Friday, May 18, 2007

သမာဓိ အကြောင်း

သမာဓိရဲ့ အကျိုးတရားတွေ အများကြီးရှိတဲ့အထဲက ဘုရားအလောင်းတော် နှလုံးသွင်းတဲ့ဂါထာထဲမှာပါတဲ့ အကျိုးတရားက အင်မတန် နှစ်သက်စရာကောင်းပါတယ်။
န ပရံ နာပိ အတ္တာနံ၊ ၀ိဟိံသတိ သမာဟိတော

  • သမာဓိ ရှိတဲ့ သူဟာ ကိုယ့်ကိုယ်ကိုလည်း မညှဉ်းဆဲပါဘူး။
  • သူတပါးကိုလည်းမ ညှဉ်းဆဲပါဘူး။ တဲ့...
လောကမှာ ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲအောင်လုပ်နေတယ် ဆိုတာ သမာဓိ မရှိလို့ပါဘဲ။ သမာဓိမရှိတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲအောင် အမြဲလုပ်နေပါတယ်။ ဆိုလိုတာက.. သမာဓိမရှိတဲ့သူတွေဟာ အမြဲတမ်း စိတ်ညစ်နေတတ်တယ်လို့ ဆိုလိုတာပါ။
(ဒါဆိုရင်- သမာဓိမရှိသူများထဲမှာ -ယူဆဂိက ထိပ်ဆုံးကပါ :P )
လူတွေစိတ်ညစ်တယ်. စိတ်ညစ်တယ် ဆိုတာ သမာဓိမရှိလို့ပါ။သမာဓိမရှိတော့ စိတ်ညစ်စရာအကြောင်းတွေပဲ တွေးနေမိတော့တာကိုး။ သမာဓိမရှိတဲ့ သူရဲ့ စိတ်ထဲကို အတွေးတွေ အမြဲတမ်းဝင်နေတယ်။ ၀င်တော့လည်း ကောင်းတဲ့အတွေးတွေ ၀င်တာလားဆိုတော့မဟုတ်ဘူး။မကောင်းတဲ့ အတွေးတွေ ၀င်တာကများတယ်။ အတွေးများတဲ့သူဟာ အများအားဖြင့် အဆိုးတွေကိုပဲ တွေးနေမိတတ်ကြပါတယ်။

ကိုယ့်စိတ်ထဲမှာ ထားရုံနဲ့ မပြီးဘူး။ ကိုယ့်ပတ်ဝန်းကျင်ကိုပြောသေးတယ်။ အဲ့ဒီလိုဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ရဲ့ အပူတွေကူးစက်။
(KL နင်တော့ဒါဖတ်ပြီး ငါ့ကို ရီချင်မှာဘဲ.။ မှတ်ချက်...ကျမ သူငယ်ချင်းကကျမရဲ့ အပူသောကတွေကိုနားဆင်နေကျလေ)
အဲ့ဒီလိုအားဖြင့် သမာဓိမရှိတဲ့သူဟာ ကိုယ့်ကိုယ်တိုင်လည်းစိတ်ချမ်းသာအောင် မနေတတ်ဘူး။ အမြဲစိတ်ညစ်နေတယ်။ကိုယ့်ပတ်ဝန်းကျင် ကိုယ့်နီးစပ်ရာကိုလည်းပဲ စိတ်မချမ်းသာအောင် စိတ်ညစ်အောင် လုပ်တတ်ပါတယ်။

ကဲအားလုံးဘဲ.. မနေ့ကစိတ်ညစ်ညစ်နဲ့ ဆရာတော်ရဲ့  ”လောက၌အကောင်းဆုံးသောအရာ” ဆိုတဲ့စာအုပ်လေးမှာ ဒါလေးကိုဖတ်မိပြီး ကိုယ့်ကိုယ်ကိုလည်း
သြော် ငါသမာဓိမရှိတဲ့သူပါလား လို့ တွေးမိပြီးရှက်ရပါတယ်။ ဒီနေ့ကစပြီး သမာဓိ ရှိဖို့ကြိုးစားတော့မယ်။

3 comments:

AZURE said...

i'm so glad to read this post ,and i appreciate all of u posts,and i m reading ur blog everyday..,i hope that ur blog will b a cheerful one among the myanmar blogs...Be happy and wealthy and wishing for u that ur dream will b come true.!

Unknown said...

အော်..သမာဓိဆိုတာ ဒီလိုကိုး..သိဝါးပီ...ကျေးဇူးပဲ ယူဆဂိလေးရေ..:))

ယူဆဂိ said...

ကျေးဇူးတင်ပါတယ်. ဒီလို comment လေးတွေပေးတာကို...