင်ဘူး.. sorry ပါ။ ဆက်ဖတ်ပေးပါ။

တရားထိုင်မယ်ဆိုတော့လည်းဖြစ်သလိုထိုင်လို့မဖြစ်ဘူးလေ...ဒါနဲ့မေးရမြန်းရတာပေါ.။ အဲ့ဒီမှာ..အရှင်ဆန္ဒာဓိက ရဲ့ စာလေးကိုဖတ်မိပါတယ်.။
ဒီလိုရေးထားပါတယ်...

”သတိထားပြီး ဘယ်လို အသက်ရှူမလဲ”
အသက်ရှူသွင်း၊ ရှူထုတ် လုပ်လိုက်လို့ နှာသီးဝ (သို့မဟုတ်) အထက်နှုတ်ခမ်းဖျား လေထိသွားတဲ့နေရာမှာ စိတ်ကို၊ သတိကို ကပ်ထားပြီး
လေ၀င်ရင် ”၀င်တယ်”၊ လေထွက်ရင် ”ထွက်တယ်” လို့ ရှုမှတ်ပြီး အသက်ရှူရပါမယ်။

လေ၀င်သွားတဲ့အခါ နှာသီးဝကို ထိပြီး ၀င်သွားပါတယ်။ ထိတဲ့နေရာလေးမှာ စိတ်ကို သတိကို ကပ်ထားပြီး ၀င်တယ် လို့ရှုမှတ်ရပါမယ်။
အတွင်းဝင်သွားတဲ့လေကြောင်းနောက် စိတ်မလိုက်ရပါဘူး။ လိုက်ရင် အတွင်းပျံ့ လွင့်မှု ဖြစ်ပါတယ်။

လေထွက်သွားတဲ့အခါ နှာသီးဝကို ထိပြီး ထွက်သွားပါတယ်။ ထိတဲ့နေရာလေးမှာ စိတ်ကို သတိကို ကပ်ထားပြီး ထွက်တယ် လို့ရှုမှတ်ရပါမယ်။
အပြင်ထွက်သွားတဲ့လေကြောင်းနောက် စိတ်မလိုက်ရပါဘူး။ လိုက်ရင် အပြင်ပျံ့ လွင့်မှု ဖြစ်ပါတယ်။

လေ၀င်တဲ့အခါမှာရော၊ လေထွက်တဲ့အခါမှာရော နှာသီးဝ လေထိတဲ့နေရာ တစ်နေရာတည်းမှာဘဲ စိတ်ကို ကပ်ထားရပါမယ်။
လေသွားရာလမ်းကြောင်းတစ်လျှောက် စိတ်မလိုက်ရပါဘူး။

”၀င်လေ၀င်တိုင်းထိ၊ ထိတိုင်းသိ၊
ထွက်လေထွက်တိုင်းထိ၊ ထိတိုင်းသိ”
ဒါဟာ ရှုမှတ်နည်း အကျဉ်းချုပ်ပါပဲ။ တဲ့....

မှတ်ချက်၊ ။ လူတိုင်းစိတ်မ၀င်စားတဲ့ Topic ဆိုတာသိပါတယ်။ စာဆိုတာဖတ်ထားရင် တနေ့တော့ အသုံးတည့်ကောင်းတည့်မှာပါ။
လူတိုင်းအိုကြမှာပါ။ လူတိုင်းနာကြမှာပါ။ လူတိုင်းသေကြမှာပါ။
”မသေခင်ဘာလုပ်ကြမလဲ?”

ကျမအတွက်ကတော့ တရားထိုင်နေတဲ့အခိုက်အတန့်မှာ စိတ်ငြိမ်းချမ်းပါတယ်..။


5 comments:

BayintNaung said...

ဖတ်ရတာဗဟုသုတရတယ်ဗျာ။ စိတ်ရဲ့ ငြိမ်းချမ်းမှုအမှန်ကို တရားကပဲရနိုင်မှာပါ။

AZURE said...

ဒီ ပိုစ့် လေး ကို ဖတ် ပြီး တော့ အေး ချမ်းရ ပါတယ် သူငယ်ချင်း ရယ်..။
တရားထိုင် တဲ့ အချိန် တင် မ က ပဲ ကျန်တဲ့အချိန် တွေ မှာ လည်း အ မြဲတမ်း စိတ် ချမ်းသာနိုင် ပါစေ လို့ ဆုတောင်းပေးပါတယ်။ စိတ် ချမ်း သာ ရင် ...
လူကျန်းမာ ပြီ မ လား..၊
အ ခု လို လည်း များများ ရေး နိုင်ပါစေ..။ အမြဲတမ်း လာဖတ်နေ မှာပါ..။

ယူဆဂိ said...

byn-181
ဒီလိုမျိုး comment လေးကိုအလေးထားပြီးရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။နောက်လည်းလမ်းကြုံရင်ဖြစ်ဖြစ် လာဖတ်ပါလို့ ဖိတ်ပါတယ်။
”ယူဆဂိ”

ယူဆဂိ said...

azure
ငါ့ကို comment ရေးပေးတဲ့အတွက် ငါတင်ရတာ အားရှိပါတယ်.
နင်ဆုတောင်းပေးသလိုဖြစ်ရပါစေ။
အမြဲတမ်းလာဖတ်ပေးပါ။
နင်မှမဖတ်ရင် ဖတ်မဲ့သူမရှိ :)
”ယူဆဂိ”

naing said...

လေအ၀င်၊အထွက်လမ်းကြောင်းကိုပဲ လက်ခံစိတ်နဲ့လိုက်မှတ်သားမိဖူးပါတယ်။ ဆရာတော်ဘုရားအား ကျေးဇူးတင်ရှိပါသည်။ ရေးပေးသူ ယူဆဂိ ကို ထပ်မံကျေးဇူးတင်ပါသည်။