Monday, May 14, 2007
မသေခင်ဖြည့်ဆည်းရမည့်ဘ၀အရည်အသွေးများ
ဒီစာကိုမဖတ်သေးခင် နဲ့ ဖတ်ပြီးတဲ့နောက် အသိတရားနည်းနည်းဝင်သွားလို့ မျှဝေချင်တဲ့စိတ်နဲ့ ဒီ post လေးကိုတင်လိုက်တာပါ။
- မြတ်စွာဘုရားရှင်က ”မသေခင်သု
တ္တန်” လို့ အဓိပ္ပာယ်ရတဲ့ ”ပုရာ ဘေဒသုတ္တန်” မှာမသေခင်ဖြည့်ဆည်းရမယ့်
ဘ၀အရည်အသွေးတွေကို တစ်စုတစ်ဝေးတည်း ဟောကြားထားပါတယ်.။
မြင့်မြတ်တဲ့ လူသားတိုင်း နဲ့ မြင့်မြတ်လိုတဲ့လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓာတ်အရည်အသွေး၊ ဘ၀အရည်အသွေးတွေဖြစ်လို့ အကျဉ်းဆုံးချုပ်ပြီး ပြောပြချင်ပါတယ်။
  • ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း ၊ ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်းမနေသင့်ပါဘူး။
  • မသေခင်ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန်တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့်ချထားပြီး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ရပါမယ်။
  • မသေခင်မှာ ကိုယ့်စိတ်ကို ဒေါသမီးမလောင် မြိုက်အောင် တိမ်းရှောင်နိုင်ရပါမယ်။
  • ထစ်ခနဲရှိ ဒေါသထွက်တာမျိုး ကိုယ်မကျေနပ်တဲ့လူကို ရန်ငြိုးဖွဲ့လက်စားချေဖို့ ကြိုးစားတာမျိုးမလုပ်သင့်ပါဘူး။
  • သူလည်း တစ်နေ့သေ ၊ ကိုယ်လည်း တစ်နေ့သေမယ့် ကိစ္စ၊ ဘာလို့ ဒေါသထွက်နေဦးမှာလဲ။
  • နေရာတကာမှာစိတ်ပူပန်တတ်တဲ့သူလည်း မဖြစ်သင့်ပါဘူး။
  • တိုတောင်းလှတဲ့ ဘ၀လေးကို စိတ်ပူလောင်မှုတွေနဲ့ ဘာလို့ အချိန်ဖြုန်းပစ်မှာလဲ။
  • လုပ်သင့်တာမလုပ်ခဲ့မိလေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိလေခြင်း လို့နောင်တရ စိတ်ပူပန်နေတာမျိုးလည်းမဖြစ်သင့်ပါဘူး။
  • ကိုယ့်ရဲ့လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာမသေချာတဲ့ အနာဂတ်ဘ၀ကိုပုံဖော်တပ်မက်နေတာမျိုးလည်း လုံးဝမဖြစ်စေသင့်ပါဘူး။
  • ကိုယ်နဲ့ထိုက်တန်လို့ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး
    နေတတ်အောင်နေရပါမယ်။
  • ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့  ဖြစ်တည်ရာ
    ဘ၀တွေကိုလည်းစိတ်နာ နေလို့ အပိုပါဘဲ။
  • လူသားတွေရဲ့  မသေခင်ဘ၀ကို အရုပ်ဆိုး အကျည်းတန်စေတဲ့ မနာလို၊
  • ကိုယ့်ထက်သာမနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ် လွမ်းမိုးနေတဲ့သူဟာ
    မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်းကောင်ပါပဲ။
  • ကိုယ်အပြုအမူကြမ်းတမ်းသူ၊ နှုတ်ပြောအဆိုကြမ်းတမ်းသူ ၊ စိတ်နေသဘောထား
    ကြမ်းတမ်းသူ မဖြစ်စေရပါဘူး။
  • အကောင်း၊ အဆိုး လောကဓံအမျိုးမျိုးနဲ့ တွေ့ကြုံ လာတဲ့အခါမှာလည်း စိတ်မတက်၊
    စိတ်မပျက်ဘဲ တည်တည်ငြိမ်ငြိမ် နဲ့ ခံနိုင်ရည်ရှိရပါမယ်။
နောက်နေ့ဆက်ရေးပါအုံးမည်။ စောင့်မျှော်ဖတ်ရှုပေးလျှင် လွန်စွာကျေးဇူးတင်ပါသည်။
စာကြွင်း။ စာလုံးများကူညီ ပို့ပေးသော သူငယ်ချင်း KL ကျေးဇူးတင်ပါတယ်။
2 comments:
AZURE said...
ဘ၀ အ ရည် အ သွေး များ ထဲ မှာ လို အပ် နေ တာ တွေ ကို အ ခု လို တင် ပေး တာ ကို ကျေး ဇူးတင် ပါ တယ်..။ လူတိုင်း အ တွက် တကယ့် ကို ငြိမ်းချမ်း စေ မယ့် စ ကား တွေ လို့ ထင် ပါ တယ်..။ ဆက် လက် ပြီး တင် နိုင် ပါ စေ သူ ငယ် ချင်း ရေ..။
ယူဆဂိ said...
အခုလို ငါ့ကို အားပေးတဲ့ အတွက်..
ဆက်တင်သွားပါအုံးမယ်။
ကြုံရင်လည်းပြောလိုက်ပါအုံး..ဒီစကားတွေက ငါ့စကားတွေမဟုတ်ပါဘူးလို့။
အရှင်ဆန္ဒာဓိက ရဲ့ စကားလေးတွေပါလို့။
”ယူဆဂိ”